ရင်ခွင်ပျောက်ဆုံးသူ
ရင်အတွင်းမှာ နေအစင်းတစ်ရာ
ပူခဲ့ပါပြီ အမေ ...
ကသုတ်ကရက် နှုတ်မဆက်ပဲ
ခွဲခွာသွားချိန် ဗုဒ္ဓ ဟောကြား
မမြဲခြင်းတရားကို သတိနှင့်ယှဉ်
ဆင်ခြင်ဖို့မေ့လျော့ နွမ်းပျောခဲ့ ခန္ဓာ
နှလုံးသား ပြာကျခဲ့ပါတယ်...
အော်တဲ့အခါအော် ပျော်တဲ့အခါပျော်
အေးအတူပူအမျှ အတူနေကာလတွေကို ဘယ်လိုစွမ်းအားများနဲ့
မေ့ထားနိုင်ပါ့မလဲ...
အမေ့ရဲ့အသံ အမေ့ရဲ့သဏ္ဍာန်
အမေ့ပုံရိပ်တွေလိုက်ဖမ်း
ရူးနှမ်နေရတဲ့အဖြစ်
သစ်ပြီးရင်းသစ်နေတဲ့
ဝေဒနာတွေပါ...
ဒီဘဝမှာ အမေ့ရင်ခွင်ရိပ်
ခိုဝင်အိပ်စက်ဖို့ အခွင့်ငယ်မသာ
အခါရယ်မရှိ ဒီအသိတွေကြောင့်
မျိုသိပ်မရ ယိုဖိတ်ကျလာတဲ့
မျက်ရည်တွေနဲ့ ရင်တွင်းမှာ
နေအစင်းတစ်ရာ ပူဆဲပါ အမေ ...
( ထပ်တူခံစားနိုင်ပါစေ... )
ရင်အတွင်းမှာ နေအစင်းတစ်ရာ
ပူခဲ့ပါပြီ အမေ ...
ကသုတ်ကရက် နှုတ်မဆက်ပဲ
ခွဲခွာသွားချိန် ဗုဒ္ဓ ဟောကြား
မမြဲခြင်းတရားကို သတိနှင့်ယှဉ်
ဆင်ခြင်ဖို့မေ့လျော့ နွမ်းပျောခဲ့ ခန္ဓာ
နှလုံးသား ပြာကျခဲ့ပါတယ်...
အော်တဲ့အခါအော် ပျော်တဲ့အခါပျော်
အေးအတူပူအမျှ အတူနေကာလတွေကို ဘယ်လိုစွမ်းအားများနဲ့
မေ့ထားနိုင်ပါ့မလဲ...
အမေ့ရဲ့အသံ အမေ့ရဲ့သဏ္ဍာန်
အမေ့ပုံရိပ်တွေလိုက်ဖမ်း
ရူးနှမ်နေရတဲ့အဖြစ်
သစ်ပြီးရင်းသစ်နေတဲ့
ဝေဒနာတွေပါ...
ဒီဘဝမှာ အမေ့ရင်ခွင်ရိပ်
ခိုဝင်အိပ်စက်ဖို့ အခွင့်ငယ်မသာ
အခါရယ်မရှိ ဒီအသိတွေကြောင့်
မျိုသိပ်မရ ယိုဖိတ်ကျလာတဲ့
မျက်ရည်တွေနဲ့ ရင်တွင်းမှာ
နေအစင်းတစ်ရာ ပူဆဲပါ အမေ ...
( ထပ်တူခံစားနိုင်ပါစေ... )