Sunday, August 10, 2014

အမေ - (ကောင်းကင်)

ဇရာဖုံးရင်တောင်.....
အချစ်မဆုံသေးတဲ့ အမေက
ပြုံးပြုံးလေးဖြင့် သားသ္မီးကလေးကို
ရှာကြံလို့ကျွေး ကျောင်းထား
ပေးခဲ့သေးတယ်နော် မေမေ

ဇရာလက် ခြေဖြင့် တောင်ယာခင်းဝယ်
နေ့စဉ်ခရီးဆက် အပြုံးမပျက်တဲ့
မေတ္တာရှင်မေမေက သားသ္မီးလေးကို
ကျောင်းဝတ်စုံဆင် လှစေချင်ခဲ့သေးတယ်

ဪ...မေမေ
ဇရာဖမ်းလို့ ကိုယ်ခန္ဓာနွမ်းပေမယ့်
မေတ္တာမခန်းတဲ့ အမေကဖြင့်
လောကအလယ် မျက်နှာငယ်ချင်
ငယ်ပါစေတဲ့ ငါ့သား,ငါ့သ္မီးများ
ပြုံးပန်းတွေ အကြိမ်ကြိမ်ဝေရင်
ငါကျေနပ်တယ်တဲ့ ပာဲ့ ---လို့
ကြွေးကြော်ဝင်ကြွား မေတ္တာထားခဲ့တယ်နော်
ချစ်မေမေ

(ကောင်းကင် )
ချစ်သောမေမေ နေကောင်းပါစေ....