Sunday, August 10, 2014

အလွမ်းတော် (ရွှေကွန်း)

"ရင် တွင်း ပုန်း"

မထင်ခဲ့ဘူး.....
ရင်တစ်ခုလုံးစူးသွားမှ
ငါရူးနေတာ အချစ်ဖြစ်ခဲ့....။

အမှတ်တမဲ့ နေခဲ့ခြင်းက
တစ်ရက်တစ်ရက် အနေခက်
အလွမ်းလက်စာမိသွားပြီ...

လွမ်းတတ်လာမိပြီခင်...
မသိအောင်ပြု
မမြင်အောင် လွှဲခဲ့ခြင်းက
ရင်တစ်ခုလုံးအတွက်
ဒဏ်ရာအဖြစ်တော့'ဥ'နေခဲ့....

ခုနေတဲ့ဝေဒနာက
စေရာမဲ့နေတော့
တခါတရံအလွမ်းအဖြစ်
နေမရအောင်ထင်တိုင်းကြဲ...

ရင်သိုင်းနှလုံးသား
အပေါ်ကြွေကျ
ဖြေမရအောင် ဖမ်းစားနေတဲ့
မင်းနှုတ်ခမ်းပါးနဲ့ မျက်ဝန်းတွေက
အိပ်မက်အဖြစ် ဖန်ဆင်းပေးကာ
တစ်ခါတစ်ရံ အထိတ်တလန့်တွေနဲ့
တစ်ခါတစ်ရံညဥ့်နက်စေခဲ့...။

အလွမ်းတော် (ရွှေကွန်း)