Saturday, May 31, 2014

ရုန်းထွက်​ပါလား.. သူ့ရှင်

ရုန်းထွက်​ပါလား..

ကြင်​ကြင်​နာနာ
ချစ်​ခဲ့ပြီးမှ
နာနာကျင်​ကျင်
မုန်းမိတဲ့အခါ
ေ​ကျ​ကျေနပ်​နပ်
ခွင့်​လွှတ်​နိုင်​ပါမည်​လား..
အချစ်​နှင့်​အမုန်းတို့ရဲ့
စက်​ဝန်းကြားက
မရုန်းထွက်​နိုင်​မှာကိုမူ
စိုးထိတ်​မိပါတယ်​..​နွေ...။

~သူ့ရှင်

Tuesday, May 27, 2014

အလွမ်း​တွေနဲ့သာ (အညတရ​မောင်​)

အလွမ်း​တွေနဲ့သာ

လိုအပ်နေတာထက်
ကျယ်ပြန့်တဲ့ဖြစ်တည်မူမဲ့
မြတ်နိုးနှောင်တွယ်မူထဲကဘဝ မင်းမရှိတဲ့မျှော်လင့်ချက်မဲ့
နေ့ရက်အတွက်အတိအကျမသိတဲ့
စိတ္တဇနဲ့အရှိကမပျောက်မရ
တမ်းတရင်းကုန်လွန်သွားတဲ့
ဝေဒနာတွေအင်အားမဲ့
တွေဝေငေးမော
ရင်ထဲပြည့်လျှံထွက်ကျခဲ့ပေါ့...
တကယ်တော့. . . .တမ်းတစိတ်နဲ့အမှတ်ရမိတဲ့
မင်းပုံရိပ်တို့ခေါက်ရိုးကျိုးနေတဲ့
အိမ်မက်နဲ့နွမ်းလျှလို့သေချာတာက
တော့ဒီအလွမ်းတွေငါရင်အုံတစ်ခုလုံး
သေလုမျောပါးတိုက်စားလို့
ပြန်မဆုံနိင်တော့ပြီးဆိုတော့မှာ
မင်းရဲ့အဝေးမှာ
မှန်းမျှော်တမ်းတငါအနာဂတ်​တွေ
မင်းနဲ့နီးဖို့အလွမ်းနဲ့သာ
စောင့်မျှော်နေတော့မယ်
မလှမ်းခင်ကျွမ်းစေဖို့
အလွမ်းတွေ မပေးဝေချင်သလို
မနွမ်းခင်ပန်းတွေကို
မကြွေစေချင်ပါဘူး
သခင်ရယ်
ကမ်းနေတဲ့လက်တစ်စုံအတွက်
မနွမ်းစေချင်တဲ့
ရည်ရွယ်ချက်မျိုးနဲ့
ပန်းအကြွေ​ကောက်ဖို့
လွမ်းနေသမျှကို
နှစ်သိမ့်ရင်းသခင်ကိုယ်စား
တစ်ယောက်ထဲ
အလွမ်းတွေနဲ့သာတမ်း
တနေမဲ့သူပါ

အညတရ​မောင်

လှောင်ပိုက်မိနေခြင်း (အယ်​ခဲလူ)

လှောင်ပိုက်မိနေခြင်း

ပဲ့ကြွေခဲ့လေပြီ....
မာကြောလှပြီထင်ထားတဲ့
ငါ့နှလုံးသား
အခုတော့ယိုင်နဲ့ပြိုကျ
မြေခရလေပြီ
သူ့အရယ်အပြုံးတွေထဲ
သူ့အသံသာသာတွေထဲ
သူ့ကနွဲ့ကလျတွေထဲ
ငါရုန်းထွက်မရ
မဟူရာဖမ်းထား လလိုဘဲ
အဖေါ်မဲ့အဖြစ်နဲ့
အလင်းမဲ့တဲ့ညဉ့်တွေထဲ
တစ်ယောက်တည်းနေရတာ
လှောင်အိမ်ငယ်ထဲက
ငှက်လိုဘဲ
မလွတ်လပ်တော့တဲ့ငါ့ဝိညာဉ်
သူ့လောင်းရိပ်အောက်
စင်းစင်းမှောက်လို့
သိပ်ပင်ပန်းတာဘဲ
သူ့နှလုံးသားတံခါး
ခေါက်မလို့ကြံရွယ်တိုင်း
ငါထက်အရင်ခေါက်နှင့်သူ
ရှိထားနှင့်ပြီလားဆိုတဲ့
မဝံ့မရဲစိတ်တွေက
ငါ့ရင်ကိုအမောရစေဆုံးဘဲ။

Alkhaeluu

*အရက်သမား*ဝါဒ*ကဗျာ*

*အရက်သမား*ဝါဒ*ကဗျာ*

၁။ထူးတယ် ရူးတယ် မူးမယ်တဲ့လို့
မြူးဖွယ်အရက် မှတ်လိုရယ်
ကြိတ်ကာမှိတ်ကာ မျိုကာသွင်းတော့
လူနဲ့လူချင်းစချင်တယ်
ဒီပုလင်းမလောက်ရင် ဟိုပုလင်းသောက်လို့
တစ်ယောက် တစ်ပေါက်ဆူအုံးမယ်
ရှက်ကြောက်တရားမရှိငြားအရက်သမားဝါဒရယ်။
အဲဒါကြောင့်ရှောင်ကြပါတော့ ထာဝရကောင်းအောင်ကွယ်။
၂။ဘီလူးစိတ်ဝင်ကာ ထင်သလိုမိုက်လို့
တွေ့သမျှလိုက်လို့ ရမ်းတတ်တယ်
အဝတ်ဗလာ ကိုယ်မှာပျောက်လျှက်
ရွာရိုးကိုး​ပေါက်
လျှောက်လိုဆဲလိမ့်မယ်
မကြည့်ချင်သူ တုတ်နဲ့နှက်တော့အုတ်ဆက်ကွဲလို့ သေတတ်တယ်။
အရက်သမား "ငတိ"များ ရန်ပွားတတ်ပါတယ်။
၃။ လမ်းဘေးအိပ်ကာ
လူညွှန့်တုံးလျှက်
အသက်ပါဆုံး ပျက်စီးမယ်
ဒါကြောင့်မောင်မယ် တစ်​စက်လောက်ကယ်မှ
အရက်မသောက်​ဖို့ တောင်းပန်တယ်။
အရက်မသောက်ရင် လူအပေါင်းက
သူတော်ကောင်းလိုဆိုကြမယ်။
အသိတရား စိတ်မှာထားလို ရှောင်ရှားသင့်ပါတယ်။
၎။အရက်သေစာ သောက်သူများမှာ
လောကတလွှား၌ မတင့်တယ်။
သေတဲ့နောက်မှာ အပါယ်ကျလို့
ငါးရာဘဝ ရူးလိမ့်မယ်​။
ဘုရားဟောကာ ကျမ်းဂန်အရနှင့်
လမ်းမှန်ပြလို့ဆုံးမတယ်။


ကဗျာပင်လယ်မှသူငယ်ချင်း @tp အတွက

အိမ်ကိုပြန်လာချင်တရ်

အိမ်ကိုပြန်လာချင်တရ

အပြုံးပန်းလေးတွေခင်းလို့
ကမ်းလင့်ကြိုနေမှာလား
ကိုယ်စိတ်ကူးတွေယဉ်ထားတရ်
မင်းလေးကြိုလင့်နေမှာကိုပေါ့
စိတ်ကူးလေးနဲ့တင်
ကိုယ်သိပ်ပျော်နေတယ်
ကိုယ်အိမ်ပြန်ရောက်ရင်
ကိုယ်ရင်ခွင်ထဲ
မင်းလေးကိုတိုးဝှေ့စေပြီး
မင်လေးကိုဘယ်လောက်
လွမ်းရတယ်ဆိုတဲ့အကြောင်း
ကိုယ်မမောတမ်း မအိပ်တမ်း
ပြောပြချင်တယ်
ပြီးတော့ ချစ်တဲ့အကြောင်းတွေရောပေါ့
မင်းလေးရယ်
ကိုယ်စိတ်ကူးယဉ်ထားသမျှတွေ
မင်းလေးကိုပြောပြဖို့
ကိုယ်တွေးထားသမျှတွေ
မပြယ်လွင့်ပါစေနဲ့
ဆုခြွေနေရတာလဲ
သိပ်ပြီးရင်ကိုမောစေတာဘဲသိလား
မင်းလေးရယ်
ဝေးနေရခါမှ မင်းလေးကို
ကိုယ်ဘယ်လောက်ထိ
မြတ်နိုးတွယ်တာတယ်ဆိုတာ သိလာရတရ်
မင်းလေးကိုသိပ်ချစ်တာဘဲကွယ်
ကိုယ်ဘဝရဲ့အာရုဏ်ဦးဟာ
မင်းလေးကလွဲလို့
ဘယ်သူရှိနိုင်ဦးတော့မှာလဲကွယ် အရမ်းချစ်တယ်ကွယ်။

အယ်​ခဲလ

သွားစို့ .. ... (ချစ်​မိုးညို)

သွားစို့-----

ချစ်​သူ.......
ဝမ်းနည်းပူ​ဆွေးခြင်းလား
မင်း​ရဲ့​ရှေ့ငါအတူရှိတယ်
ချစ်​သူ.......
ပျော်​ရွှင်​ကြည်​နူးခြင်းလာ
မင်းရဲ့​ဘေးနားငါရှိတယ်
ဟိုး......​ရှေ့မှာ​တွေ့ရဲ့လား
ငါတို့ရဲ့လှပတဲ့အနာဂတ်​​တွေ
ကဲ!!....လာသွားစို့.......
မေတ္တာသိသိ၊သစ္စာရှိ​သော
ငါတို့​ရဲ့လက်​​တွေယှက်​လို့.........။

ချစ်​မိုးညို
်

Sunday, May 25, 2014

သိပ်ချစ်ပါတယ် ကို (soe ya der nar)

သိပ်ချစ်ပါတယကို

နာရီစက်ဝိုင်း
ပြောင်းရွေ့တိုင်းလို
သတိတရ တမ်းတမိတယ်​ ကို

လေပြေတိုက်သံ
ကို,ခေါ်သံလား
ကို,များလားလို့
နားစွင့်ရင်မှာ
တမ်းတမိတယ်​ ကို

သစ်ရွက်ခြောက်ကြွေ
ခြေသံလေလား
ကိုများလားလို့
ထင်မှတ်နေမိတယ်​ ကို

ကိုရယ်,.....လောကထဲမှာ
ကိုယ့်ကိုစွဲလန်းနေတဲ့
စိုးအဖြစ်က.................


သိပ်ချစ်ပါတယ်
**ကို**ရယ်

အလွမ်းရှင်မလေး
စိုးရတနာ

မျှော်လင့် အိမ်မက် (အညတရ​မောင်​)

မျှော်လင့် အိမ်မက်

အမြတ်တနိုး ရင်မှာပျိုးလဲ
စွဲလန်းနှစ်သက် ပင့်သက်ရှိုက်ငေး ပုံရိပ်လေးတစ်ခု
့အနေခက်​...အတွေးခက်​...
ဆွေးရက်တွေနဲ့ကျေမွ
တမ်းတခဲ့သမျှလွမ်းရပေါ့.....
ဆုံမှတ်​မရှိတဲ့ လမ်းပေါ်မှာ
အခန်းဆက်အလွမ်းနဲ့
အနားသတ်မသိ...
မင်းမရှိတဲ့အခါ
ငါစာမျက်နှာပေါ်မှာ
ကွေးကောက်စွာ
ရေးခြစ်လို့တမ်းတတော့
ဒီညတွေ....
ယိုယွင်းနေတဲ့မျှော်လင့်ချက်နဲ့
ငါကိုသေဆုံးစေတယ်
ဲဒီလိုနဲ့ပဲ ချစ်သူ............
ငါမနက်ဖြန်ပေါင်းများစွာ
နှောင်ကြိုးမဲ့အိမ်မက်နဲ့
ပျော်ဝင်စီးဆင်းလွဲချော်ခြင်းထက် မစို့မပိုအလွမ်းနဲ့
အရောင်လွင့်မသွားတဲ့
ရှင်သန်မူအဝေးမှာ
ဲ့မျောလွင့်​ဆွေးခဲ့ရတယ်။

အညတရ​မောင်

တမ်းတသူ (အညတရ​မောင်​)

တမ်းတသ

အိမ်မက်ရှည်လျှား
ညတွေများမှာ
တွယ်တာစိတ်မော
တွေ့လိုဇောနဲ့
ရင်မှာတွယ်ငြိ
ရည်ရွယ်သိ၏ိ
ဆုံဆည်းမူခဏ
ဒုက္ခမမြင်
ချစ်ခင်ရွယ်ကိုး
ရင်မှာပျိုးလို့
အလွမ်းရာသီ
အချိန်မှီ၏
နာရီလက်တံ
မှန်မှန်လည်ပတ်
ညတွေရှည်လျှား
ဖြတ်ရွေ့သွားလဲ
လွမ်းညထဲရှိ
ရင်ခွင်သိ၏


အညတရ​မောင်

မျှော်လင့်လျှက်ဝေး

မျှော်လင့်လျှက်ဝေး

ရင်ခွင်လေးမှာ မှေးစက်ယစ်မှုး
အလွမ်းလူးကျန် ညလယ်ယံနှင့်
ကြယ်ကြွေရွေ့လျား
တခြမ်းပဲ့သွားတဲ့လနဲ့
လှစ်ဟဖွင့်ပြ ဘဝရဲ့
ဝေဒနာအပိုင်းအစများ. . .
တွယ်တာမွတ်သိပ်
လွမ်းစိတ်ဒဏ်ရာရင်မှာလှိုက်မော
တွေ့မြင်ဇောကလွမ်းရစ်နှောင်
တွယ်မှီတွယ်ရာကင်းအိပ်ပျက်
ခြင်းနှင့်နွမ်းလျတင်းကျပ်
အမှတ်ရတော့ပျက်ပြယ်မသွား
ချန်ရစ်သွားသူရဲ့ခြေရာ
နှလုံးသားမှာထင်ကျန်နေခဲ့ပြီမေ. . . .

တမ်းတနေဆဲ (soe ya dar nar)

တမ်းတနေဆဲ---

သတိရတိုင်း မြင်ယောင်မိတဲ့ သူရဲ့အပြုံးသင့်
မြိုက်လောင်ကျွမ်းနေတဲ့အလွမ်းမီး
နှလုံးသားမှာလစ်ဟင်းလို့
ရင်ခုန်သံတွေတိတ်ဆိတ်စွာနဲ့
အားငယ်ခဲ့ရတဲ့ ဒို့ရဲ့အချစ်
ရီဝေတဲ့အတွေးတစ်​စုံအောက်မှာ
အချစ်ဆိုတာ
ချိုမြိန်ခြင်းလား..?
ခါးသက်ခြင်းလား..?
သေချာမသိခဲ့...
ဒီလိုနဲ့
နာကျင်နေတဲ့ နှလုံးသားကိုထိန်းချုပ်ရင်း
အိပ်ပျက်ခဲ့ရတဲ့
ညနက်တွေမှာလွင့်ကျခဲ့တဲ့ ဝမ်းနည်ကြေကွဲမှုမျက်ရည်စတွေဟာ
အတိုင်းဆမဲ့ တားဆီးလိုမရနိုင်သလို
မင်းတစ်​ယောက်ကို
ရင်မှာထာဝရ ယုံကြည်စွာနဲ့
မျှော်လင့်တမ်းတနေဆဲပါ.....
ချစ်ရသူရယ်

$0€ ¥@ D@® N@®
{ရင်းတွင်းဖြစ်​}

ဥပေက္ခာ (soe ya dar nar)

ဥပေက္ခာ

မင်းဟာနောက်ဆုံး
တကယ်တမ်းကျတော့
ငါအချစ်ကိုဥပေက္ခာပြုသွားခဲ့တယ်
ဒီလိုရက်စက်ခဲ့ပေမဲ့ ငါမင်းကို
ခလဲ့စားချေဖိုဆိုတာ
နှေင့်​နှေးကျန်ခဲ့မှာသေချာတယ်
ငါ့ရဲ့ပျော်ရွှင်ခြင်း
လွတ်လပ်ခြင်းတွေကို မင်းအပိုင်သိမ်းသွားခဲ့လည်း
ငါကျေနပ်စွာနှုတ်ဆိတ်နေခဲ့မှာပါ
အားလုံး အားလုံးကိုပေါ့
ဒါပေမဲ့....
ငါ့ရဲ့အသဲဒိုင်ယာရီ
စာရွက်ဟောင်းလေးထဲမှာတော့
မင်းလေးဟာငါ့ဘဝရဲ့ အချစ်ဆုံးလေးပေါ့
ပူလောင်ယိုစီးကျခဲ့တဲ့ ငါ့ရဲ့မျက်ရည်စလေးတွေ
တစ်ယောက်တည်း
လျှောက်ရတော့မဲ့
ငါ့ရဲ့ခြေလှမ်းလေးတွေ
ရေဆန်မြေဆန်အတူသွားခဲ့တဲ့
ငါ့ရဲ့​နေရက်လေးတွေ
ငါ့ရဲ့မာန
ငါ့ရဲ့အရှက်တရားအတွက်
နောက်ဆုံးတော့...
ချစ်သူပေးတဲ့
လျော်​ကြေးက--
ခွဲခွာခြင်းတဲ့လား
ချစ်သူရယ်

$0€ ¥@ D@® N@®

Wednesday, May 21, 2014

ချစ်နေဆဲပါမောင်

ချစ်နေဆဲပါမောင

မောင်ရယ်လို့....
မ'နှုတ်ဖျားက
တသသခေါ်နေပေမဲ့
မောင်မကြားနိုင်ပါလားနော်
မ'ကိုမြတ်နိုးတယ်
တွယ်တာ'ယုယ'
မြတ်နိုး'ကြင်နာတယ်ဆိုတဲ့
မောင့်နှုတ်ဖျားက
တဖွဖွပြောခဲ့ပြီး
အခုတော့....
ဘီလူးခေါင်းဆောင်းထားတဲ့
မောင့်ရဲ့ချစ်ခြင်းက
ချစ်တတ်ဟန်ဆောင်
မ'နှလုံးသားကို
အနာတရဒဏ်ရာတွေနဲ့
ပြည်နက်စေခဲ့တဲ့မောင့်ကို
မုန်းချင်ပေမဲ့
မုန်းလို့မရခဲ့ပါလားမောင်ရယ်
ခုတော့လေ....
မောင်'စွန့်ပစ်ထားတဲ့
အမှိုက်တစ်မျှင်အဖြစ်နဲ့
ထားခဲ့တယ်ပေါ့
မောင့်ဘဝက
တခြားသူရဲ့ရင်ခွင်မှာ
ပျော်စံရာအသိုက်အမြုံ
တစ်ခုဖြစ်နေတော့
မ'တယောက်
အထီးကျန်ဆန်မှုအောက်မှာ
နာကျင်အောင်ခံစား
မျက်ရည်ကျမှမောင်က
ကျေနပ်သူဆိုတော့လည်း
မ'ဘဝကပေးဆပ်ခြင်း
သက်သက်ဖြင့်
မွေးဖွားလာလေသလား
အကြင်နာတရားကင်းမဲ့တဲ့
မောင့်'နှလုံးသားဒေါင့်တနေရာမှာ
မ'စိုက်ထူခဲ့တဲ့အနမ်းပွင့်တစ်ခုဟာ
အခုတော့
အလွမ်းတစ်ပွင့်ဖြစ်ခဲ့ပေါ့'မောင်ရယ်
အကြောင်းမလှလို့
မ'နှင့်မောင် မပေါင်းရပေမဲ့
နောင်ဘဝများရှိခဲ့ရင်
မောင့်ရဲ့နှလုံးသားဥယျာဉ်အောက်မှာ
မေတ္တာဂဟေဆက်၍
ဆုချွေခဲ့ပါရစေ....
မောင်ရယ်'


သိပ်​ချစ်​ရ​သော​မောင်​'တစ်​​ယောက်​သိပါ​စေ....

လောင်
ကျွမ်းခံနှလုံးသားပိုင်​ရှင်​မမ

ဖေါ်မဲ့ရှိုက်သံ

ဖေါ်မဲ့ရှိုက်သ
========
မိုးချုန်းသံလျှပ်စီးလက်ချိန်
အထီးကျန်ဆန်လှတဲ့
အိမ်ဂေဟာမှ
ဖေါ်မဲ့စွာ'တစ်ကိုယ်တည်းတွေးပူရင်း
သွေးကြောက်နေမိတယ်
တခါတလေ.....
အားပေးဖေါ်တယောက်
ရောက်လာနိုးနိုးမျှော်ကိုးရင်းပေါ့
အတွေးတွေနယ်ချဲ့နေပုံများ
တစ်ကိုယ်ရေတစ်ကာယနဲ့
အားနွဲ့လှမိန်းမသားဘဝမှာ
ငိုတခါ'ရီတစ်လှည့်ပေါ့
မိုးပေါက်မစဲတသဲသဲနဲ့
မျက်လုံးစုံမှိတ်အံကိုကြိတ်ကာ
လျှပ်စီးရောင်တလက်လက်ကြားမှာ
အားကိုစရာဆိုလို့
မျက်ရည်တစ်ခုပဲရှိတာမို့
မျက်ရည်စက်လား.....
မိုးရေစက်လား....
ဝေခွဲမရခဲ့ပါ
မိုးချုန်းသံကြားလို့
ထိတ်လန့်တုန်လှုပ်နေချိန်မှာ
ချစ်ရဆုံးသော
သူတစ်ယောက်ရဲ့
ရင်ခွင်ဆီသို့ပြေးဝင်ချင်ပေမဲ့
တမ်းတရုံသာ
ရှိမည်မဟုတ်လားကွယ်

Tuesday, May 20, 2014

ကြင်​​ဖော်​ N.L.W

ကြင်ဖေါ်

ဆုံခွင့်ကြုံကံကြုံသည့်ခိုက်
ရွှေဖူးစာကြင်ရာတော်ဖို့ရေး
ငိုတခါ ရယ်တလှည့်နဲ့
နင့်လက်ဝါးပြင်ပေါ်
ငါ့မျက်ရည်ပေါက်
ဒေါက်ခနဲ့ကျမှ
နင်ကျေနပ်မှာလား
ချစ်သူရယ်

**နင်ရင်ထဲမှာ
တွေဝေဒွိဟဖြစ်နေရှာတဲ့
စိတ်အစဉ်ကို
မျိုသိပ်မထားပါနဲ့လား
ချစ်သူ'

**တစ်ချိန်က
ငါပြောခဲ့ဖူးတဲ့
စကားတခွန်းကို
နင့်ရင်ထဲက
ထုတ်ပယ်လိုက်ပြီလား
နင့်အတွက်ဆို
သေတပန် သက်တဆုံး
ငါဖေးမသွားမှာပါဆိုတဲ့
စကားက
ငါ့'ရင်ထဲကအကြွင်းမဲ့
ထွက်ပေါ်လာတဲ့စကားပါ
ချစ်သူ

**ပင်မြင့်ပန်းမို့
အလှမ်းခက်မှန်းသိနေပေမဲ့
ကံဇာတ်ဆရာရဲ့
လှည့်ကွက်တွေ
ဘယ်လိုပဲဆင်ဆင်
နင်ကိုငါတိုင်တည်ခဲ့
သစ္စာမဏ္ဍိုင်က
ဘဝတစ်​သက်
ကြင်ဖေါ်အတွက်ပါ
ချစ်သူရယ်

ငွေလဝန်း

ချစ်လွန်းသူမို့

ချစ်လွန်းသူမို

ချစ်သူ
ဟောင်းနွမ်းခဲ့တဲ့
အတိတ်ပန်းချီ
မျက်ရည်ကြောင့်
ပျက်စီးသွားခဲ့ပြီ
ဆေးရောင်ပြန်ချယ်သဖို့
ဘယ်လိုလုပ်ရမှာလဲ
အတိတ်ကမက်ခဲ့တဲ့
အိပ်မက်တိုင်းမှာ
နင်ကသာပထမပေါ့
နှစ်ကိုယ်တူ
တစ်ဘဝနဲ့
ရှေ့ဆက်ကြဖို့
နင်ရင်ဖွင့်လိုက်တိုင်း
နာကျင်စွာခံစားခဲ့ရ
အခုတောလေ
တခါက
နင့်အပြုံးမျက်နှာကို
ပုံဖေါ်မိတိုင်း
အလွမ်းမျက်ရည်
်ဖြစ်ခဲ့ပေါ့
ပြောမပြတတ်တဲ့
အချစ်ရဲ့ဒဿနကို
နင့်အပေါ်စိုးမိုး
နေတာကလွဲပြီး
မသိတော့ပါလားကွယ်

N L W

*အင်းလေးအားမာန်*

*အင်းလေးအားမာန်*

ညို့ညို့မှိုင်းမှိုင်း
အုပ်ဆိုင်းဆိုင်းနဲ့
ရေလှိုင်းသံလျှက်
ရေပြာထက်မှာ
ဝိုင်းလျက်ပတ်ကာ
သေလာတောင်တန်း
ရွှေကြာပန်းနှင့်
အံမခန်းရှုဖွယ်
အသွယ်သွယ်ကို
မကွယ်စတမ်း
ရင်ဝယ်ထမ်းဖို့
ကမ်းလင့်ကြိုသည်
အင်းလေးဆီသို့
တတ်ညီလက်ညီ
ခရီးချီစို့-------့
တတ်ညီလက်ညီ
ချီတတ်ကြစို့------
တတ်ညီလက်ညီ
ထိမ်းသိမ်းကြစို့-----

လရောင်ထက် (ခ)
သူ့ရှင် (အင်းလေး)

Saturday, May 17, 2014

အချိန်တိုင်း

အချိန်တိုင်း

အချိန်တိုင်းမှာ မင်ကြောင့်
ငါစိတ်ညစ်နေရတယ်
အချိန်တိုင်းမှာ မင်းကြောင့်
ငါဝမ်းနည်းနေရတယ်
အချိန်တိုင်းမှာ မင်းကြောင့်
ငါခံစားနေရတယ်
အချိန်တိုင်းမှာ မင်းကြာင့်
ငါငိုနေရတယ်
အချိန်တိုင်းမှာ မင်း​ကြောင့်
ငါပိုက်ဆံတွေကုန်နေရတယ်
အချိန်တိုင်းမှာ
ရက်စက်သွားတတ်တဲ့
နင့်ကိုမုန်းတယ်
MPTရယ်...

Friday, May 16, 2014

ဆုံနိုင်​ခွင့်​..လျှောက်လွှာ(တက္ကသိုလ်မြတ်မင်း)

ဆုံနိုင်​ခွင့်​..လျှောက်လွှာ(တက္ကသိုလ်မြတ်မင်း)

အချစ်မြို့​တော်လေးထဲသို့
ခွဲခွာခြင်းနက်ကိုအင်ဖွဲ့တစ်ဖွဲ့ကြောင့်
အလွမ်းဒုက္ခသည်တွေ
မေတ္တာ ရိက္ခာ လိုအပ်နေမယ်ဆိုတာ
တွေ့ဆုံခြင်းအရှင်​သခင်
မသိရော့လေသလား....

ယေဘုယျ ၀ိညာဉ် ( တာရာမင်းဝေ )

ယေဘုယျ ၀ိညာဉ် ( တာရာမင်းဝေ )

င့ါကိုတော့ ခွင့်တောင်းသင့်ပါတယ် ငါ့နှာခေါင်းပေါ်တက်ပြီး
ဘယ်သူလာ အသက်ရှုနေတာလဲ .. မင်းကသာ ဟိုဘက်က
အပ်နဲ့ မမှုတ်ဘူးဆိုရင် မင်းလက်ထဲကပြောင်းကို
ဒီဘက်က ငါချောင်းကြည့်ရဲမှာပါ .. ။
ငါက .. တွေ့နေကျ၊ မြင်နေကျ၊
ရိုးရိုးလူမျိုးပေါ့
ပန်းနဲ့ပဲဖြစ်ဖြစ်၊ ကောက်ရိုးနဲ့ပဲဖြစ်ဖြစ် အရမ်းလာပစ်ပေါက်​ရင်တော့ ကြောက်တတ်တဲ့ ကောင်​မျိုးလေ ..။

ဆောင်းတစ်ခုမှာ
ပါဝင်​ခဲ့ဖူးတဲ့နှင်းတစ်စက်လို
စာရင်းလည်းမရှိ၊ နံပါတ်လည်းမသိ ဘယ်အထိမှလည်းမကြီးကျယ်ပါဘူးကွယ် .. ။

ငါက ... သာမညလူ .. ။
ငါက ... ယေဘုယျလူ ..။
ဆပ်ပြာပူဖောင်းလို
အ​ရေခွံတစ်ထပ် ခွာလိုက်​ရင်​ပဲ
အထဲမှာ ဘာမှကျန်မှာမဟုတ်တဲ့လူ ... ။

ဘယ်သူကမှ မသိဘူးဆိုရင်တောင် ငါ့ကိုယ်ငါတော့ သိတာပေါ့
သိပ်ကို သိတာပေါ့ကွယ် .. ။

မိုးဆမ်း ဇလပ်ပန်း (တက္ကသိုလ်မြတ်မင်း)

မိုးဆမ်း ဇလပ်ပန်း (တက္ကသိုလ်မြတ်မင်း)

မိုးတွေ ကြွေဆဲနံနက်
အိပ်မက်က လန့်ကာနိုးထလာတဲ့လူ။

အ​တွေးကဆူ ရင်​ကပူနဲ့
သန့်ကြည်မဲ့စိတ်
အိပ်ချင်​မူးရီ အီတီဝေး၀ါး
မကြည်စိတ်များနဲ့။

(၀န်းကျင်ကလည်း)
မိုးစက်ရေကြား တိတ်ဆိတ်ငှက်သံ လေမထန်နေမပွင့် ဆိုင်းအုံ့ရစ်မှိုင်း
ရှစ်ခွင်​တိုင်းလုံး ပိန်းပိန့်ဖုံးလို့။

(သည်လို) မှိုင်းတဲ့စိတ်
ဆိုင်းတဲ့ရာသီ မကြည်နှလုံး သည်တစ်မနက်လုံးမှာ
(ကျနော့်ကို) ငြိမ်းအေးစေတာက
ဇလပ်ပွင့်ပမာ သူ့မျက်နှာ။

စိတ္တဇ မိုးည ♥ အယ်​ပိုင်​♥

စိတ္တဇ မိုးည

တိတ်​ဆိတ်​ခြင်း​​တွေ​ပြေးလွှား​နေချိန်
မှောင်​မိုက်​ခြင်းကအိပ်​စက်​​နေဆဲ..
မိုးည၏တစ်​​ထောင့်​တစ်​ညပုံပြင်​​တွေကိုဖတ်​ပြီး
ငါ့ရဲ့အ​တွေး​တွေလည်း
စောင်​ခြုံ​ကွေးလို့
မိုးချုန်းသံတဒိန်းဒိန်းနဲ့
ကစဉ်​ကလျားဖြစ်​​နေတဲ့
ငါ့ရဲ့​မျှော်​လင့်​ခြင်း​တွေ
မိုးညရဲ့​မှောင်​မိုက်​ခြင်း​အောက်မှာ
ငို​ကြွေး​နေခဲ့...
အရည်​​ပျော်​​ကျ​နေတဲ့
ကဗျာတစ်​ပုဒ်​ကိုဆက်​​ရေးဖို့
ငါ့ရဲ့လက်​​တွေက​အေးမြလာတယ်​..
နှလုံးသားကိုငုံ့ကြည့်​​တော့
သူလည်းအရမ်း​ကြောက်​တယ်​တဲ့...


အယ်​ပိုင်

ဓါတ်ပုံလေး (တာရာမင်းဝေ)

ဓါတ်ပုံလေး (တာရာမင်းဝေ)

မိုးလုံလေလုံ
နှလုံးအိမ်ထဲကဓာတ်ပုံလေး
ထုတ်.. ထုတ်ကြည့်ဖြစ်တယ်
သတိရတိုင်း သတိရတိုင်း
ရွှဲနစ် ပါးပြင်ပေါ် မျက်​ရည်တွေ
ငါက ဓာတ်ပုံလေးကိုတွေရီငေး
ဓာတ်ပုံလေးက ငါ့ကိုတွေရီငေး
အရမ်းလွမ်းတယ်.. ။

တရားရှာ MPTမှာတွေ့ (အယ်​ခဲလူ)

တရားရှာ MPTမှာတွေ့

#အ၀ိုင်းကလေး လည်သလား...လည်ရင်လည်တယ်မှတ်...
#မှန်ပါ့ဘုရား...
အရင်လည်တဲ့အ၀ိုင်းနှင့် အခုလည်နေတဲ့အ၀ိုင်းတူသလား...
#မတူပါဘုရား....
အေး ဒါကို ခွဲခြားသိရမယ် တို့ပရိသတ်တို့ရဲ့... အရင်လည်ခဲ့တာနှင့် အခုလည်နေတာ မတူဘူးနော်.... အရင်လည်ခဲ့တဲ့အ၀ိုင်းက ဖြစ်ပြီးလို့ ပျက်သွားပြီ၊ အခုဟာက နောက်အ၀ိုင်းတစ်ခု အသစ်ဖြစ်နေတာ .... သူကောမပျက်ဘူးလား၊ ပျက်မှာလား...
#ပျက်မှာပါဘုရား ...
ဒီလိုဖြစ်တာ ဘာသဘောဆောင်....
#ဖြစ်ပျက်သဘောပါဘုရား...
ဒီလို အ၀ိုင်းလေး လည်တဲ့အကြောင်း တွေမရှိဘူးလား၊ရှိလား...
#ရှိပါတယ်ဘုရား...
ဘာကြောင့် ဘာဖြစ်...
#အကြောင်းကြောင့်
အကျိုးဖြစ်ပါတယ်ဘုရား...
#ယေဓမ္မာဟေတုပ္ပဘ၀ါယေဓမ္မာ ထိုထိုအကျိုးတရားတို့သည်
#ဟေတုပ္ပဘ၀ါ
အကြောင်းကင်းပြီးမဖြစ်ပါဘူး၊
အကြောင်းကြောင့်သာ ထိုအကျိုးတရားတို့ ဖြစ်တော်မူပါသတဲ့တဲ့... အခုဒီလို အ၀ိုင်းလည်နေတာလည်း လည်စေတဲ့အကြောင်း
တွေရှိလို့ ဒီလိုအ၀ိုင်းလည်နေတဲ့ အကျိုးဖြစ်တာမလား...
#မှန်ပါ့ဘုရား...
#MPT က ဘုရားဟော
နှင့်ကောကိုက်ရဲ့လား..
ကိုက်ညီပါတယ်ဘုရား...
ဒီလို ကိုက်ညီတဲ့ #MPT ကိုအမျှပေးဝေ ကြရအောင်....
#တစ်မိနစ် ၂ကျပ်၊၂ကျပ်၊၂ကျပ် ယူတော်မူကြပါကုန်
်သော်....ကုန်ပြီ၊ကုန်ပြီ

အယ်​ခဲလူ

Wednesday, May 14, 2014

ဘဝ,နာတဲ့လူသားများ

ဘဝ,နာတဲ့လူသားများ

အဲ့ဒီ.....
ပရဟိတဆိုတဲ့လက်​​တွေက
တချက်​​လောက်​ကမ်းလင့်​ဘို့
မေ့​နေကြသလား ။
လက်​တစ်​ဖက်​နဲ့
ခေါ်လိုမရတဲ့​ကောင်းကင်
လက်​နှစ်​ဘက်​နဲ့​ခေါ်လဲ
သူတို့ခများမလာကြဘူတဲ့
ဆရာတာရာစကား
မှတ်​သား​လောက်​တယ်​​နော်​။
အဲ့ဒီက​လေး​တွေက
အမှိုက်​ပုံကြားကို​ခေါင်းအုံး
ပညာ​ရေး​​တွေဆုံးရှုံး​နေကြတယ်​။
အဲ့ဒီက​လေး​တွေကလမ်း​ပေါ်မှာ
တဘဝလုံးအိပ်​မက်​​တွေ
ပျောက်​ဆုံ​နေကြတယ်​။
တစ်​ဝမ်းတစ်​ခါးဆိုတဲ့
နိယာမ​လောကမှာ
မျက်​နှာငယ်​​တွေနဲ့။
သူတို့​တွေများပညာတတ်​ရင်
မြန်​မာကိုအလင်းစဉ်
သာယာခြင်း​တွေဖြစ်​လာမယ်​။
နောင်​တချိန်​ဆို
တပြည်​လုံးပညာ​ရေး
အမှိုက်​ပုံ​ဘေးမှာထားခဲ့ကြမှာလား
တချို့က....ဘုရားဒကာ
တချို့က...ကျောင်းဒကာ
မသိဘူးဗျား..
ကျွန်​​တော်​သိတာ
ကျွန်​​တော်​သိတာ
တပြည်​လုံးပညာ​ရေး
အမျိုးသား​ရေးအတွက်​ပါ
ရင်​​လေးတယ်​။.
ကဲဘာလုပ်​ကြမှာလဲ
အရပ်​တကာတို့​ရေ။ ။

မျိုးဆက်​။အောင်​သာ

လမ်း (သူ့ရှင်​)

လမ်း

(၁)လမ်းသစ်​မထွင်
လမ်း​ဟောင်းပြင်​မှ
လိုရာခရီး
လျှင်​စွာပြီးလျှင်
လမ်းသစ်​မထွင်​ လမ်း​ဟောင်းပြင်​သင့်​ ။
(၂)လမ်း​ဟောင်းမပြင်
လမ်းသစ်​ထွင်​မှ
လိုရာခရီး
လျှင်​စွာပြီးလျှင်
လမ်း​ဟောင်းမပြင်​ လမ်းသစ်​ထွင်​သင့်​ ။
(၃)လမ်း​ဟောင်းမပြင်
သစ်​မထွင်​ပဲ
အရှိထိုလမ်း
လျှောက်​ကာလှမ်းမှ
လိုရာခရီး
လျှင်​စွာပြီးလျှင်
မပြင်​ မထွင်
ရှိတိုင်းနှင်​သင့်​ ။

သူ့ရှင်

နှလုံးသား​မော်​ကွန်း အယ်​ခဲလူ

နှလုံးသား​မော်​ကွန်း

နေတတ်ရင်
ကျေနပ်စရာဆိုပေမဲ့
အဖြေမရလို့
ပေကပ်နေတာကို
အမြင်တော်မှတ်မှား
အပြစ်များ
ထင်နေရော့သလားခင်
ရင်တွင်းဖြစ်လာ
ဝေဒနာရယ်က
အတင်းပူဆာ
ချစ်လို့ပါကြောင်း
ပြောပြလိုသာ
တင်ပြပါသည်
ခင်ကိုချစ်ကြောင်း
မော်ကွန်းတည်း။

အယ်​ခဲလူ

Tuesday, May 13, 2014

အကန့်​ (သူ့ရှင်​)

♥​အကန့်​♥
********

♬ပဝါဖြူ
မြူစ တင်​​လေက
ရေစင်​နှင့်​​ဆေး
ဖြူသန့်​​ဖွေး
လှနိုင်​သည်​ ။

♬ပဝါဖြူ
ဆီစ တင်​​လေက
ရေစင်​နှင့်​​ဆေး
နဂို​သွေး
မလှနိုင်​​လေပြီ ။

♬သို့အတူ...
ဘဝမှာကျင်​ကာ
လည်​​တော့
အမြင်​ဥာဏ်
ပွေလီဆန်း​တွေ​ကြောင့်
မှားတတ်​​လေ
ဘဝဘုံသားရယ်​မို့
မှားတိုင်းလည်း
ပြစ်​သင့်​ရယ်​မဆိုသာ
သို့လဲ.....
ပြင်​မရတဲ့ ဆီစလည်း
မဖြစ်​​စေလိုပါ .....။

သူ့ရှင်

အဖြည့်ခံငါ N.L.W

အဖြည့်ခံငါ
**********
မင်းအလာကို မျှော်စောင့်ရင်း
လွမ်းချင်းတွေ တပွေ့တပိုက်နှင့်
ငါလှည့်ပြန်သွားရမှာလား ချစ်သူ
မင်းရဲ့မာယာတောနက်ထဲက
ရုန်းမထွက်နိုင်အောင်
အရှိုက်များတပ်ဆင်ထားလေသလား
ငါ့မှာတော့လေ...
မင်းလေးကိုစောင့်မျှော်ရင်း'
ညဥ့်နက်နက်
သန်းခေါင်ယာမ်ထိတိုင်ပေါ့
ညာသွားမှန်းသိလိုက်ရတဲ့အချိန်မှာ
ငါဟာရူးသွတ်စွာနဲ့
မင်းကိုတမ်းတရင်း
ဖေါ်ရယ်မပါတစ်ကိုယ်တည်း
အထီးကျန်ဆန်မှုအောက်မှာမှေးစက်
ခဲ့ရပေါင်းများလှပြီ ချစ်သူ
နံနက်မိုးသောက်
အလင်းရောက်တော့မှ
အော်--ငါ့ဘဝဟာ
မင်းမလိုချင်တော့လို့
စွန့်ပစ်ထားတဲ့
အမှိုက်ပုံမှန်းသိခဲ့ရတယ် ချစ်သူ
မင်းဘယ်လိုပဲမုန်းပါစေ'
မင်းနဲ့ငါ'ပစ္စုပ္ပန်ရဲ့
အလင်းသခင်မဖြစ်သော်မျှ
အနာဂတ်ဘဝမှာ
မင်းရဲ့မာယာဥယျာဉ်ထဲမှာ
ငါဟာပထမဆုံးလျှောက်လှမ်းသူ
ဖြစ်ပါစေလို့ ငါဆုချွေလျက်ပါ
ချစ်သူ

♥ ♥ ♥ ♥ ♥ သူ့ရှင်

ငါက..
ညခင်းကို
ိုဖက်​တွယ်​မိချိန်
နံနက်​ကအ​စောကြ်ီး
ထတယ်​ ...။

ငါက..
အိပ်​မက်​နဲ့
စစ်​တိုက်​​နေချိန်​မှာ
နံနက်​က မပွင့်​ဟနိုင်​ဘူး..
နံနက်​ကိုဖွင့်​ဖို့
သော့​ပျောက်​​နေတယ်
်​ဆိုပါ​တော့ ...။

ငါက..
နေမင်းရဲ့ရဲရင့်​မှုကို
ကြုံးဝါးတုန်းရှိ​သေး
သူက..​တောင်​စွယ်​မှာ
မေးတင်​​နေ​လေပြီ..

ငါက..
သူ့ရဲ့အလှတရားကို
ဖွင့်​ဟသီဆိုချိန်
သူက​တော့တစ်​​နေရာမှာ..
ရှိပါ​စေ​တော့
လေ​ပြေအနမ်းကို
ငါရခဲ့လည်း..
လွမ်း​မောခြင်းက​တော့
ညခင်းနဲ့အတူ
ငါ့ကို ကျီစယ်​လို့
နံနက်​ကို ပုန်း​နေအုံးမှာပဲ ...။

~သူ့ရှင်​~

အ​မေ (N.L.W)

အမေ

အမေ
ခွဲခွာခဲ့တဲ့ရက်ပေါင်း
လတွေနှစ်တွေ အလီလီနှောင်းလို့
အခုဆို'နှစ်'နှစ်ဆယ်တိုင်ခဲ့ပါပြီ'အမေ
ရက်'လ'တွက်စစ် သက္ကရာဇ်တွေ
တရွေ့ရွေ့ကုန်ဆုံးခဲ့ပေမဲ့
လောကလွင်ပြင်ပေါ်သို့ရောက်အောင်
ပို့ဆောင်ပေးခဲ့တဲ့အမေရဲ့'ဂုဏ်'ဒြပ်ကို
သားနေစဉ်ရက်ဆက်
ရှိခိုးကန်တော့လျက်ပါ အမေ'
သြော်--အမေရယ်
ဇရာယွင်းယို အိုမင်းမစွမ်း
ဆံဖြူလို့သွားတွေကြွေ
ခါးကိုင်းလို့နားထိုင်းနေပါစေ
ပါးရေနားရေတွန့်လိမ်နေသော်လည်း
အမေရုပ်ရည်ကလှနေမြဲပါ'အမေ
အနေဝေးလို့ တပြည်တရွာစီ
ဝေးကွာနေရပေမဲ့
အမေ့မေတ္တာ ကရုဏာသံလေး
သားရင်မှာပဲ့တင်ထပ်လျက်ပါအမေ
နုနှယ်စဉ်ကလေးဘဝက'အမေ့ရင်မှ
ကရုဏာဒေါသနဲ့ဆဲဆိုကြိမ်းမောင်းသံ
ဒီချိန်မှာကြားချင်ပေမဲ့တမ်းတရုံသာ
ရှိမည်မဟုတ်လား
အမေရယ်

N L W

မမုန်းနိင်​ဘူး (သူ့ရှင်​)

မမုန်းနိင်​ဘူး
♥♥♥♥♥

ငါ့ဘဝသက်​တမ်း
တစ်​ဝက်​လမ်း​ရောက်​ပြီလို့​ပြောဖို့..
မနက်​ဖြန်​ဆိုတာ
ငါနှင့်​ဆိုင်​မဆိုင်
ငါမှမသိပဲ ..
ပင်​ယံကပန်းတစ်​ပွင့်
လေ​ဗွေမှာ ​ကြွေကာလွင့်​သလို
ဘဝဟာ ဖြုတ်​ခနဲ
မင်းကိုမနှုတ်​ဆက်​ရဘူးလို့
မ​ပြောနိုင်​ဘူး
ဒါ့​ကြောင့်​...
မင်းကမုန်းလည်း
မင်းကိုငါမမုန်းနိုင်​ဘူး..။

သူ့ရှင်

မေ့လို့မရ N.L.W

မေ့လို့မရ
******
မင်းမရှိတဲ့ရက်တွေ....
မင်းမရှိတဲ့နေ့တွေ....
မင်းမရှိတဲ့ ည တွေ....
ငါ့ မှာရူးသွတ်
အတွေးတွေနယ်ကျွံ
အလွမ်းတွေရင်ဝယ်ပိုက်ပြီး
မင်းဆီကရင်ဖွင့်သံလေး
ကြားရလေမလား မျှော်လင့်ရင်းပေါ့....
ချိုသာတဲ့မင်းအသံ နူးညံ့လှတဲ့မင်းအပြုံး
စက္ကန့်မိနစ်တိုင်းမှာ
ကြားယောင်မြင်ယောင်နေတော့
ဖြတ်လို့မရတဲ့သံယောဇဉ်
အမျှင်တန်းတွေက
မင်းအပေါ်ရစ်နှောင်နေပြီကွယ်
မင်းရဲ့ယုယကြင်နာမှုတွေနဲ့
ငါ့ဘဝရှင်သန်သွားပါရစေတော့လား
ချစ်သူရယ်

N L W

စောင့်​​နေလိုက်​ (W.Z.O)

***စောင့်နေလိုက်***

ချစ်သူ.... နင့်ကိုချစ်မိတဲ့ငါ့အဖြစ်က
တော်ဝင်ပန်းကို လှမ်းချူမိသူလိုပါ...
ထိုက်တန်၏မထိုက်တန်၏ငါမတွေးမိခဲ့...
တွေ့စ မြင်စ ကြင်နာစမှာတော့
မိုးမမြင်လေမမြင်နဲ့ပေါ့..တကယ်ပိုင်ဆိုင်မယ့်အရေးတွေးကြည့်မှ
ငါဟာ...မပြည့်စုံသေးပါလားဆိုတာ
သိခဲ့ရတယ်...
နင့်ကိုချစ်တဲ့ငါ့အချစ်က
ကြီးကျယ်ခမ်းနားပေမယ့်
ငါ့ဘဝက လောကအလယ်
မလန်းနိုင်သေးပါဘူးချစ်သူ...
ဒီလိုနဲ့ပဲ မျက်နှာမွဲငါ့အချစ်လည်း နင်စွန့်ပစ်သွားမှာပဲလို့ တွေးကြောက်နေလျက်ပါ...
ဒါပေမယ့်ချစ်သူ နင့်ဘက်ကနစ်နာနိုင်ပေမယ့်
သစ္စာကိုလက်ကိုင်ပြီး စောင့်နေလိုက်ပါ...
တစ်နေ့ ညာလက်ရုံးနဲ့အမေ့ကိုတွဲခေါ် ဘယ်လက်ရုံးနဲ့ ချစ်သူကိုပွေ့ဖက်
လိုတာတွေဆက်သနိုင်တဲ့ လူစားအဖြစ်နဲ့လာခဲ့မှာမို့ နင်စောင့်နေလိုက်ပါချစ်သူ
နင်စောင့်နေလိုက်...
w.z.o

အမေရှိလျင်


အမေရှိလျင်

အနန္တဂိုဏ်းဝင်
မွေးမိခင်ကို
ချစ်ခင်လေးစား
တန်ဖိုးထားပါ
လှုပ်ရှားသွားလာ
ဟန်မူရာသည်
အိမ်မှာပါ့ပျောက်
ထိုချိန်ရောက်မှ
ဆောက်တည်မရ
နောင်တရလျင်
ဘဝတစ်လျှောက်
ယူကျူံးမရဖြစ်လိမ့်မယ်

အယ်ဇင်ကို

တို့ပင်လယ်ရွာ

တို့ပင်လယ်ရွာ

ဆားငန်ရေနှောက် ငတ်တိုင်းသောက်က
သောက်လေသောက်လေ ငတ်မပြေဆီသို့
အချစ်'အချစ် မြင်တိုင်းချစ်က
ချစ်လေ'ချစ်လေ ချစ်မပြေဆိုပါလား...
သို့ပေမဲ့လည်း
ဒီပင်လယ်ထဲမှာပွင့်လန်း
ဒီပင်လယ်ကပန်းကို
မခူးမပန် မနမ်းမရှိုက်လိုပါ
သံသယအတွေး မလွဲချော်စေဖို့
တို့ရေးသည့်စာ တို့ကဗျာနှင့်
တို့ဝါသနာမို့.....
နားဝင်မချိုစေမည့် အသုံးအနှုန်း
နားခါးစေမည့် စကားလုံးတွေ
ပါခဲ့သော်ငြား ခွင့်လွတ်စာနာ
ဖတ်ပေးပါကွယ်
မရွှင်သောမျက်နှာ
မသာယာသောမျက်လုံးနဲ့
မကြည့်မိစေဖို့ မမုန်းတဲ့မေတ္တာ
ရွှင်ပြစွာပြုံး ယမုနာမြစ်က
ရွှေငါးလေးပမာ ကြင်နာယုယ
ဆီးကြိုနိုင်ပါစေကြောင်း
ငါဆုတောင်းလျက်
အမှားမြင်က ➳ အမှန်ပြင်ပေး
ထောက်ဆတွေး၍
ကြံပေးကြပါ
ပင်လယ်ရွာမှ
ပင်လယ်သူ/သား
အဇ်ကို'နှမများတို့ကွယ်
ခွင့်လွတ်ကြပါမှာခဲ့ပါချင့်
သယ်ရင်းတို့ကွယ်

N L W

စိုးစိတ်​ အယ်​​မော်

အသိမကြွယ်
နုနယ်​နှလုံးသား
ကွဲအစ်​သွား​အောင်
ရက်​စက်​ကာ​လေ
ထွက်​မသွားနဲ့​နော
အသည်းကွဲမှာစိုးလို့ပါ

ကြေကွဲခြင်း (N L W)

ကြေကွဲခြင်း

မင်းပျော်ပါစေ... ငါဆုချွေလျက်
ချစ်ခွင့်မပိုင် လွမ်းပိုင်ခွင့်မရှိ
နင့်အသိမို့ ရင်မှဖြစ်လာ
ဝေဒနာကား ဆထက်ပွား၍
တိုးမြဲတိုးလာ ဖြစ်ရရှာပေါ့
**ချစ်တဲ့စကား ပြောသော်ငြားလည်း
ရက်စက်စိမ်းကား နင့်စကားကြောင့်
ငါလေ......
သောကဘုံမှာ ကြေကွဲစွာနှင့်
မျက်ရည်တစ်စက် ရေတွက်မိတိုင်း
နင့်ခေါင်းပေါ်ရွက်ထား
အိုးထဲရေထက် များလှပါပြီ
မင်းလေးရယ်
ဒါကိုနင်သိနေလျက်
ကြေကွဲပါစေဆိုတဲ့ နင့်မာန
ငါဝမ်းနည်းမှ နင့်မှာပျော်
ဒီလိုဖြစ်မျိုး ဆယ်ဘဝဆယ်ကမ္ဘာ
ကြုံခဲ့ပါလည်း ဝေလာဝေး၍
မမြင်မတွေ့ မဆုံပါရစေနဲ့
မင်းလေးရယ်
ဖြေမဆည်နိုင် ကြွေယိုင်သည်းနုသူမို့
ကြေကွဲစကား ထပ်မကြားလိုပါ
ခဏတာ နင်နဲ့ငါကပြခဲ့တဲ့
ပြဇာတ်တစ်ပုဒ်ကို
ဒီမျှနဲ့သာရပ်လိုက်ပါတော့
မျက်ရည်ခန်းလုမတတ်
ခံစားခဲ့ရပြီ
ကြေကွဲဝမ်းနည်းစွာဖြင့်

N L W

Monday, May 12, 2014

မဆုံနိုင်တော့ပေမယ့်​ (အယ်​ခဲလူ)

မဆုံနိုင်တော့ပေမယ်
*************

ဆုံနိုင်ရန်လမ်းစ
မမြင်နိုင်တော့ပေမယ့်
မေ့ပျောက်ဖို့
အရမ်းခက်တယ်ကွယ်
သိပ်ချစ်ခဲ့တာကို
အပြစ်တစ်ခုလို့တောင်
ထင်မှတ်ချင်တော့တယ်
ထမင်းလုံးတစ္ဆေ
အချောက်ခံရသလို
ညညအိပ်မက် မက်ရာကနေ
ထ.,ထပြီးမင်းနာမည်ကို
အော်ခေါ်မိတာလည်း
ညဆက်တိုင်းလိုလိုပါဘဲ
မချစ်ခဲ့မိရင်
အကောင်းသားဆိုတဲ့
နောင်တတွေကတော့
ငါ့အဖြစ်ကိုကြည့်ပြီး
ပြောင်လို့လှောင်လို့ပေါ့
ငါ့အသိငါ့အတွေးတွေထဲက
မင်းနဲ့အမှတ်တရတွေ
အစွမ်းကုန်မောင်းထုတ်ခဲ့ပေမယ့်
ငါ့နှလုံးသားတစ်ထောင့်တစ်နေရာမှာ
အခြေအမြစ်ကျကျ
ခိုင်မြဲနေအောင်
မင်းကိုချစ်တဲ့
ငါ့ချစ်ခြင်းများက
အမုန်းတရားတိုက်စစ်တွေ
မဝင်ရောင်နိုင်အောင်
တပ်စွဲထား ထားလေတော့
ရှုံးနိမ်ပြီးပြန်ခဲ့ရတာလဲ
အကြိမ်ကြိမ်ပါဘဲ
ဟင်း....ရှိပါစေတော့လေ
ငါ့ချစ်တတ်ခြင်းတွေကိုဖက်တွယ်ရင်း
တုန့်ပြန်လို့အချစ်မခံရတဲ့ ဝေဒနာတွေကိုခံစားရင်း
ငါ့တော့အသေစောတော့မယ်ထင်တယ်
ဆုံနိုင်ရန်လမ်းစ
မမြင်တော့ပြီပဲကို......

Alkhaeluu

သက်ပျင်းပြင်းပြင်းတစ်ချက်

သက်ပျင်းပြင်းပြင်းတစ်ချက်
***************


ချောင်ကျကျတစ်နေရာ
မပီးဝိုးတဝါး
မဟူရာအဆင်းကို
အဖေါ်ပြုရင်း
မှိုင်တိုင်တိုင်ငိုင်နေတဲ့
လူတစ်ယောက်
တစ်ချက်တစ်ချက်လင်းလက်လာတဲ့
သူအကြည့်တွေမှ
မျော်လင့်ချက်ကင်းနေတဲ့
အဓိပ္ပါယ်တွေ
တစ်စီတစ်တန်းကြီးတွေ့ကိုတွေ့မိတယ်
သူဘေးမှာ ဟောင်းနွမ်းလွန်းနေတဲ့
တယောအိုလေးရယ်
အဖာပေါင်းများစွာနဲ့
အဆင်းမဲ့နေတဲ့ လွယ်အိတ်အိုလေးရယ်
ဒါတွေ သူ့အမွေဆိုင် သူပိုင်ပစ္စည်းထင်ပါရဲ့
ဒီလို သူ့ပုံကိုမှန်းဆတွေးရင်း
ပြန်မလို့လှည့်အထွက်
နုပျိုတဲ့တေးသွားနဲ့
လှပတဲ့သံစဉ်တွေ
ရုတ်တရက်လေပြေတွေနဲ့အတူ
စီးမျောလိုက်လာတယ်
သံစဉ်နဲ့တေးသွားတွေက
ခြေလှမ်းတိုင်းကို ဆွဲတန့်ထားသလိုပဲလား
သံစဉ်ပိုင်ရှင်ကို စူးစမ်းဖွေရှာကြည့်လိုက်တော့
ချောင်ကျကျတစ်နေရာမှ သူဖြစ်နေတယ်
ဒီလိုနဲ့ အတွေးတစ်စ
မထင်ရက်စရာ နေရာများမှာလဲ
လှပလွန်းတဲ့အလှတရားတွေ
ရှိနေတတ်ပါလားလို့
အတွေးကိုအဆုံးသတ်
သက်ပျင်းခပ်ပြင်ပြင်းတစ်ချက်
ချလိုက်မိတော့တယ်
ဟင်........


(အယ်​ခဲလူ)

အုံ့ပုန်း (ချစ်​မိုးညို)

အုံ့ပုန်း

တိတ်​တခိုအချစ်
ဝေဒနာဖြစ်​​တော့
ဖြေစရာ​ဆေး
ရင်​မှာေ​ဝး
အစဉ်​သာမ​ဆွေးပါရ​စေနဲ့
ကောင်​မ​လေး​ရေ.......

ချစ်​မိုးညိ

ကဗျာ​ရေးကြစို့ (အယ်​ဇင်​ကို)

ပညာမစုံ ဝါသနာထုံလို့
ကဗျာရေးစပ် ကာရံမထပ်
စာသားလှအောင် ရေးစပ်နေတာ
ဒီကဗျာပါ
ရင်မှာခံစားဒီစာသားကို
လှပအောင်ရေးကဗျာလေးပါ
လောကတခွင်အလှဆင်ဖို့
ကဗျာလက်သစ်ရေးကျစို့နော်

အယ်ဇင်ကို

``နည်းနည်း​လောက်​´´

``နည်းနည်း​လောက်​´´

မင်းရဲ့အိပ်​မက်​​တွေတိုင်းဟာ
ငါ့အတွက်​သာဖြစ်​ခဲ့ရင်
ဘယ်​လိုဒဏ်​ရာမျိုးမဆို
သူ့ဌာနနဲ့ပါပဲ....
အခု​တော့ဇီဝကရယ်​....
ကျွန်​​တော့်​အတွက်​နည်းနည်း​လောက်​။
မင်းရဲ့​နေ့ရက်​အချိန်​​တွေတိုင်းမှာ
ငါသာစက္ကန့်​​လေး​တွေဖြစ်​ခဲ့ရင်
ဘယ်​လိုရာစုနှစ်​မျိုးမဆို
သူ့ဌာနနဲ့သူပါပဲ.....
အခု​တော့နပိုလီယံ​ရေ
(ဝါတာလူးစစ်​ပွဲအတွက်​)
ကျွ​န်​​တော့်​ဆီကနည်းနည်း​လောက်​။
မင်းရင်​ထဲမှာသာ
ငါ့အတွက်​နှင်းဆီလှလှ​လေးတစ်​ပွင့်​ရှိ​နေခဲ့ရင်
ဘယ်​လိုရာသီပန်းမျိုးမဆို
သူ့ဌာနနဲ့သူပါပဲ.......
အခု​တော့ဂျက်​ကလင်း​ရေ
ကျွန်​​တော့်​ချစ်​သူအတွက်​နည်းနည်း​လောက်​။
ချစ်​မိုးညိ

Tuesday, May 6, 2014

ခြေလှမ်းများ ( နိုင်းနိုင်းစ​နေ)

ခြေလှမ်းများ ( နိုင်းနိုင်းစ​နေ)

ဒီခြေလှမ်းပဲ
အမှန်တရားဆီ ရွေ့လျားနေတယ်
ဒီခြေလှမ်းပဲ
ချောက်နက်ဆီ တွန်းပို့နေတယ်။

ဒီခြေလှမ်းပဲ
ဆင်းရဲတွင်းက ရုန်းထွက်နေတယ်
ဒီခြေလှမ်းပဲ
နွံနစ်အောင် ဆွဲခေါ်နေတယ်။

ဒီခြေလှမ်းပဲ...
အ​ရှေ့နေထွက်​ရာဖက်
ချီတက်နေကြတယ်
ဒီခြေလှမ်းပဲ အ​နောက်နေ၀င်​ရာဖက် ဦးတည်ချင်ကြတယ်။

ဒီခြေလှမ်းပဲ....
ကုဋေတစ်သန်း အဖိုးတန်တယ် ဒီခြေလှမ်းပဲ....
တစ်ကွက်အ​ရွေ့မှားရင်
အစားခံရတယ်

ရှေ့နဲ့နောက် လွန်ဆွဲနေတဲ့ ဒီခြေလှမ်းတွေမှာ.....
ချွေးတွေရှိတယ်၊ သွေးတွေရှိတယ် ရည်​ရွယ်​ချက်​​တွေရှိတယ်၊
ပန်းတိုင်​ရှ်ိတယ်၊ မြတ်နိုးခြင်းရှိတယ်၊ စွန့်လွတ် သီးခံခြင်းတွေရှိတယ်​၊ လောဘရှိတယ်၊ အတ္တရှိတယ် ဒေါသရှိတယ်၊ ရန်ငြိုးရှိတယ် ဆာလောင်​မှုတွေရှိတယ်။

ဆူးညှောင့် အတားအဆီးတွေကြောင့် အကြိမ်ကြိမ် ခလုတ်တိုက် လဲပြိုခဲ့လည်း ဒီခြေလှမ်းတွေမှာ အားမာန်​ရှိတယ် ပန်းတိုင်​ကို
မ​ရောက်မချင်း ရှေ့ဆက်လို့ လှမ်းကြမယ်။

မျက်ဝန်းလေးတစ်​ချက်(ကေ၀ိုင်​အမ်)

မျက်ဝန်းလေးတစ်​ချက်(ကေ၀ိုင်​အမ်)

မျက်ဝန်းလေးတစ်ချက်ဆုံဖို့အတွက် ရင်​ခုန်လွန်းစွာ စောင့်ဆိုင်းခဲ့ရ ချိန်ကာလ​တွေ ကြာညောင်းလည်းပဲ တစ်​ဘ၀လုံး ကုန်သွားပါစေ ကိုယ်ကျေနပ်တယ်

ခေါင်းလေးဘယ်ညာယမ်းခါပြီးတော့ မျက်ဝန်းလေးရဲ့ထောင့်စွန်းလေးက မကြည့်သလို ကြည့်သလိုနဲ့ မျှော်လင့်ချက်​ရဲလင်းရောင်ခြည်လေး ယှက်သန်းလာတာ မြင်​ရရုံနဲ့ ကိုယ်ကျေနပ်တယ်

မ​မျှော်လင့်ပဲ နေ့မှာလမင်း သာသလိုပင် နူးညံ့လှတဲ့ မျက်ဝန်းတချက် ဆုံတွေ့ရ​တော့ လက်​ရှိဘ၀ မေ့ပျောက်သွားအောင် ကိုယ်ပျော်လိုက်တာ

မာကျောလှတဲ့ ကျောက်သားတွေတောင်
ရေတစ်​​ပေါက်ချင်း ကျဆင်းဒဏ်ကို မခံနိုင်​တာ ကိုယ်လိုလူသားရဲ့ နူးညံလှတဲ့ နှလုံးသားက
မင်းရဲ့ အကြည့် တချက်တချက်
ဆုံဖန်​များသော မခံနိုင်အောင် ဖြစ်ခဲ့ရပြီ

အခုတော့လည်း
နှလုံးသားလေး ပေါက်ထွက်သွားပြီး စီဆင်းလာတဲ့ စမ်းချောင်းလေးက အပြာရောင်​နဲ့ ပေါက်ထွက်​ရှိန်ကြောင့် ဖြစ်ပေါ်လာတဲ့ သံစဉ်များက ကိုယ်ပြောပြမည် မင်းကိုချစ်သည်

ထပ်တူအချိုးကျ

ထပ်တူအချိုးကျ

မ​မေးနဲ့ ပြောပြပြီးသား ရင်​မှာဘယ်လောက်ချစ်ကြောင်းကို

မ​တွေးနဲ့ ဆုံးဖြတ်ပြီးသား ရင်​ဆိုင်​သွားမယ်အားလုံးကို

မသွားနဲ့ တောင်းဆိုပြီးသား ငါနဲ့ဝေးရာအရပ်ကို

မငြင်းနဲ့ပေးခဲ့ပြီးသား
နားလည်မှုနဲ့ ချစ်ခြင်းကို

မဟားနဲ့ ရှုံးနိမ့်ပြီးသား ချစ်ခြင်းအတိနဲ့ရင်​ထဲကို

ဒီလို
အရာရာခွင့်လွှတ် လက်ကျန်ကုန်အောင်ပေးထားလို့များ ဘာမှမသိ နတ္ထိလူသားအထင်​မှား
ငါ့ချစ်သူ မင်း .. ဖောက်ပြားရင်ဖြင့် ငါ၏ချစ်ခြင်း ပြောင်းပြန်ဆင်းလို့
အမုန်းနယ်နိမိတ်မှာ
တိတ်ဆိတ်စွာ အိပ်စက်ပစ်မယ်

ချစ်ခြင်းနဲ့ထပ်တူအချိုး ....

အလွမ်းများနဲ့ ``​နွေ´´ (ချစ်​မိုးညို)

အလွမ်းများနဲ့ ``​နွေ´´

ရွက်​​ဟောင်း​တွေပဲ့​ကြွေ
အလွမ်း​တွေတ​ငွေ့​ငွေ့​ဝေတဲ့ဒီ​နွေ
ဘယ်​လိုအရာ​တွေကိုဖဲ့​ချွေ​စေခဲ့သလဲ

နွေဆိုတာ...........
အနိစ္စတရားရဲ့ပြယုတ်​တစ်​ခုပဲ
ရှပ်​တိုက်​​ပြေးလွှား​ဆော့ကစား
သစ်​ရွက်​​ခြောက်​​လေးများရဲ့ဘာသာစကား
ဘယ်​လိုအရာ​တွေကို
ထိုး​ဖောက်​​မွှေ​နှောက်​​စေခဲ့သလဲ

နွေဆိုတာ..........
အထီးကျန်​​နေတဲ့ကမ္ဘ္ဘာငယ်​တစ်​ခုပဲ
ဖြတ်​သန်းရဦးမယ့်​ခရီးမှာ
ဖိနပ်​မပါ​ရေဗူးမပါ
ဘယ်​လိုအရာ​တွေက
ငါ့အတွက်​​အေးချမ်းမှုလဲ

နွေဆိုတာ.......
ပူပြင်း​ခြောက်​​သွေ့တဲ့
လွင်​ပြင်​ကျယ်​ကြီးတစ်​ခုပဲ
သတ်​ပုံ​တွေကမှားစိတ္တဇ​နွေညများထဲ
ဘယ်​လိုအရာ​တွေက
ငါ့အတွက်​​ဖြေ​ဆေးလဲ

နွေဆိုတာ.....
ဝေဒနာ​တွေအရည်​​ဖျော်​​ဖော်​စပ်​ထားတဲ့
အဆိပ်​တစ်​ခွက်​ပဲ
နွေတစ်​ခွင်​လုံးရင့်​​ရော်​​ဟောင်းနွမ်း
ခြောက်​​သွေ့ပူ​လောင်​တဲ့သူ့အနမ်းထဲ
ဘယ်​လိုသဘာဝ​တွေက
ငါ့အတွက်​အလှတရားလဲ

နွေဆိုတာ......
အလွမ်းသင့်​​နေတဲ့ပန်းချီကားတစ်​ချပ်​ပဲ
နွေဆိုတာ......
နွေဆိုတာ.......
နွေဆိုတာ.......
ပူ​လောင်​​ခြောက်​​သွေ့​သော
တ​ငွေ့​ငွေ့အလွမ်းဓာတ်​နဲ့
လူကိုတ​မြေ့​မြေ့ကျွမ်း​စေတဲ့
ဝေနဒနာဘုံဗိမ္မာန်​ပ..။

ချစ်​မိုးညို

ချစ်လျက်နဲ့ဝေး

ချစ်လျက်နဲ့ဝေး

ချစ်သူ
ခဏတာဝေး ငါ့ရင်ထဲဝယ်
သိပ်သိပ်လွမ်းမိ ချစ်မိသည်းညာ
တသက်တာမို့ ခဏဝေးလဲ
ငါ့ရင်ထဲမှာ မေ့ဖျောက်မရ
အလွမ်းစနှင့် တွေးလိုက်တိုင်း
နင့်အကြောင်း ချစ်ခြင်းတရားက
နင့်နဲ့ငါ အပေးအယူ မျှတနေပေမဲ့
ငါ့ရဲ့ရင်မှာ ငြိုညင်စိတ်တွေက
နင်အတွက်နဲ့ ဗျာပါဗွေနေရပါလား
ချစ်သူရယ်
ဆုံစည်းခွင့်ကို မျှော်လင့်ရင်းနဲ့
ရှင်သန်နေရတဲ့ ငါ့ဘဝမှာ
နီးနီးလေးပဲနေစေချင်
ထပ်မဝေးရအောင်ပေါ့
အခုတောလေ....
နီးနေလျက်နဲ့ ဝေးနေရသူအဖို့
ရင်ခုန်လှိုက်မောစွာနင်လာနိုးနိုး
မျှော်ကိုးရင်းပေါ့
ချစ်သူရယ်
နင်ငါ့ရင်ခွင်ဆီ ပြန်လာပါတော့

N L W

မင်းရှိမှပြည့်စုံမှာပါ

မင်းရှိမှပြည့်စုံမှာပါ

ညညအိပ်စက်ဖို့ ခေါင်းအုံးပေါ်
ခေါင်းချတဲ့အခါတိုင်း
ရင်ခုန်သံချိုချိုလေးတွေက
ကိုယ့်ကိုမေးတယ်
သူ့ကိုသိပ်ချစ်တာပဲလားတဲ့
ကိုယ်ဖြေလိုက်တယ်လေး
ကမ္ဘာပျက်တောင်
မပြယ်လွင့်နိုင်တဲ့
ခိုင်မြဲတဲ့ချစ်ခြင်းများစွာနဲ့
ချစ်တာပါလို့လေ....

အိပ်မက်တွေကလည်း
ထပ်မေးကြပြန်တယ်
သူ့ကိုသိပ်မြတ်နိုးတာပဲလားတဲ့
ကိုယ်ဖြေလိုက်ရပြန်တယ်
သူ့လောက်မြတ်နိုးစရာကောင်းသောအရာ
ဒီကမ္ဘာမှာရှိတယ်လို့တောင်
မထင်ဘူးလို့လေ....

သြော် ချစ်သူရယ်
နေရယ် လရယ်နေက္ခတ်တွေရယ်​...
တောတွေတောင်တွေ
စိမ့်စမ်း​ရေတွေရယ်​....
သစ်ပင်ပန်းမာလာတွေရယ်​.....
နွေ မိုး ဆောင်းရာသီဥတုတွေ
ဒါတွေပြည့်စုံပါမှ
ကမ္ဘာကြီးဟာ ပြည့်စုံလှပတယ်လို့ထင်ရပေမဲ့
ကိုယ်အတွက်တော့
မင်းလေးမရှိလို့မဖြစ်
မင်းလေးမရှိရင်မပြည့်စုံဘူးကွယ်
မင်းလေးသည်သာ
ကိုယ့်အသက် ကိုယ့်ကမ္ဘာ
ကိုယ့်ရဲ့ထောက်တည်းရာပါ
ချစ်သူရယ်။

အယ်​ခဲလူ

အင်းလေးကန်သာ

အင်းလေးကန်သာ

ရေဇလာထက်ဗွေ
တည်နေလူသား
စွမ်းပကားအံ့ဖွယ်
အသွယ်သွယ်ကို
မကွယ်စတမ်း
ရင်ဝယ်ထမ်းကာ
ကမ္ဘာ့အလယ်
ဝင့်ထည်စေသား။၊၊။

အသျှင်သီဟ (Inn lay)

**ချစ်သူသိပါစေ**


**ချစ်သူသိပါစေ**

ချစ်သူသိရဲ့လား.....
ငါ့ရဲ့စကားတွေ
မုသားမပါဘူးဆိုတာလေ.....

ချစ်သူသိရဲ့လား.......
တစ်သက်လုံးရည်စူး
ချစ်ထုံးမဖြေဘူးဆိုတာလေ......

ချစ်သူသိရဲ့လား......
တွေ့စကတည်းကရင်ခုန်သံ
ခုထိဆူညံနေဆဲဆိုတာလေ.....

ချစ်သူသိရဲ့လား......
တံတိုင်းတွေခြားပေမယ့်
မင်းအနားရောက်ဖို့
ကြိုးစားနေတယ်ဆိုတာလေ......

ချစ်သူရယ်....
သတိရခြင်း တမ်းတခြင်း လွမ်းဆွတ်ခြင်းတွေနဲ့
တို့နှစ်ယောက်ရဲ့ချစ်ခြင်းကို အမြဲအသက်သွင်းလျက် ဆက်ချစ်နေတယ်ဆိုတာလည်း
သိနိုင်ပါစေ........
ချစ်သူရယ်.,.,

w.z.o

**ချစ်သူသိပါစေ**

**ချစ်သူသိပါစေ**

ချစ်သူသိရဲ့လား.....
ငါ့ရဲ့စကားတွေ
မုသားမပါဘူးဆိုတာလေ.....

ချစ်သူသိရဲ့လား.......
တစ်သက်လုံးရည်စူး
ချစ်ထုံးမဖြေဘူးဆိုတာလေ......

ချစ်သူသိရဲ့လား......
တွေ့စကတည်းကရင်ခုန်သံ
ခုထိဆူညံနေဆဲဆိုတာလေ.....

ချစ်သူသိရဲ့လား......
တံတိုင်းတွေခြားပေမယ့်
မင်းအနားရောက်ဖို့
ကြိုးစားနေတယ်ဆိုတာလေ......

ချစ်သူရယ်....
သတိရခြင်း တမ်းတခြင်း လွမ်းဆွတ်ခြင်းတွေနဲ့
တို့နှစ်ယောက်ရဲ့ချစ်ခြင်းကို အမြဲအသက်သွင်းလျက် ဆက်ချစ်နေတယ်ဆိုတာလည်း
သိနိုင်ပါစေ........
ချစ်သူရယ်.,.,

w.z.o

Monday, May 5, 2014

ပြဿနာများနဲ့အချစ်


ပဿနာများနဲ့အချစ်

ရှင်းခွင့်​မကြုံ
ဆုံခွင့်​မ​ပေး
ဝေးသာ​ဝေး၍
ရင်​မှာတစ်​မျိုး
တိုး၍သာလျှင်
ကိုယ်​သာခံစားခဲ့ရ.......
ဘယ်​ချိန်​က​ရောက်
တံခါး​ခေါက်​၍
နှလုံးသားကို
ပိုင်​စိုးပါ၏
သူသိသာ​အောင်
ကြိုးစား​သော်​လည်း
နှလုံးသားကို
စိမ်း​ရောင်​ခြယ်​ရင်း
သူ​နေတတ်​တာ
ကိုယ်​သာသိခွင့်​ရခဲ့သည်
သူရင်​ထဲမှာ
ကိုယ်​ရှိ​နေတာ
သိသာတာမို့
ဘယ်​လိုပင်​​ဝေး
ဒီအသိ​လေးနဲ့
အစဉ်​​ကျေနပ်​​နေခဲ့ရသူပါ...

***ချစ်မိပြီ****

****ချစ်မိပြီ****

သိပ်ချစ်တာပဲ
မပြောရဲဘူး
ရင်ထဲသိမ်းထား
ချစ်စကားဖြင့်
ရက်လများစွာ
ရှည်လျှားကျန်ရစ်
တေမိဖြစ်လို့
အချစ်တွေဝေ
ကြေငြာဖိတ်ကြား
လှည်းသားငါးရာ
သယ်ယူပါလို့
စာလွှာပို့လိုက်ချင်ပြီ.........

(တောင်သာယာ)

Sunday, May 4, 2014

သံ​ယောဇဉ်

သံယောဇဉ်

ငါ့နှလုံးသားကို မြူးအောင်​လုပ်ပြီး
ရူးစေခဲ့တဲ့ ရစ်ပတ်နှောင်​ဖွဲ့ ချည်နှောင်​ထားတဲ့ကြိုးတစ်ချောင်း ဆွဲဖြတ်ဖို့ကြိုးစားလိုက်တိုင်း ဗြဟ္မာတန်ခိုးနဲ့နှစ်စတိုး
ပိုပိုပြီးတော့ငြိတွယ်
ငါ့မှာ …… ရုန်းထွက်ဖို့ခက်တယ် မင်းကြောင့်ဖြစ်တဲ့
သံယောဇဉ်ကြိုးရယ်​...

အချစ်​ကဗျာ

ပေပင်​တစ်​ပင်​ဟာ
သူ့တစ်သက်တာမှာ တစ်ကြိမ်ပဲအသီးသီးသတဲ့။

ကျီးကန်းမတစ်ကောင်​ဟာ သူ့တစ်သက်တာမှာ
တစ်​ကြိမ်ပဲသားပေါက်သတဲ့။

ပျားတစ်ကောင်​ဟာ
သူ့တစ်သက်တာမှာ တစ်ကြိမ်ပဲတုပ်နိုင်​သတဲ့။

မင်းက... ကျတော့ တစ်ကြိမ်မှာ ဥပေါင်းထောင်သောင်​မကချတတ်တဲ့
ငါးသ​လောက်တစ်ကောင်​လို လူပေါင်းများစွာကို ချစ်ခဲ့ပြီးပြီ။

စာအုပ်ပေါင်းများစွာကို ကိုက်ဖြတ်တတ်တဲ့ခြတစ်ကောင်​လို နှလုံးသားများစွာကို ဖျက်ဆီးခဲ့ပြီးပြီ။

အကြိမ်ပေါင်းများစွာ ဆက်တိုက်ပစ်ခတ်နိုင်​တဲ့ စက်သေနတ်တစ်လက်လို ပါးပေါင်းများစွာကိုရိုက်နှက်ခဲ့ပြီးပြီ။

ဒါ​ပေမဲ့...
တစ်သက်တာမှာ တစ်ကြိမ်သာပေါက်ကွဲနိုင်​တဲ့ လက်ပစ်ဗုံးနဲ့တူတဲ့
ငါ့နှလုံးသားရဲ့စနက်တံကိုတော့ မင်းကိုဖြုတ်ခွင့်​မ​ပေးနိုင်​​တော့ဘူး။

ဆန္ဒ( ဇင်​မင်းဝင်း )

ဆန္ဒ( ဇင်​မင်းဝင်း )

ကြင်​ခွင်​မရှိချင်နေပါ
မြင်​ခွင့်​တော့ရှိပါရ​စေ.... ပွေ့ဖက်ခွင့်​မရှိချင်နေပါ
တွေရတဲ့ရက်​ရှိပါရ​စေ...
နမ်းခွင့်မရှိချင်နေပါ
လွတ်လပ်စွာလွမ်းပါရ​စေ..
ချစ်သူဖြစ်ဖို့ထက်
ကိုရူးသွပ်မှု့ကိုအပြစ်လို့မယူဆရင်
ကျေနပ်ပါတယ်
ချစ်တတ်လို့ချစ်နေရတာကိုက ငါ့အတွက်တော့ချိုမြမြ ပျားရည်စက်လေးတွေပါ
ကောင်​မ​လေးရယ်

သတိထား..

သတိထား..

ရီဝေတဲ့အကြည့်...
ညို့မှိုင်းတဲ့မျက်ဝန်း... ပျော့ပျောင်းတီတာတဲ့စကား... ငြင်​သာတဲ့လှုပ်​ရှားမှုပုံစံ....
နှလုံးသားကို
တုန်ခါသွားလောက်​ရဲ့....။
သတိတော့ထား...
ဘယ်ပန်ချီရေးမမီတဲ့
သူ့နှုတ်ခမ်းတွေမှာ.... ထက်မြက်တဲ့ဓားသွားတွေရှိတယ်.....

တောက်​.....!

ချစ်ဆုံးရယ်...
အနမ်းတွေ ကောက်ခဲ့ပေမယ့်... အလွမ်းတွေ ပျောက်မသွားဘူး..... ပန်းတွေချောက်သွားတော့...
အချစ်က "တောက်"တဲ့......။

အချစ်ကဗျာ

အချစ်ကဗျာ

အမှတ်မထားပါနော်....
သိပ်ချစ်လွန်းလို့.. မင်းဆိုးသမျှခွှင့်လွှတ်ထားတာကို..... "ငတုံး"ဆိုတဲ့အသုံးအနှုန်းနဲ့...
ပြက်​ရယ်​ပြုရက်တယ်။
ရပါတယ်.. အချစ်အတွက် စုတ်ပြတ်သတ်အောင်
အ​ပြောခံရပါစေ...
အမှတ်မရှိတဲ့ ငါ့နှလုံးသားက...
မင်းကိုပဲ ဆက်ချစ်နေမိတယ်....။

အချစ် မီးရှူးတိုင်(ဘာသာပြန်ကိုထွန်း)

အချစ် မီးရှူးတိုင်(ဘာသာပြန်ကိုထွန်း)

အချစ်မီးရှူးတိုင်ကဘ၀ရဲ့
အ​မှောင်​ထုကို ဖယ်ရှား
သင်္ချိုင်းဂူကို
ပြန်​လည်​ရှင်​သန်စေတယ်။

ဒါပေမဲ့ အချစ်မီးရှူးတိုင်​ကို
လေဟာပြင်​မှာ
မျှော်ငေးသူတွေအ​ပေါ်
အကျိုးမဲ့မ​တောက်​ပ​စေနဲ့။

နေနဲ့လကဲ့သို့အကျိုးပြုသူကို ကျောမခိုင်းစေနဲ့။

အချစ်မီးရှူးတိုင်မရှိရင်
နေ့ရောညပါ
လမ်းရှာမ​တွေ့တဲ့သူဖြစ်လိမ့်မယ်။ ။

အချစ်​ရုံး​တော်

ကောင်းကင်​က..တရားသူကြီး
မြေကြီးက..သက်သေ
အပြစ်က......ချစ်မိလို့
ပုဒ်မက....1500
စီရင်​ချက်က...အသည်းကွဲစေ..... .။

"တစိမ်းတွေလို" (ညိမ်းညို)

"တစိမ်းတွေလို" (ညိမ်းညို)

ရင်းနှီးပြီးသားအရာတစ်ချို့ဟာ မရင်းနှီးတော့သလို သူစိမ်းဆန်စွာ ငါ့ကိုငေးကြည့်နေကြ တိုက်နေတဲ့​လေ​တောင် ရုတ်တရက်စိမ်းသွားပါရဲ့ စိမ်းလိုက်တာကွယ်.. အစိမ်းရင့်ရင့်ရာသီအိုထဲ
ပန်းက​လေးတစ်ပွင့် ပျံသန်းလာမယ်ဆိုရင်
အဲဒါ..မ​ကြွေတဲ့သစ္စာတရားပေါ့... ညီမ​လေးရယ်..
ကျန်​ရစ်ခဲ့တဲ့ခြေရာလေးတစ်စုံအ​ပေါ် လောကဓံကြိုးတစ်ချောင်းက
ဘယ်လိုများ ချည်နှောင်​လိုက်လေသလဲ
ငြင်းဆန်​ရခက်ခဲတဲ့ ကျေးဇူးသိတတ်မှုတွေကြားမှာ
ညီမ​လေး ကိုယ့်ကိုယ်ကို လောင်​ကျွမ်းခဲ့ရတာဆိုရင် အဲဒီအလင်းတန်းကို
ငါ့ရင်​ဘတ်ထဲကဖြတ်သန်းခွင့်ပြုပါ ညီမ​လေးရေ..
ဟောဒီလမ်းသွယ်လေးထဲမှာ အိပ်မက်တွေကို မျိုးစေ့ချခဲ့ဖူးတဲ့ ခြေရာလေးနှစ်စုံဟာ
အခုတော့..
အေးစက်၊ နာကျင်​စွာ အေးစက်လို့ပေါ့
မသိတတ်မှုများစွာနဲ့
ငါတို့ကို ကိုက်ခဲထားကြ​တော့မယ် တိုက်ခတ်နေတဲ့
လေစိမ်းတွေကြားမှာ
ခုတော့ ..ညီမ​လေးနဲ့ငါဟာ......
သူ..စိမ်း..တွေ..လို

"ဟောလီးဒေး"

  • "ဟောလီးဒေး"

လူတွေ ပျော်ပါးပြီး
ငါ့အ​ပေါ် ရောက်လာကြ။
လူတွေ ပျော်ပါးပြီး
ငါ့အ​ပေါ်က ထွက်သွားကြ။
မရနိုင်တော့တဲ့ အချိန်ကျ
ငါ့ကို တမ်းတကြ ။

နင်​နဲ့အတူ ထာဝရနေသွားမယ်

နင်​နဲ့အတူ ထာဝရနေသွားမယ်

ဘယ်တော့မှလမ်းမခွဲတဲ့
အချစ်တစ်ခု ငါရချင်​တယ်
ငြင်းခုန်နေပါစေ... စိတ်ကောက်နေပါစေ... ဝေးကွာနေပါစေ... အမြဲအတူရှိနေမယ်။

ဘယ်တော့မှလမ်းမခွဲတဲ့
အချစ်တစ်ခု ငါရချင်​တယ် ငါတို့အလုပ်များနေပါစေ...
ငါတို့ မောပန်းနေပါစေ... တစ်ယောက်ကိုတစ်ယောက်
တွေ့တာနဲ့ နွေးနွေးထွေးထွေး ပြုံးရယ်ပြပြီး
ရှေ့ဆက်လျှောက်လှမ်းသွားမယ်။

ဘယ်တော့မှလမ်းမခွဲတဲ့
အချစ်တစ်ခု ငါရချင်​တယ် တယိုတင်ယိမ်းလှမ်းလျှောက်နိုင် ချိန်အထိ၊ ဆည်းဆာနေဝင်​ချိန်အထိ၊ ဆံဖြူသွားကျိုးတဲ့အထိ....
ပြီးတော့ နင့်ရဲ့ပါးပြင်းကို အသာအယာပွတ်သပ်ပေးပြီး တိုးတိုးလေးပြောမယ်..
"နင်​နဲ့အတူ ထာဝရငါနေသွားမယ်"

ချစ်သူဖတ်​ရန် ( yone lay )

ချစ်သူဖတ်​ရန် ( yone lay )

တောကျွမ်းပါတယ်ဆိုတဲ့
မုဆိုးတွေတောင်
တခါတ​လေ....
သားကောင်အောက်မှာ ကျဆုံးတတ်တယ်

ရေပြင်​နဲ့ရင်းနှီးပြီးသား
တံငါတွေတောင်
တခါတ​လေ....
လှိုင်းတပိုးအောက်မှာ ကျဆုံးတတ်တယ်

တိုက်ခိုက်စွမ်းရည်​မြင့်မားတဲ့ စစ်သည်တော်တွေတောင်
တခါတ​လေ.....
ရန်သူအောက်မှာ
ကျဆုံးတတ်တယ်

ပါးနပ်ပါတယ်ဆိုတဲ့ လောင်းကစားဒိုင်တွေတောင်
တခါတ​လေ......
ထိုးသားအောက်မှာ ကျဆုံးတတ်တယ်

မြွေတွေနဲ့ယဉ်ပါးပြီးသား
အလမ္ပာယ်ဆရာတွေတောင်
တခါတ​လေ....
မြွေဆိပ်အောက်မှာ ကျဆုံးတတ်တယ်

အချစ်ရေးမှာ
ကျွမ်းကျင်​ပါတယ်ဆိုတဲ့ချစ်သူလည်း
ချွတ်ချော်တိမ်းပါးပြီး တခြားသူတွေရဲ့ စကားတွေနဲ့မကျဆုံးပါနဲ့

သို့ ....ချစ်သူ( ညီလေး )

သို့ ....ချစ်သူ( ညီလေး )

အလွမ်းဖြစ်သည်ရစ်ချည်သမျှ
အ​တွေးညစဉ် နင်​ရှိနေ၍
အရမ်းချစ်သည် ဖြစ်တည်သမျှ အလွမ်းညရှည် အိပ်မက်တွေနဲ့... အိပ်မက်နေချင်

နင်​ရယ်​ငါရယ်....
အိပ်မက်တမ်းချင်း လွမ်းရင်းနဲ့ပဲ တ၀ဲလည်လည် ညလယ်သန်းခေါင်
ငူ...ငေါင်...တိတ်...ဆိတ်
ကိုယ်,စိတ် ပင်​ပန်း နွမ်းရသမျှ တမ်းတည​တွေ နင်​ရှ်ိစေချင်
သြော်..... နင်​ရှိနေရင်...။ ။

လက် (ကဗျာဆရာ လှသန်း )

လက် (ကဗျာဆရာ လှသန်း )

လက်ဝတ်​ရတနာတွေနဲ့ ဘာမှမဆိုင်​တဲ့လက်
လက္ခဏာပညာရှင်တွေနဲ့
ဘယ်လိုမှမပတ်သက်တဲ့လက် ခုချိန်ထိဘာကိုမှ
မိမိရရမဆုပ်ကိုင်​မိသေးတဲ့လက် လက်ရေးလှလှရေးတတ်ပေမယ့် လက်ညိုးညွန်​ရာရေမဖြစ်ခဲ့တဲ့လက် အသားမာတတ်နေ​ပေမယ့် လက်​ခ​မောင်းမခတ်နိုင်သေးတဲ့လက် သဲအိတ်ထိုးရမှာဝန်လေးခဲ့တဲ့လက် မြွေတွင်းကိုမှနှိုက်ချင်နေတဲ့လက် အဲဒီလက်ကအဲဒီ့လက်ကို
လက်တို့ပြီးသတိပေးတယ် အဲဒီလက်ကအဲဒီ့လက်ကို
လက်ဖျားခါလိုက်တယ် တစ်နေ့လက်ချည်းပဲပြန်​ရမယ်ဆိုတာ
သေချာနေတဲ့လက် အဲဒီလက်ကအဲ့ဒီလက်ကို
လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။ ။

အေးရာအေးကြောင်း (ကဗျာဆရာလှသန်း)

အေးရာအေးကြောင်း
(ကဗျာဆရာလှသန်း)


ယုံသလိုနေခဲ့ပြီ ကြုံသလိုနေခဲ့ပြီ…။ ဈေးဆစ်ခံလိုက်​ရတဲ့ ပန်းချီကားတစ်ချပ်အတွက် ဈေးဆစ်သူရဲ့လျှာကိုပဲဖြတ်​ရမလား ပန်းချီဆရာရဲ့
လက်ကိုပဲဖြတ်​ရမလား….။ ကဗျာတွေရှင်​သန်​​ချင်​ရင်
ကဗျာဆရာတွေသေဖို့သာ
ပြင်​ပေ​တော့…။
ကိုယ့်အ​ကြောင်းကိုမေ့ထားချင်​လို့
သူများအ​ကြောင်း
လျှောက်ပြောနေတာ..။…။

ကြာပြီ ±±±±± တာရာမင်းဝေကဗျာ ( ၁ )

ကြာပြီ ÷÷÷÷တာရာမင်းဝေကဗျာ ( ၁ )

တစ်နေ့ပြီးတစ်နေ့ဆိုနေရတဲ့ သီချင်းပေမယ့်မပျင်းပါဘူး၊၊

ဘဝက ခြေဆင်းထိုင်နေရုံလေးနဲ့တော့ အဲဒီလိုမ​ပြောကြပါနဲ့၊၊

တောင်​စွယ်မှာနေကွယ်တာကို
မြင်​သားပဲ ၊၊

ဘာဖြစ်လဲ....
အဲဒီဓားကမလွဲခဲ့ဘူးဆိုရင်တောင် ငါကလဲမပြိုလဲခဲ့ပါဘူးကွယ် ၊၊

ကျောင်းဆင်းခေါင်းလောင်းသံကို မကြားရတာကြာပြီ ၊၊ တစ်ယောက်တစ်လမ်းစီ မသွားရတာလဲကြာပြီ ၊၊

ကိုယ်က တခြား ၊
သူကတခြား ဖြစ်နေခဲ့ကြ​ပေမယ့် ဘယ်သူမှမလွဲမှားခဲ့ကြတာလဲ
ကြာပြီ ၊၊

ဘာတွေ ဖြစ်ခဲ့ဖြစ်ခဲ့
ဘယ်သူတွေဘယ်လို ပြောပြော
ငါ့ အတွက်တော့ နေသံ ၊
လသံ ရောနေခဲ့တာကြာပြီ

စိတ်ပျက်လက်ပျက်(တာရာမင်းဝေ)

စိတ်ပျက်လက်ပျက်(တာရာမင်းဝေ)

ကျွန်တော်က​ပြောတော့ .. .. .. ချစ်သူကရယ်တယ်။

ကိုယ်သာ
သူ့လိုခွေးတစ်ကောင်​ဆိုရင်
မ​ဟောင်​ပါဘူးကွယ် ..။
စောင့်ဆိုင်းတိတ်ဆိတ်
မကိုက်ချင်​ရင်အိပ်နေမှာပေါ့လို့။

စကားအဆုံးမှာ
ကျွန်တော်က​တော့
ရှုးတည်တည်ပါပဲ
ချစ်သူကလည်း ရယ်မြဲရယ်လို့။

အနှိုင်းမဲ့ချစ်​သူ (Nyi Win Htut)

အနှိုင်းမဲ့ချစ်သူ (Nyi Win Htut)

မှားနတ်မောင်group facebook မှကူးယူဖေါ်ပြခြင်းဖြစ်​ပါသည်​။


ချစ်သူ...
သင့်အားပန်းတစ်​ပွင့်နဲ့မနှိုင်းလို
သင့်ကိုချစ်မိခြင်းသည်....
ကျွန်ုပ်အဖို့နမ်းရှိုက်
အလှဆင်​ရန်မဟုတ်ပါ....။

ချစ်သူ..
သင့်အားပန်းချီတစ်ချပ်နဲ့မနှိုင်းလို
သင့်ကိုချစ်မိခြင်းသည်
ကျွနု​ပ်အဖို့အလှကြည့်ပြီး လူတကာအားပြသရန်မဟုတ်ပါ...။

ချစ်သူ....
သင့်အားမှော်ဆရာတစ်ယောက်နဲ့မနှိုင်းလို
သင့်ကိုချစ်မိခြင်းသည်
ကျွနု​ပ်အဖို့သင့်ထံအပြုစားခံရန် ၀င်ရောက်လာခြင်းမဟုတ်ပါ...။

ချစ်သူ....
သင့်အားသီချင်းတစ်​ပုဒ်နဲ့မနှိုင်းလို
သင့်ကိုချစ်မိခြင်းသည် ကျွနု​ပ်အဖို့
အပျင်းပြေအသုံးချရန်မဟုတ်ပါ...။

ချစ်သူ....
သင့်အားကျွနု​ပ်တန်ဖိုးထားသော ချစ်ခြင်းနှင့်သာနှိုင်းလိုသည်

သင့်အားကျွနု​ပ်ချစ်ခြင်းသည်
ကျွနု​ပ်အဖို့ရိုးသားစွာ
ချစ်​​နေ​သောကြောင့်
ဖြစ်ပေါ်လာခြင်းဟုဝန်ခံရုံမှတစ်ပါး
အခြားမရှိပါ.....

ဘယ်လိုပြောရပါ့ (နိုင်းနိုင်းစ​နေ)

ဘယ်လိုပြောရပါ့ (နိုင်းနိုင်းစ​နေ)

မသွားပါနဲ့လို့ငါတားရင်​လည်း
သောကသာဖြစ်တော့မှာပဲ...
သွားတော့လေ လို့ဆိုပြန်​ရင်​လည်း
ငါ့အချစ် ဆုံးရှုံးရမှာပဲ....
ငါ့အနားမှာပဲ အမြဲနေဆို
မင်းထင်​မယ် ပိုဆိုင်​ချင်​တယ်လို့.... မင်းသေဘာအတိုင်းပေါ့ ဆိုပြန်​ရင်​လည်း
မင်းထင်​မယ် ငါဂရုမစိုက်ဘူးလို့....
ကောမ​လေးရေ.....
ငါပြောများ ပြောရဲရင်လေ....
မင်းမရှိဘဲ ငါမ​နေတတ်ဘူးကွာ....
အဲဒီလို ဆိုမိပြန်တော့လည်း
ကျိန်စာဆိုး တစ်ခုလိုပါပဲလား.....
ပြောပါ.... ငါမင်းကိုဘယ်လိုပြောရပါ့
ကောင်​မ​လေးရယ်​....

ကောင်းခြင်းဆိုးခြင်း ( Soeyadarnar )

""ကောင်းခြင်းဆိုးခြင်း""

အချစ်ရေ
ကောင်းသောစစ်ပွဲမရှိသလို
ဆိုးသောငြိမ်းချမ်းရေး
ဆိုတာမရှိပါဘူး
ကောင်းသောအသဲကွဲခြင်းမရှိသလို
ဆိုးသောမင်္ဂလာပွဲ ဆိုတာလည်းမရှိပါဘူး
ကိုယ်နဲ့မင်းဟာ
ကောင်းသောငြိမ်းချမ်းမှုတွေ့နဲ့
ကောင်းသောဆုံဆည်းခြင်းတွေကြားမှာ
ကောင်းသောမင်္ဂလာပွဲလေးကျင်းပကြမယ်
တနေ့နေ့မှပေါ့ကွယ်။
ချစ်ရသူလေးရယ်.,.....
Soeyadarnar

သိပ်ချစ်တယ်​ N L W

သိပ်ချစ်တယ်
************
ချစ်သူရယ်....
တိတ်ဆိတ်ငြိမ်သက်နေတဲ့ ငါ့နှလုံးသား
မင်းနှင့်ကျမှ ရင်တွေခုန်တတ်လာတယ်
*မင်းကိုမမြင်ရသည့်
နေ့ရက်တိုင်းမှာ
ငါ့မှာအရူးတစ်ယောက်လိုဖြစ်ခဲ့ရ
မင်းကိုချစ်တဲ့အချစ်က
အသက်နဲ့ထပ်တူထပ်မျှပါပဲ
ချစ်သူ
မင်းမရှိတဲ့နေ့တွေမှာ ငါ့နှလုံးသားက
ဆောက်တည်ရာ မရခဲ့ပါလားချစ်သူ
ရူးသွတ်သွတ်အတွေးတွေနဲ့
ငါ့ရဲ့စိတ်က
ဘာကြောင့်များ
မင်းဆီမှာလွင့်မျောသွားရတာလဲ
**မင်းကိုမျှော်ရ
စောင့်ရ'လွမ်းရတာလဲ
အမောပါလား ချစ်သူရယ်
သာယာလှတဲ့ မင်းအသံ
ဖြူစင်လှတဲ့ မင်းအပြုံးဟာ
တစ်သက်တာ မမေ့ရက်နိုင်ပါ
ချစ်သူ
နင်ငါ့ဆီပြန်လာတဲ့
နေ့ကိုမျှော်စောင့်လျက်ပါ

N L W

မျှော်​လင့်​မိတဲ့​နေ့က​လေး... ah win

အချိန်ကြာကြာ မျှော်လင့်ခဲ့ရတဲ့ တို့ရဲ့စိတ်ကူးလေး တစ်ကယ်ပြည့်မယ့်နေ့...
အချိန်ကြာကြာစောင့်စားခဲ့ရတဲ့ တို့ရဲ့ချစ်သူလေးနဲ့
စကားပြောခွင့်ရမယ့်နေ့....
အချိန်ကြာကြာတောင့်တမိနေတဲ့
ချစ်သူအနမ်းနွေးနွေးလေးရမယ့်နေ့.....
ချစ်သူလေးရဲ့ရင်ထဲကစကားတေ
အသေအချာ ကြားခွင့်ရမယ့်နေ့.....
တို့်ရင်ထဲက အပြောချင်ဆုံးစကားတွေ
ပြောခွင့်ရမယ့်နေ့......
အဲဒီနေ့တွေကို ငါမျှော်လင့်ရင်း
နင့်အပေါ် ငါဘယ်လောက်ထိ
ချစ်ခဲ့တယ်ဆိုတဲ့စိတ်နဲ့
အသက်ရှင်နေသမျှ
ငါမျှော်လင့်နေအုံးမှာပါချစ်သူ

လေလွင့်​ကဗျာ ah win

စိတ်တွေကလေလွင့်ခရီးစနှင်နေခဲ့ပြီ
ပြန်လည်စုစည်းဖို့
အားအင်တွေပေးလှည့်ပါချစ်သူ....
ဟိုး......ဝေးဝေးကမြင်နေရတဲ့တိမ်တိုက်
လေနှင်ရာသူတို့လွင့်ကြသလို
ငါ့စိတ်တွေထိန်းချုပ်မရအောင်
တစစီလွင်ြ့ပယ်ခဲ့ပြီချစ်သူ

မင်းအတွက်​ကဗျာ (ah win )

နေ့ဆိုမျှော်ငေး ညဆိုတွေးလျှက်
အဖြူရောင်စာရွက် မင်ပြာစက်နဲ့
မင်းအတွက်သာ ကဗျာများစွာ
ခံစားချက်တွေ အလွမ်းစာရေး
ဝေဒနာများ တွယ်တာရစ်ထား
ဖြေဆည်းမရ အလွမ်းစတွေ
လွမ်းကဗျာတွေ ရေးကာနေမယ်
ချစ်တဲ့မင်းတစ်ယောက်ေ
လးသိပါစေတော

ကဗျာ ၁ (ah win)

မဆုံနိုင်ဘူးဆိုတာသိနေပေမယ့်
ငါ ရူးသွပ်စွာ စွဲလန်းနေတယ်
ဝေးရမယ်ဆိုတာ သိနေပေမယ့် မိုက်မဲစွာ
ချစ်နေခဲ့တယ်
သာယာမှုကင်းမဲ့တဲ့လမ်း
ဆက်လျှောက်မိရင်
တိုနှစ်ယောက်လုံး
ကြေကွဲ နောင်တရလိမ့်မယ်

လမ်းခွဲခြင်း ၀မ်းနည်းခြင်း (တက္ကသိုလ်မြတ်မင်း)

လမ်းခွဲခြင်း ၀မ်းနည်းခြင်း
(တက္ကသိုလ်မြတ်မင်း)


တွေးလေတိုင်း မျက်​ရည်ဝိုင်း ရင်​လှိုင်းထက်က ကြင်​သူရေ
သူမကြင်​နာ ချန်ထားရက်လို့
ရင်​မှာလေခံစား..
ပေါက်ကွဲရင်းဗ​လောင်​ဆူတဲ့ နှလုံးသားတခွင်​မှာ အလွမ်းမိုးတွေ စွေခဲ့ပြီလေ...။

တသက်တာ မထိခိုက်ဖူးတဲ့
ဖြူစင်သော မေတ္တာတွေနဲ့
လွတ်လပ်စွာ နေထိုင်​ရင်း
ပန်းတစ်ပွင့်ကို နမ်းရှိုက်မိခဲ့တယ်.. အခုတော့....
မျှော်လေတိုင်းဝေး...
တွေးလေတိုင်းဆွေး...
ဒဏ်​ရာတွေရင်​မှာခစားရင်း ရင်​လှိုင်းခတ်သံတွေ
ဒီဇင်​ဘာညဆောင်းတစ်ညမှာ ရာသီမဟုတ်တဲ့မျက်​ရည်မိုးစက်တွေ ငိုချခဲ့ပြီလေ....။

ဆေးဆိုးထားတဲ့ ပန်းတစ်ပွင့်ကို နမ်းရှိုက်မိတဲ့ အမှားတစ်ခုက
ကုစားမရတဲ့ ရောဂါတစ်ခုဖြစ်ခဲ့
အဆိပ်​ရှိပါလျက်​သိသိရက်နဲ့
မပြင်ရတဲ့အနမ်းတစ်ပွင့်က
ခုံမင်​တပ်​မက်​ရင်းခရီးဆက်
မျက်​ရည်​စက်နဲ့ပူလောင်ရင်း နှင်းစက်တွေလည်း ပျောက်ကွယ်ခဲ့ပြီလေ..။

အ​ဖြေသိတဲ့ပုစ္ဆာက
မျဉ်းပြိုင်နှစ်ခုကြား
စည်းမျဉ်းတွေကာရံရင်း
အမှတ်တစ်...သင်္ခန်းစာတစ်​.... ပြီးဆုံးသွားခြင်းအဓိပ္ပာယ်လား...။

စည်းဝိုင်းတွေကာရံထား
မတူညီတဲ့ လမ်းနှစ်ခုကြား
ရွေးချယ်ခြင်းရလာဒ်က
လမ်းခွဲခြင်းတဲ့လား...။

လမ်းခွဲခြင်း ဝမ်းနည်းခြင်း နံရံတွေခြားလို့ကာရံ
တံတိုင်းတွေ စည်းချက်ချ.....
မညီမျှတဲ့ ဘဝ​ပေတံက
မျဉ်းပြိုင်နှစ်ခုကြားသင်္ခန်းစာ အသစ်တစ်ခုအတွက်
လမ်းခွဲခြင်း ရလာဒ်တဲ့လား...။

(တက္ကသိုလ်မြတ်မင်း)

သဘာဝ

ဝေဖို့ပွင့်​သမျှ
ကြွေလို့လွင့်ရတယ်
ပွင့်သူခြွေသူ
ဘယ်​တူမှာလဲ
အစဉ်ပဲလေ
ကြွေသမျှထက်ပွင့်ခဲ့တယ်

Thursday, May 1, 2014

လွမ်းတယ်

လွမ်းတယ်..

သတိရတိုင်းမင်းပို့ထားခဲ့တဲ့
စာလေးတွေပြန်ဖတ်​ရင်း
ငါကျေနပ်နေဆဲပါ

လမ်းခွဲခါနီးမင်းပြောခဲ့တဲ့
စကားလေးတစ်ခွန်း
ငါမှတ်မိ​နေ​သေးတယ်
ဖြစ်နိုင်​ရင်​သူငယ်ချင်းလို
နေကြရ​အောင်​တဲ့
ငါလက်ခံပေးခဲ့ပါတယ်

အခုတော့….
လွမ်းနေသူရင်​ထဲမှာ
မွန်းကျပ်နေတဲ့စကားလေးတွေကို
သူငယ်ချင်းလေးအဖြစ်နဲ့
တစ်ချိန်ကချစ်သူကို
ပြောချင်​ပါတယ်

ငါမင်းကို.....
တစ်​ရက်​မှမေ့လို့မရခဲ့ပါဘူး

တကယ်ပါ…
နင့်ကိုအချစ်ဆုံးလို့
သိလိုက်​ရချိန်မှာ
ငါ့ဘေးမှာနင်​မရှိတော့ဘူး…
တကယ်တော့ငါဟာ
အိမ်မက်တစ်ခုထဲက
လန့်နိုးလာသူပါ…

နင်​ဟာ....
ငါ့ကိုချစ်တတ်လာအောင်
သင်ပေးခဲ့သလို
ချစ်တတ်တော့မယ့်
အချိန်ရောက်တော့မှ
ငါ့အနားကခွဲပြီး
မုန်းတတ်လာအောင်​လည်း
လေ့ကျင့်ပေးသွားခဲ့တယ်…

နင့်ကိုအပြစ်မတင်​ပါဘူး
တကယ်တော့အပြစ်​ရှိသူဟာ
နင့်ကို(ချစ်မိခဲ့)ချစ်သွားခဲ့တဲ့ငါပါ…

ဘယ်ဆီဘယ်မှာမ​သေချာတဲ့
ဆုံနိုင်​ခွင့်​တစ်ခုကို
မျှော်ကိုးရင်းတွေ့ကြဖို့ဆိုတာ
မဖြစ်နိုင်​တဲ့အခါ
ငါ့အတွက်တော့
မင်းဓာတ်ပုံလေးကသာ
အလွမ်းပြေစရာပါ။

၁-ယောက်ထဲပါ။
၂-ယောက်မရှိပါဘူး။
၃-သုံးနေကျစကားမဟုတ်လို့ပါ။
၎-စားပေးပါ။
၅-ရင်​ထဲကိုဝင်ကြည့်ပါလား။
၆-ကပ်နေတယ်။
၇-ရက်ပတ်လုံးမင်းကိုလွမ်းလို့…...

မင်းကိုသိပ်ချစ်ခဲ့တာကိုတော့
ယုံပေးပါကွာ။

အမုန်းစည်းလေးခြားမှာစိုးတယ်

အမုန်းစည်းလေးခြားမှာစိုးတယ်

မမြင်​ရ,မ​တွေ့ရလို့Cool
မ​လေးနက်ဘူးထင်​လို့လား…. ပြောခဲ့တဲ့စကားတွေကို မုသားဖက်တယ်ထင်​လို့လား… ရင်​တွင်းကချစ်ခြင်းတွေကို အတုအ​ယောင်တွေလို့
ထင်​လို့လား…
အနေ​ဝေးလို့  သွေးအေးသွားမယ်ထင်​လို့လား
သံသယ​တွေပိုကဲလာရင် အမုန်းစည်းလေးခြားမှာစိုးမိတယ်…

Kiss နားလည်မှုလေးတွေနဲ့  အမုန်းမရှိတဲ့ကမ္ဘာလေးဆီ
လှမ်းချင်​လို့
ဒို့ လက်ကိုမြဲမြဲကိုင်​ထားစမ်းပါ… ယုံကြည်မှုလေးတွေနဲ့
အပြုံးဆက်ပြီးလှမ်းမှာပေါ့
ဒို့ ရင်​ထဲက​လေးနက်တဲ့ချစ်ခြင်းက မုသားဖက်တဲ့အတုအ​ယောင်
မဟုတ်တာမို့ အနေ​ဝေးရင်
သွေးအေးသွားဖို့  ဖြစ်နိုင်​ပါ့မလား…
စဉ်းစားလေ… ဒီတစ်ခါ…အမှိုက်ကားလာရင်… သံသယ​လေးတွေ
အရင်​သွားပစ်လိုက်နော်….

ကမ္ဘာမြေဆုံးတိုင်

ကမ္ဘာမြေဆုံးတိုင်

မျက်လုံးခြင်းဆုံ ရင်​ခုန်စွာဖြင့်
ဒီရင်အသဲ စွဲမြဲစေကွယ် သွေဖယ်ခြင်းတို့  နိဂုံးချုပ်ကို
ငါ့….ရင်​မှာစွဲ ရပ်စဲအောင်​လို့ မင်းက​စေစား
ထိုသို့ဆိုစေ......
ဆင်ခြေများကိုနှစ်မြုပ်.... ဂုတ်သွေးစုပ်လဲ
ကမ္ဘာမြေဆုံးတိုင်
ခံယူသွားမယ်…

ပျောက်ဆုံးခြင်း

ပျောက်ဆုံးခြင်း

မေးခွန်းတွေ ပြည့်နှက်နေလဲ
လိုချင်​တာ အ​ဖြေ​တွေမဟုတ်ခဲ့ဘူး
စကားလုံးတွေ အပြည့်ရှိနေလဲ ဖြေရှင်းချက်တွေ အထင်​မခံချင်​ဘူး

ကိုယ်မကျူးလွန်တဲ့ အမှားတွေအတွက် ဒဏ်ခတ်​ခံရဖန်များလာတော့ အားနာခြင်းဆိုတဲ့ဝေါဟာရ ငါ့သမိုင်းထဲက ပျောက်ကွယ်သွားတယ်....

ကြာပါပြီ.....ဒီလိုနဲ့ပဲ.....
ငါလဲ ငါမဟုတ်တော့တာ
နေ့,ရက်များစွာ ကြာနေပြီ …..

တကယ်လို့များ တစ်နေ့​နေ့မှာ

တကယ်လို့များ တစ်နေ့​နေ့မှာ

တခါတ​လေ ဘာမှမဟုတ်တဲ့ မာနဆိုတာတွေ
ခဏ​လောက်ဘေးဖယ်ထားပြီး
မင်းကိုအ​ပြေးလာတွေ့ချင်​မိတယ်...

ဘယ်လိုမှ ပြန်ဆက်လို့မရနိုင်တော့တဲ့ အပြီးသတ်ဇာတ်လမ်းတစ်ပုဒ်လို့ ဘယ်သူကသတ်မှတ်လိုက်တာလဲ..? တကယ်ဆို.....
အတ္တကိုယ်စီရှိကြတာမှန်သလို အ​လေးအနက်ထားချစ်ခဲ့ဖူးတာလဲ အ​သေအချာပဲ မဟုတ်လား …….

ပြန်လာခဲ့ပါလို့ ဘယ်တော့မှ ကိုယ်ကစတောင်းပန်မိမှာ
မဟုတ်ပေမဲ့ ယောင်ယောင်နိုးတဲ့ ညတိုင်းမှာ ရှိနေကျမင်းအရိပ်တွေကို ပြန်​ရလိုရငြား အားကိုးတကြီး
တောင်းတမိပြန်တယ်………

နုပျိုခြင်းရဲ့အနှစ်သာရကို အိုမင်းရင့်ရော်ချိန်ကျမှ နားလည်တယ်တဲ့....
ကျန်းမာခြင်းရဲ့တန်ဖိုးကို နေထိုင်​မကောင်းဖြစ်မှ
ပိုသိလာတယ်တဲ့ ..

မင်းအနားမှာ … အဖြည့်ခံအဖြစ်
ကိုယ်​ရှိခဲ့ဖူးတာတွေကို
ပြန်လိုချင်​လာတဲ့တစ်နေ့ကျ မင်းဘ၀မှာ … အားငယ်ဝမ်းနည်းနေမိတာမျိုးနဲ့ တိတ်တခိုး ကိုယ့်ကို သတိရ​နေခဲ့မယ်​ဆိုရင်​.....
(ချစ်သူရယ်) မ၀ံ့ရဲမှုတွေနဲ့ စိတ်ညစ်မခံပါနဲ့နော် ကိုယ်လဲမင်းလိုပါပဲလို့ အတ္တကင်းစွာဝန်ခံဖို့
(မင်းကို) နေ့ရှိသ​ရွေ့
ကိုယ်စောင့်နေမှာပါ........

စံချိန်​လွန်​အချစ်

စံချိန်​လွန်​အချစ်


``သူငယ်ချင်းတစ်ယောက်​က
မေးတယ်...”
နင်​သူ့ကို ``အဲဒီ့လောက်တောင် ချစ်တာလား” တဲ့…

ငါတစ်ခွန်းတည်း
ပြန်ဖြေလိုက်မိတယ်ချစ်​သူ….
”ဟင့်အင်း” လို့​​ပေါ့...
..................................
“ဟုတ်တယ်ချစ်သူ…ငါနင့်ကို အဲ့ဒီလောက်တောင် ဆိုတာထက် အများကြီးပိုချစ်တာ…..”