Sunday, May 4, 2014

သိပ်ချစ်တယ်​ N L W

သိပ်ချစ်တယ်
************
ချစ်သူရယ်....
တိတ်ဆိတ်ငြိမ်သက်နေတဲ့ ငါ့နှလုံးသား
မင်းနှင့်ကျမှ ရင်တွေခုန်တတ်လာတယ်
*မင်းကိုမမြင်ရသည့်
နေ့ရက်တိုင်းမှာ
ငါ့မှာအရူးတစ်ယောက်လိုဖြစ်ခဲ့ရ
မင်းကိုချစ်တဲ့အချစ်က
အသက်နဲ့ထပ်တူထပ်မျှပါပဲ
ချစ်သူ
မင်းမရှိတဲ့နေ့တွေမှာ ငါ့နှလုံးသားက
ဆောက်တည်ရာ မရခဲ့ပါလားချစ်သူ
ရူးသွတ်သွတ်အတွေးတွေနဲ့
ငါ့ရဲ့စိတ်က
ဘာကြောင့်များ
မင်းဆီမှာလွင့်မျောသွားရတာလဲ
**မင်းကိုမျှော်ရ
စောင့်ရ'လွမ်းရတာလဲ
အမောပါလား ချစ်သူရယ်
သာယာလှတဲ့ မင်းအသံ
ဖြူစင်လှတဲ့ မင်းအပြုံးဟာ
တစ်သက်တာ မမေ့ရက်နိုင်ပါ
ချစ်သူ
နင်ငါ့ဆီပြန်လာတဲ့
နေ့ကိုမျှော်စောင့်လျက်ပါ

N L W