Monday, August 4, 2014

အလွမ်းရဲ့အနမ်း ( Rosy Wine )

အလွမ်းရဲ့အနမ်း

ချစ်ခြင်းတွေနဲ့ထုံမွှမ်းမယ့်
ပန်းချီကားတစ်ချပ်ကို ဆေးရောင်ခြယ်ဖို့
သူ့ကိုရွေးချယ်မိခဲ့တယ် . . .

သူကသူ ကိုယ်ကကိုယ်ဖြစ်ခဲ့ပေမယ့်
နှစ်လွှာပေါင်းမှတစ်ရွက်ဖြစ်တဲ့
စွယ်တော်ရွက်ဘဝကို လိုချင်ခဲ့မိတယ် . . .

သို့ပေမယ်ပေါ့
သူပဲမှားသလား ကိုယ်ပဲမှားသလား
အတိအကျတော့မသိ အရူးမီးဝိုင်းသလိုပဲ
ပြေးထွက်မရတဲ့ ကမ္ဘာတစ်ခုမှာ
ကိုယ်ခြေချမိပြီးသားဖြစ်ခဲ့တယ် . . .
ဒီလိုနဲ့မင်းနဲ့ငါဇာတ်သိမ်း
မင်းချစ်သူနဲ့ ပျော်ပါစေပေါ့
ဆုတောင်းယုံကလွဲ
တတ်နိုင်ခြင်းတော့ မရှိခဲ့ဘူးပေါ့ . . .

အလွမ်းဆိုတာ
သောကတွေနဲ့တန်ဆာဆင်ပြီး
အနမ်းဆိုတာရယူခြင်းတွေနဲ့
ပြည့်နှက်နေတတ်တာ သဘာဝလား . . .

မထင်မှတ်ထားတဲ့ ကံကြမ္မာ
အလှည့်အပြောင်းကြောင့်
ငါဟာ...အလွမ်းတွေရဲ့
ရက်စက်စွာ ခိုးယူနမ်းရှိုက်ခြင်းကို
ဒီလိုနဲ့ပဲ ခံလိုက်ရပါတော့တယ်ကွာ . . .
(တစ်ခါတုန်းက
ကြာခဲ့ပြီပဲလေ.....

Rosy Wine