တွေးရုံကလွဲပြီး သရုပ်ဖော်လို့မရတဲ့ ပုံပြင်
အလွမ်းဟာ ကိုယ့်ရင်ထဲကိုမှ
မျက်ရည်လို ပိုးပိုးပေါက်ပေါက်ကျ။
ကြယ်ပန်းကလေးတွေ ခူးထားတယ်
ကိုယ် ဘာလုပ်ရမှာလဲ။
သူ့နာမည်ပါတဲ့သီချင်းတွေ ဆိုဖြစ်တယ်
ကိုယ် ဘာလုပ်ရမှာလဲ။
မလှုပ်မယှက်နေပြီး သူ့ဆီအပြေးအလွှားသွားဖြစ်တယ်
ကိုယ် ဘာလုပ်ရမှာလဲ။
ကိုယ့်ဆက်သွယ်မှုဧရိယာထဲမှာ သူမှမရှိဘဲ
ဒါမှမဟုတ်..
သူ့ခေါ်ဆိုမှုစာရင်းထဲ ကိုယ့်ကိုမှတပ်ဆင်မထားဘဲ
ကိုယ်
ဘာများလုပ်နေရမှာလဲ။
အချစ်ရာ.. လွမ်းတယ်
အသိစိတ်ရဲ့အပြင်ကို ဖောက်ထွက်သွားချင်တယ်။
အချစ်ရာ.. လွမ်းတယ်
ဇစ်ပိုမီးခြစ်တစ်လုံးလို လွယ်လွယ်ကူကူ ဝယ်သိမ်းထားချင်တယ်။
အချစ်ရာ.. လွမ်းတယ်
ဟောသည် တစ်ခေတ်လုံးကြားအောင် အော်လိုက်ချင်တယ်။
ပြောရဲတယ်.. ရဲရင့်အောင်ကို သနားတယ်
ကိုယ်ဟာ လွမ်းလွန်းလို့
အလွမ်းဟာ ပူလွန်းလို့
အဝီစိအထိရောက်သွားနိုင်တယ်။
- သူရဿဝါ -
၇ - နိုဝင်ဘာ - ၂၀၁၃