Friday, May 16, 2014

စိတ္တဇ မိုးည ♥ အယ်​ပိုင်​♥

စိတ္တဇ မိုးည

တိတ်​ဆိတ်​ခြင်း​​တွေ​ပြေးလွှား​နေချိန်
မှောင်​မိုက်​ခြင်းကအိပ်​စက်​​နေဆဲ..
မိုးည၏တစ်​​ထောင့်​တစ်​ညပုံပြင်​​တွေကိုဖတ်​ပြီး
ငါ့ရဲ့အ​တွေး​တွေလည်း
စောင်​ခြုံ​ကွေးလို့
မိုးချုန်းသံတဒိန်းဒိန်းနဲ့
ကစဉ်​ကလျားဖြစ်​​နေတဲ့
ငါ့ရဲ့​မျှော်​လင့်​ခြင်း​တွေ
မိုးညရဲ့​မှောင်​မိုက်​ခြင်း​အောက်မှာ
ငို​ကြွေး​နေခဲ့...
အရည်​​ပျော်​​ကျ​နေတဲ့
ကဗျာတစ်​ပုဒ်​ကိုဆက်​​ရေးဖို့
ငါ့ရဲ့လက်​​တွေက​အေးမြလာတယ်​..
နှလုံးသားကိုငုံ့ကြည့်​​တော့
သူလည်းအရမ်း​ကြောက်​တယ်​တဲ့...


အယ်​ပိုင်