ကြေကွဲခြင်း
မင်းပျော်ပါစေ... ငါဆုချွေလျက်
ချစ်ခွင့်မပိုင် လွမ်းပိုင်ခွင့်မရှိ
နင့်အသိမို့ ရင်မှဖြစ်လာ
ဝေဒနာကား ဆထက်ပွား၍
တိုးမြဲတိုးလာ ဖြစ်ရရှာပေါ့
**ချစ်တဲ့စကား ပြောသော်ငြားလည်း
ရက်စက်စိမ်းကား နင့်စကားကြောင့်
ငါလေ......
သောကဘုံမှာ ကြေကွဲစွာနှင့်
မျက်ရည်တစ်စက် ရေတွက်မိတိုင်း
နင့်ခေါင်းပေါ်ရွက်ထား
အိုးထဲရေထက် များလှပါပြီ
မင်းလေးရယ်
ဒါကိုနင်သိနေလျက်
ကြေကွဲပါစေဆိုတဲ့ နင့်မာန
ငါဝမ်းနည်းမှ နင့်မှာပျော်
ဒီလိုဖြစ်မျိုး ဆယ်ဘဝဆယ်ကမ္ဘာ
ကြုံခဲ့ပါလည်း ဝေလာဝေး၍
မမြင်မတွေ့ မဆုံပါရစေနဲ့
မင်းလေးရယ်
ဖြေမဆည်နိုင် ကြွေယိုင်သည်းနုသူမို့
ကြေကွဲစကား ထပ်မကြားလိုပါ
ခဏတာ နင်နဲ့ငါကပြခဲ့တဲ့
ပြဇာတ်တစ်ပုဒ်ကို
ဒီမျှနဲ့သာရပ်လိုက်ပါတော့
မျက်ရည်ခန်းလုမတတ်
ခံစားခဲ့ရပြီ
ကြေကွဲဝမ်းနည်းစွာဖြင့်
N L W