``နည်းနည်းလောက်´´
မင်းရဲ့အိပ်မက်တွေတိုင်းဟာ
ငါ့အတွက်သာဖြစ်ခဲ့ရင်
ဘယ်လိုဒဏ်ရာမျိုးမဆို
သူ့ဌာနနဲ့ပါပဲ....
အခုတော့ဇီဝကရယ်....
ကျွန်တော့်အတွက်နည်းနည်းလောက်။
မင်းရဲ့နေ့ရက်အချိန်တွေတိုင်းမှာ
ငါသာစက္ကန့်လေးတွေဖြစ်ခဲ့ရင်
ဘယ်လိုရာစုနှစ်မျိုးမဆို
သူ့ဌာနနဲ့သူပါပဲ.....
အခုတော့နပိုလီယံရေ
(ဝါတာလူးစစ်ပွဲအတွက်)
ကျွန်တော့်ဆီကနည်းနည်းလောက်။
မင်းရင်ထဲမှာသာ
ငါ့အတွက်နှင်းဆီလှလှလေးတစ်ပွင့်ရှိနေခဲ့ရင်
ဘယ်လိုရာသီပန်းမျိုးမဆို
သူ့ဌာနနဲ့သူပါပဲ.......
အခုတော့ဂျက်ကလင်းရေ
ကျွန်တော့်ချစ်သူအတွက်နည်းနည်းလောက်။
ချစ်မိုးညို
မင်းရဲ့အိပ်မက်တွေတိုင်းဟာ
ငါ့အတွက်သာဖြစ်ခဲ့ရင်
ဘယ်လိုဒဏ်ရာမျိုးမဆို
သူ့ဌာနနဲ့ပါပဲ....
အခုတော့ဇီဝကရယ်....
ကျွန်တော့်အတွက်နည်းနည်းလောက်။
မင်းရဲ့နေ့ရက်အချိန်တွေတိုင်းမှာ
ငါသာစက္ကန့်လေးတွေဖြစ်ခဲ့ရင်
ဘယ်လိုရာစုနှစ်မျိုးမဆို
သူ့ဌာနနဲ့သူပါပဲ.....
အခုတော့နပိုလီယံရေ
(ဝါတာလူးစစ်ပွဲအတွက်)
ကျွန်တော့်ဆီကနည်းနည်းလောက်။
မင်းရင်ထဲမှာသာ
ငါ့အတွက်နှင်းဆီလှလှလေးတစ်ပွင့်ရှိနေခဲ့ရင်
ဘယ်လိုရာသီပန်းမျိုးမဆို
သူ့ဌာနနဲ့သူပါပဲ.......
အခုတော့ဂျက်ကလင်းရေ
ကျွန်တော့်ချစ်သူအတွက်နည်းနည်းလောက်။
ချစ်မိုးညို