လွမ်းတယ်..
သတိရတိုင်းမင်းပို့ထားခဲ့တဲ့
စာလေးတွေပြန်ဖတ်ရင်း
ငါကျေနပ်နေဆဲပါ
လမ်းခွဲခါနီးမင်းပြောခဲ့တဲ့
စကားလေးတစ်ခွန်း
ငါမှတ်မိနေသေးတယ်
ဖြစ်နိုင်ရင်သူငယ်ချင်းလို
နေကြရအောင်တဲ့
ငါလက်ခံပေးခဲ့ပါတယ်
အခုတော့….
လွမ်းနေသူရင်ထဲမှာ
မွန်းကျပ်နေတဲ့စကားလေးတွေကို
သူငယ်ချင်းလေးအဖြစ်နဲ့
တစ်ချိန်ကချစ်သူကို
ပြောချင်ပါတယ်
ငါမင်းကို.....
တစ်ရက်မှမေ့လို့မရခဲ့ပါဘူး
တကယ်ပါ…
နင့်ကိုအချစ်ဆုံးလို့
သိလိုက်ရချိန်မှာ
ငါ့ဘေးမှာနင်မရှိတော့ဘူး…
တကယ်တော့ငါဟာ
အိမ်မက်တစ်ခုထဲက
လန့်နိုးလာသူပါ…
နင်ဟာ....
ငါ့ကိုချစ်တတ်လာအောင်
သင်ပေးခဲ့သလို
ချစ်တတ်တော့မယ့်
အချိန်ရောက်တော့မှ
ငါ့အနားကခွဲပြီး
မုန်းတတ်လာအောင်လည်း
လေ့ကျင့်ပေးသွားခဲ့တယ်…
နင့်ကိုအပြစ်မတင်ပါဘူး
တကယ်တော့အပြစ်ရှိသူဟာ
နင့်ကို(ချစ်မိခဲ့)ချစ်သွားခဲ့တဲ့ငါပါ…
ဘယ်ဆီဘယ်မှာမသေချာတဲ့
ဆုံနိုင်ခွင့်တစ်ခုကို
မျှော်ကိုးရင်းတွေ့ကြဖို့ဆိုတာ
မဖြစ်နိုင်တဲ့အခါ
ငါ့အတွက်တော့
မင်းဓာတ်ပုံလေးကသာ
အလွမ်းပြေစရာပါ။
၁-ယောက်ထဲပါ။
၂-ယောက်မရှိပါဘူး။
၃-သုံးနေကျစကားမဟုတ်လို့ပါ။
၎-စားပေးပါ။
၅-ရင်ထဲကိုဝင်ကြည့်ပါလား။
၆-ကပ်နေတယ်။
၇-ရက်ပတ်လုံးမင်းကိုလွမ်းလို့…...
မင်းကိုသိပ်ချစ်ခဲ့တာကိုတော့
ယုံပေးပါကွာ။
သတိရတိုင်းမင်းပို့ထားခဲ့တဲ့
စာလေးတွေပြန်ဖတ်ရင်း
ငါကျေနပ်နေဆဲပါ
လမ်းခွဲခါနီးမင်းပြောခဲ့တဲ့
စကားလေးတစ်ခွန်း
ငါမှတ်မိနေသေးတယ်
ဖြစ်နိုင်ရင်သူငယ်ချင်းလို
နေကြရအောင်တဲ့
ငါလက်ခံပေးခဲ့ပါတယ်
အခုတော့….
လွမ်းနေသူရင်ထဲမှာ
မွန်းကျပ်နေတဲ့စကားလေးတွေကို
သူငယ်ချင်းလေးအဖြစ်နဲ့
တစ်ချိန်ကချစ်သူကို
ပြောချင်ပါတယ်
ငါမင်းကို.....
တစ်ရက်မှမေ့လို့မရခဲ့ပါဘူး
တကယ်ပါ…
နင့်ကိုအချစ်ဆုံးလို့
သိလိုက်ရချိန်မှာ
ငါ့ဘေးမှာနင်မရှိတော့ဘူး…
တကယ်တော့ငါဟာ
အိမ်မက်တစ်ခုထဲက
လန့်နိုးလာသူပါ…
နင်ဟာ....
ငါ့ကိုချစ်တတ်လာအောင်
သင်ပေးခဲ့သလို
ချစ်တတ်တော့မယ့်
အချိန်ရောက်တော့မှ
ငါ့အနားကခွဲပြီး
မုန်းတတ်လာအောင်လည်း
လေ့ကျင့်ပေးသွားခဲ့တယ်…
နင့်ကိုအပြစ်မတင်ပါဘူး
တကယ်တော့အပြစ်ရှိသူဟာ
နင့်ကို(ချစ်မိခဲ့)ချစ်သွားခဲ့တဲ့ငါပါ…
ဘယ်ဆီဘယ်မှာမသေချာတဲ့
ဆုံနိုင်ခွင့်တစ်ခုကို
မျှော်ကိုးရင်းတွေ့ကြဖို့ဆိုတာ
မဖြစ်နိုင်တဲ့အခါ
ငါ့အတွက်တော့
မင်းဓာတ်ပုံလေးကသာ
အလွမ်းပြေစရာပါ။
၁-ယောက်ထဲပါ။
၂-ယောက်မရှိပါဘူး။
၃-သုံးနေကျစကားမဟုတ်လို့ပါ။
၎-စားပေးပါ။
၅-ရင်ထဲကိုဝင်ကြည့်ပါလား။
၆-ကပ်နေတယ်။
၇-ရက်ပတ်လုံးမင်းကိုလွမ်းလို့…...
မင်းကိုသိပ်ချစ်ခဲ့တာကိုတော့
ယုံပေးပါကွာ။