Monday, August 4, 2014

ချစ်စကားလေး (Zarni)

ချစ်စကားလေး

အေးမြမှုတွေနဲ့ပုံဖော်
သမုဒ္ဒရာအထက်မှာ ပန်းချီဆွဲပြီး
ချို ကိုချစ်တယ်လို့ရေးလိုက်ချင်တယ်
ကောင်းကင်ရဲ့ အလှကိုမှီလို့
ဘဝရဲ့အနာဂတ်ကို ယုံကြည်ပြီး
မဟာပထဝီ မြေကြီးရဲ့အထက်မှာလည်း ပန်းချီဆွဲပြီး ချိုကိုချစ်တယ်လို့
ရေးလိုက်ချင်သေးတယ်
ပင်လယ်ပြာ သမုဒ္ဒရာလိုင်းခတ်သမျှ လိုင်းတံပိုး အထက်မှာလည်း
ပန်းချီဆွဲ နှစ်ဦးသား လက်ချင်းတွဲပြီး ချက်ချင်းပဲ ချိုကို ဖွင့်ပြလိုက်ချင်တယ် ကောင်းကင်မှာ လသာလို့
ပတ်ဝန်းကျင်မှာ ကြယ်ကြွေခိုက် ခုနှစ်စင်ကြယ်ရဲ့ အလှကိုမှီလို့
အေးမြတဲ့ လပြည့်ညမှာ
ရင်ထဲက ချိုအတွက် ချစ်တဲ့စကား အများအများပဲ ဖွင့်လိုက်ရေးလိုက်ချင်တယ် နှလုံးသားမှင်ရေတွေနဲ့ပေါ့ ချို

Zarni