မိုးဆမ်း ဇလပ်ပန်း (တက္ကသိုလ်မြတ်မင်း)
မိုးတွေ ကြွေဆဲနံနက်
အိပ်မက်က လန့်ကာနိုးထလာတဲ့လူ။
အတွေးကဆူ ရင်ကပူနဲ့
သန့်ကြည်မဲ့စိတ်
အိပ်ချင်မူးရီ အီတီဝေး၀ါး
မကြည်စိတ်များနဲ့။
(၀န်းကျင်ကလည်း)
မိုးစက်ရေကြား တိတ်ဆိတ်ငှက်သံ လေမထန်နေမပွင့် ဆိုင်းအုံ့ရစ်မှိုင်း
ရှစ်ခွင်တိုင်းလုံး ပိန်းပိန့်ဖုံးလို့။
(သည်လို) မှိုင်းတဲ့စိတ်
ဆိုင်းတဲ့ရာသီ မကြည်နှလုံး သည်တစ်မနက်လုံးမှာ
(ကျနော့်ကို) ငြိမ်းအေးစေတာက
ဇလပ်ပွင့်ပမာ သူ့မျက်နှာ။