Wednesday, May 14, 2014

လမ်း (သူ့ရှင်​)

လမ်း

(၁)လမ်းသစ်​မထွင်
လမ်း​ဟောင်းပြင်​မှ
လိုရာခရီး
လျှင်​စွာပြီးလျှင်
လမ်းသစ်​မထွင်​ လမ်း​ဟောင်းပြင်​သင့်​ ။
(၂)လမ်း​ဟောင်းမပြင်
လမ်းသစ်​ထွင်​မှ
လိုရာခရီး
လျှင်​စွာပြီးလျှင်
လမ်း​ဟောင်းမပြင်​ လမ်းသစ်​ထွင်​သင့်​ ။
(၃)လမ်း​ဟောင်းမပြင်
သစ်​မထွင်​ပဲ
အရှိထိုလမ်း
လျှောက်​ကာလှမ်းမှ
လိုရာခရီး
လျှင်​စွာပြီးလျှင်
မပြင်​ မထွင်
ရှိတိုင်းနှင်​သင့်​ ။

သူ့ရှင်