Tuesday, May 6, 2014

အလွမ်းများနဲ့ ``​နွေ´´ (ချစ်​မိုးညို)

အလွမ်းများနဲ့ ``​နွေ´´

ရွက်​​ဟောင်း​တွေပဲ့​ကြွေ
အလွမ်း​တွေတ​ငွေ့​ငွေ့​ဝေတဲ့ဒီ​နွေ
ဘယ်​လိုအရာ​တွေကိုဖဲ့​ချွေ​စေခဲ့သလဲ

နွေဆိုတာ...........
အနိစ္စတရားရဲ့ပြယုတ်​တစ်​ခုပဲ
ရှပ်​တိုက်​​ပြေးလွှား​ဆော့ကစား
သစ်​ရွက်​​ခြောက်​​လေးများရဲ့ဘာသာစကား
ဘယ်​လိုအရာ​တွေကို
ထိုး​ဖောက်​​မွှေ​နှောက်​​စေခဲ့သလဲ

နွေဆိုတာ..........
အထီးကျန်​​နေတဲ့ကမ္ဘ္ဘာငယ်​တစ်​ခုပဲ
ဖြတ်​သန်းရဦးမယ့်​ခရီးမှာ
ဖိနပ်​မပါ​ရေဗူးမပါ
ဘယ်​လိုအရာ​တွေက
ငါ့အတွက်​​အေးချမ်းမှုလဲ

နွေဆိုတာ.......
ပူပြင်း​ခြောက်​​သွေ့တဲ့
လွင်​ပြင်​ကျယ်​ကြီးတစ်​ခုပဲ
သတ်​ပုံ​တွေကမှားစိတ္တဇ​နွေညများထဲ
ဘယ်​လိုအရာ​တွေက
ငါ့အတွက်​​ဖြေ​ဆေးလဲ

နွေဆိုတာ.....
ဝေဒနာ​တွေအရည်​​ဖျော်​​ဖော်​စပ်​ထားတဲ့
အဆိပ်​တစ်​ခွက်​ပဲ
နွေတစ်​ခွင်​လုံးရင့်​​ရော်​​ဟောင်းနွမ်း
ခြောက်​​သွေ့ပူ​လောင်​တဲ့သူ့အနမ်းထဲ
ဘယ်​လိုသဘာဝ​တွေက
ငါ့အတွက်​အလှတရားလဲ

နွေဆိုတာ......
အလွမ်းသင့်​​နေတဲ့ပန်းချီကားတစ်​ချပ်​ပဲ
နွေဆိုတာ......
နွေဆိုတာ.......
နွေဆိုတာ.......
ပူ​လောင်​​ခြောက်​​သွေ့​သော
တ​ငွေ့​ငွေ့အလွမ်းဓာတ်​နဲ့
လူကိုတ​မြေ့​မြေ့ကျွမ်း​စေတဲ့
ဝေနဒနာဘုံဗိမ္မာန်​ပ..။

ချစ်​မိုးညို