တကယ်လို့များ တစ်နေ့နေ့မှာ
တခါတလေ ဘာမှမဟုတ်တဲ့ မာနဆိုတာတွေ
ခဏလောက်ဘေးဖယ်ထားပြီး
မင်းကိုအပြေးလာတွေ့ချင်မိတယ်...
ဘယ်လိုမှ ပြန်ဆက်လို့မရနိုင်တော့တဲ့ အပြီးသတ်ဇာတ်လမ်းတစ်ပုဒ်လို့ ဘယ်သူကသတ်မှတ်လိုက်တာလဲ..? တကယ်ဆို.....
အတ္တကိုယ်စီရှိကြတာမှန်သလို အလေးအနက်ထားချစ်ခဲ့ဖူးတာလဲ အသေအချာပဲ မဟုတ်လား …….
ပြန်လာခဲ့ပါလို့ ဘယ်တော့မှ ကိုယ်ကစတောင်းပန်မိမှာ
မဟုတ်ပေမဲ့ ယောင်ယောင်နိုးတဲ့ ညတိုင်းမှာ ရှိနေကျမင်းအရိပ်တွေကို ပြန်ရလိုရငြား အားကိုးတကြီး
တောင်းတမိပြန်တယ်………
နုပျိုခြင်းရဲ့အနှစ်သာရကို အိုမင်းရင့်ရော်ချိန်ကျမှ နားလည်တယ်တဲ့....
ကျန်းမာခြင်းရဲ့တန်ဖိုးကို နေထိုင်မကောင်းဖြစ်မှ
ပိုသိလာတယ်တဲ့ ..
မင်းအနားမှာ … အဖြည့်ခံအဖြစ်
ကိုယ်ရှိခဲ့ဖူးတာတွေကို
ပြန်လိုချင်လာတဲ့တစ်နေ့ကျ မင်းဘ၀မှာ … အားငယ်ဝမ်းနည်းနေမိတာမျိုးနဲ့ တိတ်တခိုး ကိုယ့်ကို သတိရနေခဲ့မယ်ဆိုရင်.....
(ချစ်သူရယ်) မ၀ံ့ရဲမှုတွေနဲ့ စိတ်ညစ်မခံပါနဲ့နော် ကိုယ်လဲမင်းလိုပါပဲလို့ အတ္တကင်းစွာဝန်ခံဖို့
(မင်းကို) နေ့ရှိသရွေ့
ကိုယ်စောင့်နေမှာပါ........