Tuesday, May 13, 2014

အ​မေ (N.L.W)

အမေ

အမေ
ခွဲခွာခဲ့တဲ့ရက်ပေါင်း
လတွေနှစ်တွေ အလီလီနှောင်းလို့
အခုဆို'နှစ်'နှစ်ဆယ်တိုင်ခဲ့ပါပြီ'အမေ
ရက်'လ'တွက်စစ် သက္ကရာဇ်တွေ
တရွေ့ရွေ့ကုန်ဆုံးခဲ့ပေမဲ့
လောကလွင်ပြင်ပေါ်သို့ရောက်အောင်
ပို့ဆောင်ပေးခဲ့တဲ့အမေရဲ့'ဂုဏ်'ဒြပ်ကို
သားနေစဉ်ရက်ဆက်
ရှိခိုးကန်တော့လျက်ပါ အမေ'
သြော်--အမေရယ်
ဇရာယွင်းယို အိုမင်းမစွမ်း
ဆံဖြူလို့သွားတွေကြွေ
ခါးကိုင်းလို့နားထိုင်းနေပါစေ
ပါးရေနားရေတွန့်လိမ်နေသော်လည်း
အမေရုပ်ရည်ကလှနေမြဲပါ'အမေ
အနေဝေးလို့ တပြည်တရွာစီ
ဝေးကွာနေရပေမဲ့
အမေ့မေတ္တာ ကရုဏာသံလေး
သားရင်မှာပဲ့တင်ထပ်လျက်ပါအမေ
နုနှယ်စဉ်ကလေးဘဝက'အမေ့ရင်မှ
ကရုဏာဒေါသနဲ့ဆဲဆိုကြိမ်းမောင်းသံ
ဒီချိန်မှာကြားချင်ပေမဲ့တမ်းတရုံသာ
ရှိမည်မဟုတ်လား
အမေရယ်

N L W