"မနက်ဖြန်´´
သူတောင်စားခွက်ပျေက်တဲ့ဘဝနဲ့
ငါ့ရဲ့ဘဝကိုခရီးနှင်...
ရှင်သန်ခြင်းဆိုတာ
ဒုက္ခတွေအရည်ဖျော်ဖော်စပ်ထားတဲ့
ကောဖီခါးခါးတစ်ခွက်....
ငါမြိုချလိုက်တဲ့နေ့ရက်တွေက
လှပခြင်းတွေကင်းမဲ့
ပူပြင်းရှတစွာနဲ့လေ....
ဒီလိုနေ့ရက်တွေကြား
ပျော်ရွှင်ချမ်းမြေ့မှုဆိုတဲ့
ပုံပြင်ထဲကပန်းလှလှလေးတစ်ပွင့်
ငါ......
ကောက်ရိုးပုံအပ်ပျောက်ရှာ ရှာနေမိ
စိတ်ကူးယဉ်အိပ်မက်ဆိုတာ
ငါလိုတကယ်အရူးတွေအတွက်
အဓိပ္ပာယ်ရှိခြင်းပဲလေ...
"အမှောင်လွန်ရင် အလင်း
မုန်တိုင်းပြီးရင် လေညှင်းတဲ့
ငါ့ကိုငါအမောပြေရေအေး တိုက်လို့
လက်ကျန်မနက်ဖြန် ခပ်နွမ်းနွမ်းလေးတွေကို
ချိနဲ့နဲ့ခြေလှမ်းတွေနဲ့
လေးလံစွာ ငါမောင်းနှင်နေလျှက်...........။
- နောင်ရိုး{ကြောင်စာ}
သူတောင်စားခွက်ပျေက်တဲ့ဘဝနဲ့
ငါ့ရဲ့ဘဝကိုခရီးနှင်...
ရှင်သန်ခြင်းဆိုတာ
ဒုက္ခတွေအရည်ဖျော်ဖော်စပ်ထားတဲ့
ကောဖီခါးခါးတစ်ခွက်....
ငါမြိုချလိုက်တဲ့နေ့ရက်တွေက
လှပခြင်းတွေကင်းမဲ့
ပူပြင်းရှတစွာနဲ့လေ....
ဒီလိုနေ့ရက်တွေကြား
ပျော်ရွှင်ချမ်းမြေ့မှုဆိုတဲ့
ပုံပြင်ထဲကပန်းလှလှလေးတစ်ပွင့်
ငါ......
ကောက်ရိုးပုံအပ်ပျောက်ရှာ ရှာနေမိ
စိတ်ကူးယဉ်အိပ်မက်ဆိုတာ
ငါလိုတကယ်အရူးတွေအတွက်
အဓိပ္ပာယ်ရှိခြင်းပဲလေ...
"အမှောင်လွန်ရင် အလင်း
မုန်တိုင်းပြီးရင် လေညှင်းတဲ့
ငါ့ကိုငါအမောပြေရေအေး တိုက်လို့
လက်ကျန်မနက်ဖြန် ခပ်နွမ်းနွမ်းလေးတွေကို
ချိနဲ့နဲ့ခြေလှမ်းတွေနဲ့
လေးလံစွာ ငါမောင်းနှင်နေလျှက်...........။
- နောင်ရိုး{ကြောင်စာ}