Sunday, May 4, 2014

ကြာပြီ ±±±±± တာရာမင်းဝေကဗျာ ( ၁ )

ကြာပြီ ÷÷÷÷တာရာမင်းဝေကဗျာ ( ၁ )

တစ်နေ့ပြီးတစ်နေ့ဆိုနေရတဲ့ သီချင်းပေမယ့်မပျင်းပါဘူး၊၊

ဘဝက ခြေဆင်းထိုင်နေရုံလေးနဲ့တော့ အဲဒီလိုမ​ပြောကြပါနဲ့၊၊

တောင်​စွယ်မှာနေကွယ်တာကို
မြင်​သားပဲ ၊၊

ဘာဖြစ်လဲ....
အဲဒီဓားကမလွဲခဲ့ဘူးဆိုရင်တောင် ငါကလဲမပြိုလဲခဲ့ပါဘူးကွယ် ၊၊

ကျောင်းဆင်းခေါင်းလောင်းသံကို မကြားရတာကြာပြီ ၊၊ တစ်ယောက်တစ်လမ်းစီ မသွားရတာလဲကြာပြီ ၊၊

ကိုယ်က တခြား ၊
သူကတခြား ဖြစ်နေခဲ့ကြ​ပေမယ့် ဘယ်သူမှမလွဲမှားခဲ့ကြတာလဲ
ကြာပြီ ၊၊

ဘာတွေ ဖြစ်ခဲ့ဖြစ်ခဲ့
ဘယ်သူတွေဘယ်လို ပြောပြော
ငါ့ အတွက်တော့ နေသံ ၊
လသံ ရောနေခဲ့တာကြာပြီ