Sunday, May 4, 2014

နင်​နဲ့အတူ ထာဝရနေသွားမယ်

နင်​နဲ့အတူ ထာဝရနေသွားမယ်

ဘယ်တော့မှလမ်းမခွဲတဲ့
အချစ်တစ်ခု ငါရချင်​တယ်
ငြင်းခုန်နေပါစေ... စိတ်ကောက်နေပါစေ... ဝေးကွာနေပါစေ... အမြဲအတူရှိနေမယ်။

ဘယ်တော့မှလမ်းမခွဲတဲ့
အချစ်တစ်ခု ငါရချင်​တယ် ငါတို့အလုပ်များနေပါစေ...
ငါတို့ မောပန်းနေပါစေ... တစ်ယောက်ကိုတစ်ယောက်
တွေ့တာနဲ့ နွေးနွေးထွေးထွေး ပြုံးရယ်ပြပြီး
ရှေ့ဆက်လျှောက်လှမ်းသွားမယ်။

ဘယ်တော့မှလမ်းမခွဲတဲ့
အချစ်တစ်ခု ငါရချင်​တယ် တယိုတင်ယိမ်းလှမ်းလျှောက်နိုင် ချိန်အထိ၊ ဆည်းဆာနေဝင်​ချိန်အထိ၊ ဆံဖြူသွားကျိုးတဲ့အထိ....
ပြီးတော့ နင့်ရဲ့ပါးပြင်းကို အသာအယာပွတ်သပ်ပေးပြီး တိုးတိုးလေးပြောမယ်..
"နင်​နဲ့အတူ ထာဝရငါနေသွားမယ်"