Saturday, August 9, 2014

ချစ်နေလျက်ပါ........( ကိုပိုက်-ကမာမြေ )

ချစ်နေလျက်ပါ........

ပင်ယံထက်လည်း မွှေးနေဆဲ
ကြွေကာခြောက်လည်း မွှေးနေဆဲ
ပင်ယံနဲ့မြေဝေးကွာနေလည်း မွှေးနေဆဲ
ကြွေကာနွမ်းခြောက်
မြေသို့ရောက်လည်း
ခရေမနောသူ့သဘောကား
ရနံ့မပျက်မွှေးနေလျှက်
ခရေပမာကိုယ့်သစ္စာကား
ဝဠာပျက်သုန်း ကမ္ဘာဆုံးလည်း
အမုန်းမဖက်ချစ်နေလျှက်..

ကိုပိုက်(ကမာမြေ)