Sunday, August 10, 2014

သားကြီး

သားကြီး

မီးပျက်လို့လမ်းအမှောင် ချ
ဓာတ်မီးဆောင်ဖို့ သတိရသလို
ဒုက္ခတွေထိုးစစ်ဆင်လာမှ
မိသားစုရဲ့အာမခံ တံတိုင်းကြီးကို
လွမ်းတယ်...

လွယ်အိပ်ပြောင်းလွယ်ခဲ့ပေမဲ့လဲ
ပခုံးချင်းကခြားနားလွန်းလို့
အခါးများတဲ့ ဘဝအရသာကို
လျှာအလိုမတူပဲ ခံတွင်းတွေ့ခဲ့ရ...

ညမှောင်တာထက် ကြယ်ရောင် ပါ
မလင်းလက်တာ အဆိုးဆုံးပါပဲ...

မလှမ်းရဲ,လှမ်းရဲနဲ့
မိသားစုအားလုံးအတွက်
အများသုံး လမ်းအတိုင်း
လှိုင်းစီးခဲ့ရပေါ့....