Friday, August 8, 2014

အွန်လိုင်းချစ်သူ အပိုင်း(၃) - အယ်ပိုင်

အွန်လိုင်းချစ်သူ အပိုင်း(၃)

သူရယ်..
ကွန်နက်ရှင်အတက်အကျမှာ
ဝေဒနာတွေကတဖြည်းဖြည်း
ရင့်လာခဲ့ပြီ...

သူနဲ့အိပ်မက်ချိုချိုတစ်ခွက်ကို
အတူတူသောက်သုံးဖို့
အိပ်မပျော်တဲ့ညများစွာကို
ကိုယ်တို့..အဆိပ်ခတ်ခဲ့ရတယ်နော်...

နတ်ဆရာကဖော်စပ်ပေးတဲ့
အတိတ်မေ့ဆေးက
သူ"ရဲ့စကားတစ်ခွန်းလောက်
မစွမ်းခဲ့ဘူး...
"ဘယ်တော့မှမမေ့ကြေး"တဲ့လား...!

မေ့ချင်တာတောင်မှမေ့မရတဲ့စိတ်က
သူ"ဖန်းဆင်းခဲ့တယ်ဆိုရင်...
၁၀-ရာစုက မှော်ဆရာတွေအားလုံး
သူ"ရဲ့ရှေ့မှာ ဒူးထောက်ကြလိမ့်မယ်..

ဗျတ္တလိုပန်းဆက်သတဲ့ခေတ်က
Date အောက်သွားပြီဆိုပေမဲ့...
ကိုယ်လည်း..ကဗျာပန်းတွေနဲ့
သူ"ရဲ့ညတွေကို လှစေချင်နေဆဲ..

သူရယ်..
အဖြေတစ်ခုခုတော့ပေးပါတော့လား..
ဘာတွေကိုတွေးကြောက်ပြီး
ရှက်နေတာလဲ...?
တိမ်တွေကြားကချောင်းကြည့်နေတဲ့
ကြယ်တွေကိုရှက်နေတာလား...?
အမှောင်ထုမှာပုန်းကွယ်နေတဲ့..
ဝိညာဉ်စုကိုရှက်နေတာလား..?

ဘာကိုမှရှက်မနေနဲ့သူရယ်..
ရှေ့ကိုဆက်ဖို့ စကားသက်သေက
သူတို့တိုင်တည်ပေးကြမှာ..
ပြောရမှာခက်နေရင်..
တို့နှစ်ယောက်...
အလွမ်းတွေကိုရွက်ပြီး..
အွန်လိုင်းချစ်သူ..အပိုင်း(၄)ကို
ဆက်တွေးကြရအောင်...
ဒါမှမဟုတ်​..ဆက်ရေးကြရအောင်...

အယ်ပိုင်(အင်းလေး)
အပိုင်း(၄) မျှော်....