Wednesday, August 6, 2014

ပြန်ဆုံချင်ပြီ (ရင်တွင်းဖြစ်)စိုင်းဟေမာန်

(ပြန်ဆုံချင်ပြီ)

ဆုံဆည်းခွင့်မပြုတဲ့
ကံကြမ္မာတံခါးမှူး လက်အောက်မှာ
ဒူးထောက်ကာ သနားခံရတဲ့
အချစ်ကြီးသူတစ်ယောက်ရဲ့
အဖြစ်ဆိုးလေဟာ...
ရင်နာဖွယ် မည်မျှကောင်းသနည်း
စာနာ နားလည်ပါ...
အားငယ်တဲ့ အခါတိုင်း ကျမျက်ရည်
တသွင်သွင်စီးသူဘဝမို့
အချစ်နောက်ကွယ်က
အသဲကွဲမင်းသားလိုတောင်
ပတ်ဝန်းကျင်မှ ဝေဖန်ချက်ခံခဲ့ရတယ်...
ပတ်ဝန်းကျင်ရဲ့ အသိုက်အိမ်ကို
တကယ်ချစ်တဲ့စိတ်နဲ့ ဖြိုပစ်ချင်တယ်
ကူညီလှည့်ပါ ကံကြမ္မာရယ်
ဆုံဆည်းခွင့်လေးပေးပါတော့

(ရင်တွင်းဖြစ်)စိုင်းဟေမာန်