အထီးကျန်ဆန်တယ်(နွေဦးကို)
အပြောင်းလဲမြန်တယ်ဆိုတဲ့
လောကကြီးက
ငါ့ရဲ့အထီးကျန်ဆန်မှုကြတော့
ကြာလှချည်လားကွယ်
သံသရာစက်ရဟတ်အကြားမှာ
ပျော်ရွှင်မှု ဝမ်းနည်းမှုတွေနဲ့ကခုန်ကြရင်း
မသိမှုအဝိဇ္ဇာရဲ့အနားသက်ကနေ
ငါတို့ရုန်းမထွက်နိုင်ခဲ့ဘူး
ရုန်းထွက်ဖို့ကြိုးစားလေတိုင်း
ဟန်ချက်မညီတဲ့ ဆုံးဖြတ်ချက်တွေက
အကြိမ်ကြိမ်လဲပြိုစေခဲ့တယ်
ဘယ်ကလာပြီးဘယ်ကိုသွားမယ်မပြောဘဲ
ထွက်ခွာသွားတဲ့ စိမ်းရက်သူကြီးရေ
မင်းနှလုံးသားတွေ အတော်မာကျောလေရဲ့နော်
နွေဦးကို
အပြောင်းလဲမြန်တယ်ဆိုတဲ့
လောကကြီးက
ငါ့ရဲ့အထီးကျန်ဆန်မှုကြတော့
ကြာလှချည်လားကွယ်
သံသရာစက်ရဟတ်အကြားမှာ
ပျော်ရွှင်မှု ဝမ်းနည်းမှုတွေနဲ့ကခုန်ကြရင်း
မသိမှုအဝိဇ္ဇာရဲ့အနားသက်ကနေ
ငါတို့ရုန်းမထွက်နိုင်ခဲ့ဘူး
ရုန်းထွက်ဖို့ကြိုးစားလေတိုင်း
ဟန်ချက်မညီတဲ့ ဆုံးဖြတ်ချက်တွေက
အကြိမ်ကြိမ်လဲပြိုစေခဲ့တယ်
ဘယ်ကလာပြီးဘယ်ကိုသွားမယ်မပြောဘဲ
ထွက်ခွာသွားတဲ့ စိမ်းရက်သူကြီးရေ
မင်းနှလုံးသားတွေ အတော်မာကျောလေရဲ့နော်
နွေဦးကို