Sunday, August 10, 2014

ရာဇဝင် ပြန်ကြည့် နေမျိုးသာကီ(မြို့မ)

(ရာဇဝင် ပြန်ကြည့်)

အနောက်ဒေသ မဇ္ဈိမဝယ်
လွန်စွ သာသနာ ထွန်းလင်းသာလည်း
ဘာကြောင့် သာသနာ ကွယ်ရှာသနည်း?

အရှေ့တောင်မည်တွင် တို့ဝန်းကျင်မှ
သုဝဏ္ဏမည် ရွှေတိုင်းပြည်လည်း
ဘာကြောင့်သာသနာ ကွယ်ရှာသနည်း?

ငါတို့သာနေ ငါတို့ပြည်ကား
မနေမနား လွန်ကြိုးစားလည်း
ကျန်ငြားသာသနာ ကျန်ကောင်းရာတည့်
ဒို့ဘိုးဒို့ဘွား ဒို့မျိုးများတို့
ဒို့သာသနာ လွန်ရှည်ကြာအောင်
လွန်စွာကြိုးကုတ် စွမ်းအားထုတ်၍
မယုတ်စေရေး မျှော်ချင့်တွေးကာ
မာန်သွေးမြေခ လုပ်ဆောင်ကြလည်း
ဒို့မှသာသနာ ကျဆင်းပါမူ
ဒို့မှအမျိုးများ ပျက်ဆီးပါမူ
ငါတို့လူသား အမည်များကား
ရှိငြားသမိုင်း လွန်စွာရိုင်းလို့
ခါးလိမ့်မည်.....

နေမျိုးသာကီ(မြို့မ)