ထပ်တူအချိုးကျ
မမေးနဲ့ ပြောပြပြီးသား ရင်မှာဘယ်လောက်ချစ်ကြောင်းကိုမတွေးနဲ့ ဆုံးဖြတ်ပြီးသား ရင်ဆိုင်သွားမယ်အားလုံးကို
မသွားနဲ့ တောင်းဆိုပြီးသား ငါနဲ့ဝေးရာအရပ်ကို
မငြင်းနဲ့ပေးခဲ့ပြီးသား
နားလည်မှုနဲ့ ချစ်ခြင်းကို
မဟားနဲ့ ရှုံးနိမ့်ပြီးသား ချစ်ခြင်းအတိနဲ့ရင်ထဲကို
ဒီလို
အရာရာခွင့်လွှတ် လက်ကျန်ကုန်အောင်ပေးထားလို့များ ဘာမှမသိ နတ္ထိလူသားအထင်မှား
ငါ့ချစ်သူ မင်း .. ဖောက်ပြားရင်ဖြင့် ငါ၏ချစ်ခြင်း ပြောင်းပြန်ဆင်းလို့
အမုန်းနယ်နိမိတ်မှာ
တိတ်ဆိတ်စွာ အိပ်စက်ပစ်မယ်
ချစ်ခြင်းနဲ့ထပ်တူအချိုး ....