Friday, August 8, 2014

အွန်လိုင်းချစ်သူ အပိုင်း(၂ ) - အယ်ပိုင်

အွန်လိုင်းချစ်သူ အပိုင်း(၂ )

သူရယ်
ဘေလ်လက်ကျန်၂၀ဝ ကျပ်နဲ့
အလွမ်းတွေကို ဈေးကြီးပေးပြီး
ဝယ်လိုက်ရသလို...
ရင်ထဲမှာတဆစ်ဆစ်နာနေတယ်

ကွန်နက်ရှင်မကောင်းလို့
မိုးရွာတဲ့ညကပေါ့...
နှလုံးသားက သူ"ကိုလွမ်းတဲ့စိတ်နဲ့
စိုစွတ်နေခဲ့တာ.....
(ထွက်သက်ဆုံးသည့်အထိ
ခမ်းခြောက်မယ်မထင်မိဘူး"သူ)

ခပ်ကြမ်းကြမ်းလေရိုင်းတွေကြောင့်
အရပ်လေးမျက်နှာကရောပါလာတဲ့
အလွမ်းငွေ့တွေက...
ကိုယ့်နှလုံးသားနုနုကို
လေးလှိုင်းထဲမှာ
ကုတ်ခြစ်သွားတယ်...

မကြာသေးခင်ကရင်းနှီးခဲ့တဲ့
အချိန်တွေကို...
အတိတ်လို့ကိုယ်မဆိုချင်သေးဘူး.."သူ
ဘာဖြစ်လို့လဲ..ဆိုရင်..
သူနဲ့..စကားပြောလို့
အားကုန်သွားတဲ့ဘက်ထရီတောင်မှ
ခုချိန်ထိအားသွင်းလို့မှ မပြည့်သေးပဲ

ဆုံတွေ့နိုင်ဖို့ကဝေးနေသေးသလို....
ကြမ္မာလေအဝှေ့မှာလည်း
မေ့ပစ်ဖို့ကမဖြစ်နိုင်သေးဘူး"သူရယ်

အယ်ပိုင်