Monday, August 4, 2014

ချစ်​နှမသို့..... သူ့ရှင်​{က​လေး}

ချစ်​နှမသို့.....
:-* :-* :-* :-* :
ဒေါသ​တွေ ​ရှေ့ထား၍
ပြောပါနဲ့ စကားကို
မှားလိမ့်​မယ်​ ကု​ဋေ​ဆို
ပိုမယ်​ကို ထင်​ဘူး ..။

နှုတ်​ခမ်းရယ်​ စူကြီးနဲ့
နီညိုကျင်​ မျက်​နှာကြီးမို့
ကာလာ​တွေ ဘယ်​လိုလူး
လှမယ်​လဲ မထင်​ဘူး ​မေ ..။

ဂုဏ်​မာန​ထောင်​လွှား
ထင်​​သေးတဲ့ စိတ်​ထားနဲ့
ဘာ့​ကြောင့်​များလူကိုကြည့်
မုန်းမိလိမ့်​တကယ်​ ...။

မူယာကြွယ်​ ချစ်​နှမ
အ​မောက်​က​လေး တပြပြနဲ့
မြူပါနဲ့ကွယ်​ ...မင်းရင်​ဝယ်
တကယ်​မြှား​တွေ ဆူးမှဖြင့်
ကြင်​နာစွာနှုတ်​ကာ​ပေးမယ့်​သူ
မရှိမှာစိုး ..​နော်​.....
တစ်​​ယောက်​ထဲ
နွှဲရမှာစိုး .....။

မေတ္တာများဖြင့်​ ..
သူ့ရှင်​{က​လေး}