Friday, August 8, 2014

အချစ်ဦး-သို့.....( စိုင်းဟေမာန် )

အချစ်ဦး-သို့.....

မဆုံနိုင်တဲ့ မြစ်နှစ်စင်း
ဝေးပါစေဆိုတဲ့အသိနဲ့
ငါ့နှလုံးသားရဲ့ လိုအင်တွေကို
ငါအကြိမ်ကြိမ် ထိန်းချုပ်ထားမိတယ်
လောင်ချိုင့်တွင်းက ငှက်ပမာ
ရင်တွေလည်း အခါခါနာလို့ပေါ့
နာကျင်မှု့ ဒဏ်ရာကို
ကြေညာကာပြရရင်
ဒီရင်ခွင် ဗဟိုထက်က
နှလုံးအိမ် တနေရာမှာပေါ့
အတွေးတိုင်းမှာလည်း သူ မပါ မပြီး
သံယောဇဉ်သက္ကရာဇ်က
ရက်-လတွေကို
တွက်ပြလို့မရလောက်အောင်
ချည်နှောင်ထုံးဖွဲ့ ရစ်ပတ်ထားလို့ပဲ
အချစ်ဦး--လေးရယ်

(ရင်တွင်းဖြစ်) စိုင်းဟေမာန်