သက်ပျင်းပြင်းပြင်းတစ်ချက်
***************
***************
ချောင်ကျကျတစ်နေရာ
မပီးဝိုးတဝါး
မဟူရာအဆင်းကို
အဖေါ်ပြုရင်း
မှိုင်တိုင်တိုင်ငိုင်နေတဲ့
လူတစ်ယောက်
တစ်ချက်တစ်ချက်လင်းလက်လာတဲ့
သူအကြည့်တွေမှ
မျော်လင့်ချက်ကင်းနေတဲ့
အဓိပ္ပါယ်တွေ
တစ်စီတစ်တန်းကြီးတွေ့ကိုတွေ့မိတယ်
သူဘေးမှာ ဟောင်းနွမ်းလွန်းနေတဲ့
တယောအိုလေးရယ်
အဖာပေါင်းများစွာနဲ့
အဆင်းမဲ့နေတဲ့ လွယ်အိတ်အိုလေးရယ်
ဒါတွေ သူ့အမွေဆိုင် သူပိုင်ပစ္စည်းထင်ပါရဲ့
ဒီလို သူ့ပုံကိုမှန်းဆတွေးရင်း
ပြန်မလို့လှည့်အထွက်
နုပျိုတဲ့တေးသွားနဲ့
လှပတဲ့သံစဉ်တွေ
ရုတ်တရက်လေပြေတွေနဲ့အတူ
စီးမျောလိုက်လာတယ်
သံစဉ်နဲ့တေးသွားတွေက
ခြေလှမ်းတိုင်းကို ဆွဲတန့်ထားသလိုပဲလား
သံစဉ်ပိုင်ရှင်ကို စူးစမ်းဖွေရှာကြည့်လိုက်တော့
ချောင်ကျကျတစ်နေရာမှ သူဖြစ်နေတယ်
ဒီလိုနဲ့ အတွေးတစ်စ
မထင်ရက်စရာ နေရာများမှာလဲ
လှပလွန်းတဲ့အလှတရားတွေ
ရှိနေတတ်ပါလားလို့
အတွေးကိုအဆုံးသတ်
သက်ပျင်းခပ်ပြင်ပြင်းတစ်ချက်
ချလိုက်မိတော့တယ်
ဟင်........
(အယ်ခဲလူ)