(ဆရာတာရာမင်းဝေရဲ့ “ရှင်ကွဲ” ဆိုတဲ့ကဗျာလေးဖတ်ခဲ့ဖူးတယ်၊ သိပ်လည်း ကြိုက်ခဲ့တယ်။ အဲဒီခေါင်းစဉ်ကို ရူးရာကစပြီး ဘယ်လိုမှ မနေနိုင်တဲ့အဆုံး “ရှင်ကွဲ” ဆိုတဲ့ခေါင်းစဉ်ကလေးပဲပြန်ပေးပြီး ကဗျာတစ်ပုဒ်ရေးဖြစ်ခဲ့တယ်။ အဲဒီအချိန်ကလည်း ဆရာ့ရဲ့ စကားပြေ၊ စကားပြော၊ ကဗျာအရေးအသားဟန် .. အဲဒါတွေကကိုယ့်အပေါ်အရိပ်လိုကျနေခဲ့တာဆိုတော့ “ရှင်ကွဲ” ကို ကိုယ့်ဟာကိုယ် ပြန်ရေးတော့လည်း အဲဒီလိုပုံစံမျိုးပဲ ပြန်ထွက်လာတာပါပဲ။ (၂၀၀၉) လောက်က ရေးဖြစ်ခဲ့တာပါ။)
ရှင်ကွဲ
- သူရဿဝါ -
.“ဝေးကြပြီကောကွယ်” တဲ့
အပူတစ်ထပ် အအေးတစ်ထပ်နဲ့
တဖြည်းဖြည်း ပြဇာတ်ဆန်လာပါတော့တယ်။
“.. .. .. .. ..”
ခဏတာအသံလေးကိုပဲ
အလွမ်းမြို့ထဲပစ်ထည့်
ကိုယ်.. အံကြိတ်တတ်ခဲ့ပြီ။
ဖြစ်နိုင်မယ်ဆိုရင်
ကောင်မလေးရယ်..
ခနဲ့တဲ့တဲ့ ပြုံးရွဲ့ညိုမဲ
ပြီးခဲ့သော ပြက္ခဒိန်တွေကို ဆုတ်ဖြဲပေးပါ။
ဂုမ္ဘာန်တစ်ထောင်တံခါး
အသူတစ်ရာချောက်ကမ္ဘား
ခြောက်ခြားပူခြစ်မီးလျှံများ
အဲဒီနိမိတ်ပုံတွေကြားကနေ
မင်းလက်ကလေးကို ကိုယ့်ဆီဆွဲမယူရက်ခဲ့ဘူး။
သေချာပါတယ်
မပွင့်ခဲ့ မဖူးခဲ့ ၀တ်မှုန်လည်းမကူးခဲ့။
ဘယ်နေရာကြည့်ကြည့်
အသံတွေချည်းသက်သက် တမ်းတခိုတွဲ
ရှင်ကွဲ။
- သူရဿဝါ -
၁၂ - ဖေဖော်ဝါရီ - ၂၀၀၉
ရှင်ကွဲ
- သူရဿဝါ -
.“ဝေးကြပြီကောကွယ်” တဲ့
အပူတစ်ထပ် အအေးတစ်ထပ်နဲ့
တဖြည်းဖြည်း ပြဇာတ်ဆန်လာပါတော့တယ်။
“.. .. .. .. ..”
ခဏတာအသံလေးကိုပဲ
အလွမ်းမြို့ထဲပစ်ထည့်
ကိုယ်.. အံကြိတ်တတ်ခဲ့ပြီ။
ဖြစ်နိုင်မယ်ဆိုရင်
ကောင်မလေးရယ်..
ခနဲ့တဲ့တဲ့ ပြုံးရွဲ့ညိုမဲ
ပြီးခဲ့သော ပြက္ခဒိန်တွေကို ဆုတ်ဖြဲပေးပါ။
ဂုမ္ဘာန်တစ်ထောင်တံခါး
အသူတစ်ရာချောက်ကမ္ဘား
ခြောက်ခြားပူခြစ်မီးလျှံများ
အဲဒီနိမိတ်ပုံတွေကြားကနေ
မင်းလက်ကလေးကို ကိုယ့်ဆီဆွဲမယူရက်ခဲ့ဘူး။
သေချာပါတယ်
မပွင့်ခဲ့ မဖူးခဲ့ ၀တ်မှုန်လည်းမကူးခဲ့။
ဘယ်နေရာကြည့်ကြည့်
အသံတွေချည်းသက်သက် တမ်းတခိုတွဲ
ရှင်ကွဲ။
- သူရဿဝါ -
၁၂ - ဖေဖော်ဝါရီ - ၂၀၀၉