Tuesday, May 13, 2014

မမုန်းနိင်​ဘူး (သူ့ရှင်​)

မမုန်းနိင်​ဘူး
♥♥♥♥♥

ငါ့ဘဝသက်​တမ်း
တစ်​ဝက်​လမ်း​ရောက်​ပြီလို့​ပြောဖို့..
မနက်​ဖြန်​ဆိုတာ
ငါနှင့်​ဆိုင်​မဆိုင်
ငါမှမသိပဲ ..
ပင်​ယံကပန်းတစ်​ပွင့်
လေ​ဗွေမှာ ​ကြွေကာလွင့်​သလို
ဘဝဟာ ဖြုတ်​ခနဲ
မင်းကိုမနှုတ်​ဆက်​ရဘူးလို့
မ​ပြောနိုင်​ဘူး
ဒါ့​ကြောင့်​...
မင်းကမုန်းလည်း
မင်းကိုငါမမုန်းနိုင်​ဘူး..။

သူ့ရှင်