Monday, August 4, 2014

ကိုယ်ရွေးချယ်ခဲ့တာပါ MMO

ကိုယ်ရွေးချယ်ခဲ့တာပါ

အရောင်မျိုးစုံ ပေါင်းစပ်ထားတာဟာ
သက်တံ့ကြီးတစ်ခုလုံး
လှပဖို့ပဲမဟုတ်လား ချစ်သူ
ငါ့ရဲ့ချစ်သူမှာ လိမ်ညာမှု
မာယာတွေလည်း ပါနိုင်တယ်
အကောင်းဆုံးဆိုတာတွေလည်း ပါနိုင်ပါတယ်
အဲလိုမတူညီတာတွေနဲ့
ပေါင်းစပ်ထားတာဟာ
မင်းပျော်ရွင်ဖို့အတွက်ပဲ မဟုတ်လားကွာ
ငါခံစားချက်တွေမဲ့သွားတာ မဟုတ်ပါဘူး
မခံစားနိုင်တော့လို့ ခံစားချက်တွေမဲ့အောင်
ငါကြိုးစားလိုက်တာပါ....
ရယ်နေမဲ့မင်းရဲ့နောက်ကွယ်မှာ
ပစ်ချထားခဲ့တယ်ဆိုတဲ့ မင်းအတွေးနဲ့
ဆန့်ကျင်ဖက်တစ်နေရာကနေ
ငါကြေကွဲနေလိုက်ပါ့မယ်
မင်မထင်မှတ်ထားတဲ့ လမ်းကြောင်းတစ်ခုမှာ
ငါလျောက်လှမ်းနေတဲ့အချိန်မှာ
ပစ်ချထားခဲ့တယ်လို့
တွေးနေတဲ့မင်းတစ်ယောက်အတွက်
ငါဆုတောင်းပေးနေပါ့မယ်
ပျော်ရွင်မူတွေကိုမဖန်ဆင်းပေးနိုင်တဲ့
ငါဘဝထဲကိုမင်းကိုဝင်မလာစေချင်တဲ့
ငါစေတနာတွေနဲ့ပေါ့
မင်းငါ့ကိုစိတ်နာပြီး
ပျော်နေနိင်ပါစေ ကောင်မလေး

MMO