Tuesday, May 13, 2014

မေ့လို့မရ N.L.W

မေ့လို့မရ
******
မင်းမရှိတဲ့ရက်တွေ....
မင်းမရှိတဲ့နေ့တွေ....
မင်းမရှိတဲ့ ည တွေ....
ငါ့ မှာရူးသွတ်
အတွေးတွေနယ်ကျွံ
အလွမ်းတွေရင်ဝယ်ပိုက်ပြီး
မင်းဆီကရင်ဖွင့်သံလေး
ကြားရလေမလား မျှော်လင့်ရင်းပေါ့....
ချိုသာတဲ့မင်းအသံ နူးညံ့လှတဲ့မင်းအပြုံး
စက္ကန့်မိနစ်တိုင်းမှာ
ကြားယောင်မြင်ယောင်နေတော့
ဖြတ်လို့မရတဲ့သံယောဇဉ်
အမျှင်တန်းတွေက
မင်းအပေါ်ရစ်နှောင်နေပြီကွယ်
မင်းရဲ့ယုယကြင်နာမှုတွေနဲ့
ငါ့ဘဝရှင်သန်သွားပါရစေတော့လား
ချစ်သူရယ်

N L W