Monday, August 4, 2014

အလွမ်းညနေခင်း (သက်ပိုင်)

အလွမ်းညနေခင်း

သုပ်သုပ်နဲ့ အလုပ်ရှုတ်နေတဲ့ လူတွေ
အကြောင်းအမျိုးမျိုး
အလုပ်အမျိုးမျိုးနဲ့
လမ်းမကြီးထက် ပျာယာခတ်နေ ။
အဲဒီအချိန်မှာ
အလွမ်းဝန်ပိနေသူတစ်ယောက်
အကျွမ်းဝင်တဲ့ ပတ်ဝန်းကျင်မှာ
နွမ်းနယ်စွာ ငေးမောနေမိတယ် ။
အဲဒါကို....
အလွမ်းညနေခင်း လို့ခေါ်မယ်။

သက်ပိုင်