လက်သန်းကလေးပေးပါ....
ချစ်ခြင်းမေတ္တာ ပြန်ပေးပါ့မယ် -(သူရဿဝါ) -
မင်းလက်ကိုင်ပဝါ ထောင့်စွန်းမှာ
ချည်နဲ့ထိုးထားတဲ့ အမှတ်အသားစာလုံးဟာ
ကိုယ်ဖြစ်ပါစေ.... ခင်
ကိုယ်က ရုပ်သံအစီအစဉ်မဟုတ်တော့
ချစ်တဲ့စိတ်ကို Remoteနဲ့
ပိတ်လို့လည်းရမှာမဟုတ်ဘူး
အခု စိတ်ကြွရောဂါဖြစ်နေ
ကိုယ်လည်း ရလေ လိုလေ
ဒါပေမဲ့...မင်းနဲ့ကျမှ အိုချင်တဲ့တစ္ဆေ
အလွမ်းဖျားတော့ အလွမ်းကနာသတဲ့
တသသ ကိုယ့်နှုတ်ခမ်းကိုယ် ပွတ်သပ်လိုက်တဲ့အခါ
နင့်နာမည်လေး ဝေ့တက်လာ
ဖိနပ်ကြီးတကိုင်ကိုင်လုပ်ပြီး
တစ်မြို့လုံးအနှံ့လျှောက်မရှာချင်ဘူး
ဒါပေမဲ့ ဇာတ်သိမ်းမှာ စင်ဒရဲလားနဲ့ တွေ့ချင်တယ်
အစောဆုံးလာပါ
နောက်ဆုံးမှပြန်ပါ
မျက်စောင်းထိုးပါ စိတ်ကောက်ပါ
ပြီးရင်တော့
လက်သန်းကလေးပေးပါ
ချစ်ခြင်းမေတ္တာ ပြန်ပေးပါ့မယ်။
၁၅ - ဇူလိုင် - ၂၀၁၃
ချစ်ခြင်းမေတ္တာ ပြန်ပေးပါ့မယ် -(သူရဿဝါ) -
မင်းလက်ကိုင်ပဝါ ထောင့်စွန်းမှာ
ချည်နဲ့ထိုးထားတဲ့ အမှတ်အသားစာလုံးဟာ
ကိုယ်ဖြစ်ပါစေ.... ခင်
ကိုယ်က ရုပ်သံအစီအစဉ်မဟုတ်တော့
ချစ်တဲ့စိတ်ကို Remoteနဲ့
ပိတ်လို့လည်းရမှာမဟုတ်ဘူး
အခု စိတ်ကြွရောဂါဖြစ်နေ
ကိုယ်လည်း ရလေ လိုလေ
ဒါပေမဲ့...မင်းနဲ့ကျမှ အိုချင်တဲ့တစ္ဆေ
အလွမ်းဖျားတော့ အလွမ်းကနာသတဲ့
တသသ ကိုယ့်နှုတ်ခမ်းကိုယ် ပွတ်သပ်လိုက်တဲ့အခါ
နင့်နာမည်လေး ဝေ့တက်လာ
ဖိနပ်ကြီးတကိုင်ကိုင်လုပ်ပြီး
တစ်မြို့လုံးအနှံ့လျှောက်မရှာချင်ဘူး
ဒါပေမဲ့ ဇာတ်သိမ်းမှာ စင်ဒရဲလားနဲ့ တွေ့ချင်တယ်
အစောဆုံးလာပါ
နောက်ဆုံးမှပြန်ပါ
မျက်စောင်းထိုးပါ စိတ်ကောက်ပါ
ပြီးရင်တော့
လက်သန်းကလေးပေးပါ
ချစ်ခြင်းမေတ္တာ ပြန်ပေးပါ့မယ်။
၁၅ - ဇူလိုင် - ၂၀၁၃