သတိရခြင်းတွေက
သက်ထားနဲ့ တွေ့ရမယ်လိုက်ခဲ့ဆိုလို့
အလွမ်းဝင်္ကပါထဲ မောင်လိုက်ခဲ့မိတာ
မျှော်လင့်ခြင်းမြေပုံတစ်ခုနဲ့
မောင်မှာ လမ်းပျောက်နေရတယ်
မြားနတ်မောင်ရဲ့မြားချက်ကြောင့်
အချစ်ဖြစ်ရတာတဲ့
အဲဒါဆိုရင်.......
ဘယ်နတ်ဆိုးရဲ့လက်သရမ်းမှုကြောင့်
အလွမ်းမြားတွေမောင်ရင်မှာ
စိုက်နေရသလဲဆိုတာ
သက်ထားသိရင်မောင်ကို
ရှင်းပြပေးပါလား ။
နေသာမယ် နေမသာဘူး
မိုးရွာမယ် မိုးမရွာဘူး
ကုန်ဈေးနူန်းအတက်အကျ
အခုချိန်မှာ အဲဒါတွေမောင်တစ်ခုမှ မသိချင်ဘူး
အလွမ်းတွေနဲ့နှစ်ပါးသွားအက ကနေရတဲ့မောင် သိချင်တာက
မောင်သတိရသလို့ သက်ထားမောင်ကိုသတိရသလားဆိုတာ ။
ပုဇဉ်းရင်ကွဲလေးတွေက မိုးကိုအော်ဟစ်တမ်းတရင်း
ရင်ကွဲသေဆုံးကျရသတဲ့
သက်ထားရေ
သက်ထားရေနဲ့မမောမပန်းဟစ်အော်နေတဲ့
ပုဇဉ်ရင်ကွဲလေးဟာ မောင်ပါကွယ် ။
အပေါင်းသင်းသူငယ်ချင်းတွေက
ပြောကြတယ်
ပျော်ပျော်လေးနေပြီး ပြုံးပြုံးလေးနေပါတဲ့
မောင်လဲကြိုးစားအားတင်းပြီးတော့
ပြုံးရယ်လိုက်တာဘဲ
မောင်းအနားမှာသက်ထားမရှိဘူးဆိုတဲ့
အသိလေးတစ်ခုက မောင်ရဲ့အပြုံးတွေကို
မချိပြုံး မဲ့ပြုံး ဖြစ်ဖြစ်သွားစေတာ ။
အလွမ်းတွေနိပ်စက်လို့
အိပ်မရတဲ့ညတွေဆိုရင်
ဂီတာတစ်လက်နဲ့အလွမ်းသီချင်းတွေ
လမင်းကြီးကိုရင်ဖွင့်သီဆိုပြတော့
လမင်းကြီးလဲနားတွေငြီးပြီး
တိမ်တွေကြားထဲ ပြေးပြေးပုန်းတယ် ။
မောင်ရဲ့အငိုမျက်လုံး အဆွေးမျက်နှာ မြင်တွေ့နေရတဲ့ကြယ်လေးတွေက
မောင်တောင်းဆုတွေပြုဖို့
သူတို့ကြွေသက်ဆင်းတယ်
ဒါပေမယ့် သက်ထားရယ်
မောင်ဆုတွေမတောင်းဖြစ်လိုက်ပါဘူး
ဆုဆိုတာ တောင်းတိုင်းပြည့်ချင်မှပြည့်တာလေ ။
ကြိုးပျက်သွားတဲ့ ဂီတာက သံစဉ်တွေမညီတော့ဘူးတဲ့
သက်ထားနဲ့ဝေးနေရတဲ့မောင်ဘ၀က
ကြိုးပျက်နေတဲ့ ဂီတာအိုလေးပေါ့ ။
ဟူး.....
အဲဒါက လွမ်းနေတဲ့အဖြစ်ကို
ဆက်မခံစားနိုင်လို့
သတိရခြင်းတွေသက်သာလို့
သက်သာညားဆိုပြီးချလိုက်မိတဲ့
သက်ပြင်းသံပါ
ကမ္ဘာကြီးကလုံးဝန်းတယ်ဆိုတာ
မောင်လက်ခံလိုက်ပြီ သက်ထား
မောင်...မှုတ်ထုတ်လိုက်တဲ့
အလွမ်းသက်ပြင်းတွေ တပတ်လည်ပြီး
မောင်ဆီပြန်ပြန်လာနေတယ်
မောင်သက်ထားရယ် ။
တိုက်ဆိုင်မူတွေကပြောတယ်
သတိရခြင်းတွေဆီသွားမေး သက်ထားရှိတဲ့နေရာသူတို့သိကျတယ်တဲ့
သတိရခြင်းတွေပြောပြလို့
သက်ထားရှိတယ်ဆိုတဲ့
အလွမ်းဝင်္ကပါထဲမျှော်လင့်ခြင်းမြေပုံတစ်ခုနဲ့
မောင်ဝင်ရောက်လိုက်တာ
အခုမောင်မှာ လမ်းပျောက်နေရပြီ မောင်သက်ထားရယ် ။
မလုပ်သင့်တာကိုသိသိကြီးနဲ့
ဆက်လုပ်နေတဲ့သူက လူမိုက်တဲ့
သက်ထားနဲ့ပတ်သက်လာခဲ့ရင်
မောင်က လူမိုက်ကလေးပါကွယ်
မလွမ်းသင့်တော့ပေမယ့်
ဒီမောင်သက်ထားကိုလွမ်းနေမိတယ် ။
လက်ျာ
သက်ထားနဲ့ တွေ့ရမယ်လိုက်ခဲ့ဆိုလို့
အလွမ်းဝင်္ကပါထဲ မောင်လိုက်ခဲ့မိတာ
မျှော်လင့်ခြင်းမြေပုံတစ်ခုနဲ့
မောင်မှာ လမ်းပျောက်နေရတယ်
မြားနတ်မောင်ရဲ့မြားချက်ကြောင့်
အချစ်ဖြစ်ရတာတဲ့
အဲဒါဆိုရင်.......
ဘယ်နတ်ဆိုးရဲ့လက်သရမ်းမှုကြောင့်
အလွမ်းမြားတွေမောင်ရင်မှာ
စိုက်နေရသလဲဆိုတာ
သက်ထားသိရင်မောင်ကို
ရှင်းပြပေးပါလား ။
နေသာမယ် နေမသာဘူး
မိုးရွာမယ် မိုးမရွာဘူး
ကုန်ဈေးနူန်းအတက်အကျ
အခုချိန်မှာ အဲဒါတွေမောင်တစ်ခုမှ မသိချင်ဘူး
အလွမ်းတွေနဲ့နှစ်ပါးသွားအက ကနေရတဲ့မောင် သိချင်တာက
မောင်သတိရသလို့ သက်ထားမောင်ကိုသတိရသလားဆိုတာ ။
ပုဇဉ်းရင်ကွဲလေးတွေက မိုးကိုအော်ဟစ်တမ်းတရင်း
ရင်ကွဲသေဆုံးကျရသတဲ့
သက်ထားရေ
သက်ထားရေနဲ့မမောမပန်းဟစ်အော်နေတဲ့
ပုဇဉ်ရင်ကွဲလေးဟာ မောင်ပါကွယ် ။
အပေါင်းသင်းသူငယ်ချင်းတွေက
ပြောကြတယ်
ပျော်ပျော်လေးနေပြီး ပြုံးပြုံးလေးနေပါတဲ့
မောင်လဲကြိုးစားအားတင်းပြီးတော့
ပြုံးရယ်လိုက်တာဘဲ
မောင်းအနားမှာသက်ထားမရှိဘူးဆိုတဲ့
အသိလေးတစ်ခုက မောင်ရဲ့အပြုံးတွေကို
မချိပြုံး မဲ့ပြုံး ဖြစ်ဖြစ်သွားစေတာ ။
အလွမ်းတွေနိပ်စက်လို့
အိပ်မရတဲ့ညတွေဆိုရင်
ဂီတာတစ်လက်နဲ့အလွမ်းသီချင်းတွေ
လမင်းကြီးကိုရင်ဖွင့်သီဆိုပြတော့
လမင်းကြီးလဲနားတွေငြီးပြီး
တိမ်တွေကြားထဲ ပြေးပြေးပုန်းတယ် ။
မောင်ရဲ့အငိုမျက်လုံး အဆွေးမျက်နှာ မြင်တွေ့နေရတဲ့ကြယ်လေးတွေက
မောင်တောင်းဆုတွေပြုဖို့
သူတို့ကြွေသက်ဆင်းတယ်
ဒါပေမယ့် သက်ထားရယ်
မောင်ဆုတွေမတောင်းဖြစ်လိုက်ပါဘူး
ဆုဆိုတာ တောင်းတိုင်းပြည့်ချင်မှပြည့်တာလေ ။
ကြိုးပျက်သွားတဲ့ ဂီတာက သံစဉ်တွေမညီတော့ဘူးတဲ့
သက်ထားနဲ့ဝေးနေရတဲ့မောင်ဘ၀က
ကြိုးပျက်နေတဲ့ ဂီတာအိုလေးပေါ့ ။
ဟူး.....
အဲဒါက လွမ်းနေတဲ့အဖြစ်ကို
ဆက်မခံစားနိုင်လို့
သတိရခြင်းတွေသက်သာလို့
သက်သာညားဆိုပြီးချလိုက်မိတဲ့
သက်ပြင်းသံပါ
ကမ္ဘာကြီးကလုံးဝန်းတယ်ဆိုတာ
မောင်လက်ခံလိုက်ပြီ သက်ထား
မောင်...မှုတ်ထုတ်လိုက်တဲ့
အလွမ်းသက်ပြင်းတွေ တပတ်လည်ပြီး
မောင်ဆီပြန်ပြန်လာနေတယ်
မောင်သက်ထားရယ် ။
တိုက်ဆိုင်မူတွေကပြောတယ်
သတိရခြင်းတွေဆီသွားမေး သက်ထားရှိတဲ့နေရာသူတို့သိကျတယ်တဲ့
သတိရခြင်းတွေပြောပြလို့
သက်ထားရှိတယ်ဆိုတဲ့
အလွမ်းဝင်္ကပါထဲမျှော်လင့်ခြင်းမြေပုံတစ်ခုနဲ့
မောင်ဝင်ရောက်လိုက်တာ
အခုမောင်မှာ လမ်းပျောက်နေရပြီ မောင်သက်ထားရယ် ။
မလုပ်သင့်တာကိုသိသိကြီးနဲ့
ဆက်လုပ်နေတဲ့သူက လူမိုက်တဲ့
သက်ထားနဲ့ပတ်သက်လာခဲ့ရင်
မောင်က လူမိုက်ကလေးပါကွယ်
မလွမ်းသင့်တော့ပေမယ့်
ဒီမောင်သက်ထားကိုလွမ်းနေမိတယ် ။
လက်ျာ