Friday, August 8, 2014

အဝေးရောက်သားတစ်ယောက်ရဲ့ ရင်ထဲကအလွမ်း (နှင်းဆီဝိုင်)

''အဝေးရောက်သားတစ်ယောက်ရဲ့
ရင်ထဲကအလွမ်း''

ဘဝက တိုပေမယ့် အတိတ် အထိုထိုကို
မျှော်ငေးကြည့်ယုံ မဆိုထားနှင့်
တွေးကြည့်ယုံတင် ကြောက်မိပါတယ်
အမေ . . . . . . . .

''အမေ''
သားဆိုးတိုင်းလည်း
မပစ်ရက်ပါဘူးတဲ့လား . . .

''အဖေ''
သားမိုက်တိုင်းလည်း
မုန်းမရပါဘူးတဲ့လား . . .

နောင်တဆိုတာ နောင်မှရလို့
ခါးသီးမှန်းလည်း သိခဲ့ပါပြီ . . .

မှားခဲ့တာတွေ ဝန်ချတောင်းပန်
ဒူးထောက်ရင်တောင်
ကျေအောင်ဆပ်နိုင်ပါရဲ့လား ?
တွေးရင်းကတောင်ပူလောင်
သားမျက်ရည်စို့မိနေတုန်းပဲ . . .

ဆုတောင်းတိုင်းသာ ပြည့်နိုင်ပါရင်
အဝေးရောက်သား ရေနည်းငါးသို့
တမ်းတသောကြောင့် မိဘတို့အဝေး
ဆက်ပြီးမနေချင်တော့ဘူး
အမေ နဲ့ အဖေ

ကျေးဇူးမကျေနေပါစေ အမေ
နွေးထွေးမှုပြည့် မိသားစုလေး
ပြန်တည်ဆောက်လို့
တိုင်းတစ်ပါးရဲ့ ရင်ခွင်ကိုခွဲ
အဖေတို့လောင်းရိပ်အောက်ပဲ
ပြုစုရင်းကအေးချမ်းစွာနဲ့
ပြန်ခိုလှုံခွင့်လေးပဲ
ရချင်ပါတော့တယ်လေ....
အဖေနဲ့အမေ
သားဆုံချင်နေပြီလေ . . . .

Rosy Wine