Friday, August 8, 2014

ချဉ်ဆီပြောင်းတဲ့ ကျွန်တော့်နံရိုး --ဖူးသစ်...ရွှေမှော်ဝန်း

ချဉ်ဆီပြောင်းတဲ့ ကျွန်တော့်နံရိုး --ဖူးသစ်...ရွှေမှော်ဝန်း
___

ဖြည်းဖြည်းပေါ့...
လိုက်ကာတစ်ဖက် ချပြရုံလောက်နဲ့
ဒီပွဲက ပျက်မသွားပါဘူး...

ဒီအရပ်မို့ ဒီဇာတ်ကရလည်း
ဒီအခန်းက တန်တယ်...

ဘီးလူးဆိုင်းလေး တစ်မ နှစ်မလောက်သာဗျင်းပေး
ခေါင်းဆယ်လုံး ရှိစရာတောင်မလိုဘူး

တစ်ဖတ်သတ် ဆွေးပြီး
အသက်ပါ ထက်ပေးလိုက်ရတဲ့
ဘီးလူးတစ်ကောင်
အဲကောင်တောင်
လန့်ဖျား ဖျားသွားအောင်ကို
ငါ ချစ်ပြနိုင်တယ်...

ပောာ့... ကြည့်လေ....
ငါ့ ကိုယ်စောင့်နတ်တောင်
ငါ့ သမိုင်းတွေ ဖွက်ကုန်ပြီ...
ကျေးဇူးပြုပြီး ငါ့ အစွယ်တွေပြန်ပေးပါ...

နှင်းဆီဖူးလေးရဲ့ မဲ့ပြုံးကိုဆန်ကျင်ဖို့...
ပာန်ဆောင် လောကကြီးရဲ့
မသတီ ချင်စရာ ရုပ်လွှာကြီးကို
ငါ ခွာချချင်လို့...

အပာက်....ပြောရင်းဆိုရင်း
ရုပ်ကလေး သနားကပါးနဲ့
အဲကောင်ပေါ့.....
အဆင့်တွေတောင် ကျော်ကုန်ပြီ...

တစ်ချက်ထဲသော မြှားနဲ့တင်
ငါ့ ရင်ညွှန်းကို ခွင်းမယ်တဲ့
ကဲပါလေ ရှုံးပြီးမှတော့ ထူးမလာပါဘူး...

အရှုံးကျန်ရစ်မယ်ဆိုရင်တောင်မှ
ချစ်ပြီးမှ မုန်းသွားတဲ့ ငါ့အဖြစ်က
ဘာပဲဖြစ်ဖြစ်...
" ဒဿ "ထက်တော့ သာတယ်..❀

"ဖူးသစ်...ရွှေမှော်ဝန်း