Friday, August 15, 2014

မြတ်မိခင်ပုံရိပ် (ကောင်းကင်)

မြတ်မိခင်ပုံရိပ်
-----------
အမေ...ရဲ့
ဝမ်းကြာတိုက်ဝယ် သန္ဓေရုပ်ခတော့
ချဉ် ဖန် စပ် ခါး ရှောင်ရှားဂရုစိုက်
အမေစိတ်နဲ့ ဖြေသိပ်လိုသာ
ပီတိဖြာဝေ ၀မ်းမြောက်လို့နေတဲ့
မြတ်မိခင်မေမေ....

မေတ္တာရိပ်မြုံ ပန်းပေါင်းစုံနဲ့
ကြင်နာယုယ အနု အလှ
အမေ ရင်ထဲက ရှိရှိသမျှ
အသက်သွေးသား နှလုံးသားကို
အရေးမထား သား သ္မီးများအတွက်
အသက်ကိုစတေး မွေးပေးခဲတာ
ရှေ့ဦးအသက်သခင် မြတ်မိခင် မေမေ....

အမှောင်ကမ္ဘာ လွတ်မြောက်လာသော်
လောကအလယ် မျက်နှာမငယ်အောင်
အရှက်ကိုစတေး ချစ်စိတ်လေးနဲ့
ရင်မှာပိုက်ထွေးညသား သ္မီးအိပ်တေးကို ဆို
ချိုမြိုင်တော့ နိုချိုရည်စက်နှင့်
တိုက်ကျွေးလို့သာ သား သ္မီးမျက်နှာ
နဖူးကိုနမ်းကာ အနမ်းဦးပိုင်ရှင်
မြတ်မိခင် မေမေပါ.....


ကောင်းကင်