Friday, August 8, 2014

ချစ်သူသိစေ... (MMO)

ကောင်မလေး.......ရယ်
ငါနဲ့ဟိုးအဝေးကြီးမှာ ရှိနေတဲ့မင်းကို
မျော်လင့်နေမိတာဟာ
ငါ့ရဲ့ရူးမိုက်တဲ့ အနာဂတ်တစ်ခုများ
ဖြစ်နေမလား.....
ဖွေးဖွေးလေးနဲ့အမြဲမွေးနေမယ့်
မင်းပါးလေးပေါ်ငါအနမ်းတွေ
လွင့်ခြွေချင်မိနေတာ
အတ္တဆန်တဲ့ စိတ်ကူးတစ်ခုများ
ဖြစ်နေမလား.....
မင်းရဲ့ဆံကေသာလေအဝှေ့မှာ
ကြွေဆင်းခဲ့ရတဲ့ငါ့နှလုံးသားအတွက်
မင်းရဲ့လှလှပပအပြုံးလေးတစ်ပွင့်ကို
နှစ်သိမ့်ဆုအဖြစ် မပိုင်ဆိုင်သင့်ဘူးလား
ကောင်မလေးရယ်....
ငါ့ဘဝကအရောင်းတွေမလင်း
ဘယ်အရာမှမဆောင်ကျဉ်းခဲ့ပေမဲ့
မင်းကိုချစ်တဲ့ချစ်ခြင်းနဲ့
အမှောင်ကိုခွင်းခဲ့တာပါ
ကောင်မလေးရယ်
မင်းသိနိုင်ပါ့မလားငါမင်းကို
အရမ်းချစ်တယ်ဆိုတာကိုပေါ့

MMO