Wednesday, August 6, 2014

ငါ့အသိ ငါကြည့်ခြင်း ( မောင်နန္ဒ{ဓနုမြေ} )

"ငါ့အသိ ငါကြည့်ခြင်း}

လောကကြီးအလယ်
ငါ့နေရာဟာ ကျဉ်းမြောင်းတယ်...။
ဟိုနားကလောဘ ဒီနားကသောကတွေနဲ့
အဆုံးမသတ်နိုင်တဲ့ တဏှာတွေကြား
ငါပျော်မွေ့နေတာလား?
စဉ်းစားပါ!
အရာရာဟာမတည်မြဲ "ငါ"ဆိုတဲ့
အစွဲကိုလဲ ဒီဘဝထဲပဲ
ချွတ်နိုင်အောင် ကြိုးစားပါ....။

မောင်နန္ဒ{ဓနုမြေ}