Friday, August 8, 2014

အခြားမဲ့၌ကား ( ချစ်ဦးညို )

ငါ၏နှလုံးသည်းပွတ်မှဖြစ်သော
ကြီးမားသော ချစ်မေတ္တာကို၎င်း
ကြီးမားသော သနားခြင်း ကရုဏာကို၎င်း
ကြီးမားသော ဝမ်းမြောက်ခြင်း မုဒိတာကို၎င်း
ငါသည် ပေးဆပ်ခဲ့ပြီ။
သို့သော်....
ငါ့နှလုံးသားကို သူ ပုတ်ခတ်ရက်ပေ၏
အခြားမဲ့၌ကား....ငါသည်...

" ချစ်ဦးညို }

( ဥပေက္ခာဒေဝီ
စာအုပ်မှ )