ပြဿဒါးနိမိတ်နဲ့  တိတ်ဆိတ်နေတဲ့ကဗျာ (မိုးထက်အောင်)
ပြဿဒါးနိမိတ်နဲ့ တိတ်ဆိတ်နေတဲ့ကဗျာ
ဘယ်နက္ခတ်နဲ့ မှမလှပခဲ့ဘူး
အတ္တလှလှလေးတွေ ဖုံးဖိကွယ်ဝှက်
(ပြောစမ်းပါဦးဗျ...)
ကဗျာရေးတဲ့ဟောဒီ့လက်ကိုရဲရဲတွဲ
ဒါ....ငါ့ချစ်သူပါလို့ 
ခင်ဗျားပြောခဲ့ဖူးသလား
(ထပ်မေးဦးမယ်....)
ပြောရဲခဲ့ဖူး..သလား
ပတ်ဝန်းကျင်အကောင်းစားကြီးကိုတပ်မက်
သူငယ်ချင်းအကောင်းစားကြီးတွေနဲ့ ဖုန်းဆက်တမ်းဆော့စမ်းပါ
ရေပြင်အစပ်ကခုံမှာ ဘေးထွက်ပြီးထိုင်ပေးခဲ့တာ
(ခင်ဗျားမသိတာလား....)
မသိချင်ယောင်ဆောင်နေခဲ့တာလား
ဖော့ဖိနပ်အစုတ်နဲ့ ကျုပ်က စက်ရုပ်မဟုတ်ဘူး
(အရုပ်မဟုတ်ဘူး...)
ခင်ဗျားနံဘေးက
အပျင်းပြေအဆော့ခံ
ရုပ်သေးတစ်ရုပ်မဟုတ်ဘူး
(ရင်ဘတ်ပါတယ်ဗျ....)
ဟောဒီ့ခံစားတတ်တဲ့ ရင်ဘတ်ကြီးပါလာခဲ့တယ်
ခင်ဗျားခေါ်လို့ အရောက်လာခဲ့တယ်
ခင်ဗျားမနှင်ပဲ အလိုက်တသိကျုပ်ပြန်ခဲ့တယ်
ထောင်တန်အသစ်လေးတွေနဲ့ လက်သည်းကြားကဂျီးလေးတွေ
ခွာပြနိုင်ပါတယ်ဗျာ
(ဆက်လုပ်ပါ...)
အနီးကပ်ရိုက်ချိုးခံလိုက်ရတဲ့ရင်ဘတ်နဲ့ 
ရိုးကျိုးစွာနဲ့ ပဲကျုပ်အိမ်ပြန်ခဲ့ပါတယ်....
(တစ်ခါတလေ.....)
ကဗျာဆရာအသေကို
ကဗျာတွေထဲမှာတွေ့ ဖူးမှာပါ
(ပြဿဒါးနိမိတ်နဲ့....)
ကျွန်တော့်ကဗျာလေးတွေ တိတ်ဆိတ်နေခဲ့တာ
တော်တော်လေး ကြာနေခဲ့ပါပြီဗျာ...။ ။
မိုးထက်အောင်
ပြဿဒါးနိမိတ်နဲ့ တိတ်ဆိတ်နေတဲ့ကဗျာ
ဘယ်နက္ခတ်နဲ့ မှမလှပခဲ့ဘူး
အတ္တလှလှလေးတွေ ဖုံးဖိကွယ်ဝှက်
(ပြောစမ်းပါဦးဗျ...)
ကဗျာရေးတဲ့ဟောဒီ့လက်ကိုရဲရဲတွဲ
ဒါ....ငါ့ချစ်သူပါလို့ 
ခင်ဗျားပြောခဲ့ဖူးသလား
(ထပ်မေးဦးမယ်....)
ပြောရဲခဲ့ဖူး..သလား
ပတ်ဝန်းကျင်အကောင်းစားကြီးကိုတပ်မက်
သူငယ်ချင်းအကောင်းစားကြီးတွေနဲ့ ဖုန်းဆက်တမ်းဆော့စမ်းပါ
ရေပြင်အစပ်ကခုံမှာ ဘေးထွက်ပြီးထိုင်ပေးခဲ့တာ
(ခင်ဗျားမသိတာလား....)
မသိချင်ယောင်ဆောင်နေခဲ့တာလား
ဖော့ဖိနပ်အစုတ်နဲ့ ကျုပ်က စက်ရုပ်မဟုတ်ဘူး
(အရုပ်မဟုတ်ဘူး...)
ခင်ဗျားနံဘေးက
အပျင်းပြေအဆော့ခံ
ရုပ်သေးတစ်ရုပ်မဟုတ်ဘူး
(ရင်ဘတ်ပါတယ်ဗျ....)
ဟောဒီ့ခံစားတတ်တဲ့ ရင်ဘတ်ကြီးပါလာခဲ့တယ်
ခင်ဗျားခေါ်လို့ အရောက်လာခဲ့တယ်
ခင်ဗျားမနှင်ပဲ အလိုက်တသိကျုပ်ပြန်ခဲ့တယ်
ထောင်တန်အသစ်လေးတွေနဲ့ လက်သည်းကြားကဂျီးလေးတွေ
ခွာပြနိုင်ပါတယ်ဗျာ
(ဆက်လုပ်ပါ...)
အနီးကပ်ရိုက်ချိုးခံလိုက်ရတဲ့ရင်ဘတ်နဲ့ 
ရိုးကျိုးစွာနဲ့ ပဲကျုပ်အိမ်ပြန်ခဲ့ပါတယ်....
(တစ်ခါတလေ.....)
ကဗျာဆရာအသေကို
ကဗျာတွေထဲမှာတွေ့ ဖူးမှာပါ
(ပြဿဒါးနိမိတ်နဲ့....)
ကျွန်တော့်ကဗျာလေးတွေ တိတ်ဆိတ်နေခဲ့တာ
တော်တော်လေး ကြာနေခဲ့ပါပြီဗျာ...။ ။
မိုးထက်အောင်