ငါက..
ညခင်းကို
ိုဖက်တွယ်မိချိန်
နံနက်ကအစောကြ်ီး
ထတယ် ...။
ငါက..
အိပ်မက်နဲ့
စစ်တိုက်နေချိန်မှာ
နံနက်က မပွင့်ဟနိုင်ဘူး..
နံနက်ကိုဖွင့်ဖို့
သော့ပျောက်နေတယ်
်ဆိုပါတော့ ...။
ငါက..
နေမင်းရဲ့ရဲရင့်မှုကို
ကြုံးဝါးတုန်းရှိသေး
သူက..တောင်စွယ်မှာ
မေးတင်နေလေပြီ..
ငါက..
သူ့ရဲ့အလှတရားကို
ဖွင့်ဟသီဆိုချိန်
သူကတော့တစ်နေရာမှာ..
ရှိပါစေတော့
လေပြေအနမ်းကို
ငါရခဲ့လည်း..
လွမ်းမောခြင်းကတော့
ညခင်းနဲ့အတူ
ငါ့ကို ကျီစယ်လို့
နံနက်ကို ပုန်းနေအုံးမှာပဲ ...။
~သူ့ရှင်~