နာရီစက်ဝိုင်း
ပြောင်းရွေ့တိုင်းလို
သတိတရ တမ်းတမိတယ် ကို
လေပြေတိုက်သံ
ကို,ခေါ်သံလား
ကို,များလားလို့
နားစွင့်ရင်မှာ
တမ်းတမိတယ် ကို
သစ်ရွက်ခြောက်ကြွေ
ခြေသံလေလား
ကိုများလားလို့
ထင်မှတ်နေမိတယ် ကို
ကိုရယ်,.....လောကထဲမှာ
ကိုယ့်ကိုစွဲလန်းနေတဲ့
စိုးအဖြစ်က.................
သိပ်ချစ်ပါတယ်
**ကို**ရယ်
အလွမ်းရှင်မလေး
စိုးရတနာ