မျက်ဝန်းလေးတစ်ချက်(ကေ၀ိုင်အမ်)
မျက်ဝန်းလေးတစ်ချက်ဆုံဖို့အတွက် ရင်ခုန်လွန်းစွာ စောင့်ဆိုင်းခဲ့ရ ချိန်ကာလတွေ ကြာညောင်းလည်းပဲ တစ်ဘ၀လုံး ကုန်သွားပါစေ ကိုယ်ကျေနပ်တယ်ခေါင်းလေးဘယ်ညာယမ်းခါပြီးတော့ မျက်ဝန်းလေးရဲ့ထောင့်စွန်းလေးက မကြည့်သလို ကြည့်သလိုနဲ့ မျှော်လင့်ချက်ရဲလင်းရောင်ခြည်လေး ယှက်သန်းလာတာ မြင်ရရုံနဲ့ ကိုယ်ကျေနပ်တယ်
မမျှော်လင့်ပဲ နေ့မှာလမင်း သာသလိုပင် နူးညံ့လှတဲ့ မျက်ဝန်းတချက် ဆုံတွေ့ရတော့ လက်ရှိဘ၀ မေ့ပျောက်သွားအောင် ကိုယ်ပျော်လိုက်တာ
မာကျောလှတဲ့ ကျောက်သားတွေတောင်
ရေတစ်ပေါက်ချင်း ကျဆင်းဒဏ်ကို မခံနိုင်တာ ကိုယ်လိုလူသားရဲ့ နူးညံလှတဲ့ နှလုံးသားက
မင်းရဲ့ အကြည့် တချက်တချက်
ဆုံဖန်များသော မခံနိုင်အောင် ဖြစ်ခဲ့ရပြီ
အခုတော့လည်း
နှလုံးသားလေး ပေါက်ထွက်သွားပြီး စီဆင်းလာတဲ့ စမ်းချောင်းလေးက အပြာရောင်နဲ့ ပေါက်ထွက်ရှိန်ကြောင့် ဖြစ်ပေါ်လာတဲ့ သံစဉ်များက ကိုယ်ပြောပြမည် မင်းကိုချစ်သည်