Friday, August 8, 2014

အွန်လိုင်းချစ်သူ အပိုင်း(၁) -အယ်ပိုင်

အွန်လိုင်းချစ်သူ အပိုင်း(၁)

Hi..ဆိုတဲ့
နှလုံးသားထဲကသင်္ကေတတစ်ခုနဲ့
မရင်းနှီးသေးတဲ့နံပါတ်တစ်ခုကို
နှုတ်ဆက်ဖို့ ငါ့လက်တွေ
အရမ်းသွက်နေခဲ့တယ်....

ယူကဘယ်သူလဲ..!တဲ့
ဒုတိယစကားတစ်ခွန်းက
တခါတခါနှလုံးသားကို
လာရိုက်ခတ်တယ်..

မမြင်ဖူးတဲ့ပုံရိပ်တစ်ခုပေါ်မှာ..
ငြိတွယ်မိတဲ့သံယောဇဉ်က
အရမ်းဖြူစင်လွန်းခဲ့ပါတယ်
ဖုန်းကိုကောက်ကိုင်မိတဲ့အခါတိုင်း
အသိစိတ်ထဲပထမဆုံးဝင်လာတာက
သူပေါ့....

လွမ်းလိုက်တာ......
ဘာကိုလွမ်းရမယ်ဆိုတာ
နှလုံးသားက ပဟေဠိတွေများစွာနဲ့...

အယ်ပိုင်...(အင်းလေး)