Wednesday, August 6, 2014

မေးစရာလား..? ( သက်ပိုင် )

(မေးစရာလား..?)

ကျားဆိုမှတော့ အစွယ်နဲ့ပေါ့
ကိုက်တတ်သလား?
မေးစရာလား ။ ။ ။

မြစ်ဆိုမှတော့
ကွေးကောက်ကောက်ပေါ့
ဖြောင့်တန်းသလား?
မေးစရာလား ။ ။ ။

လူဆိုမှတော့ နှလုံးသားနဲ့ပေါ့
ချစ်တတ်သလား?
မေးစရာလား ။ ။ ။

သက်ပိုင်